နိုင်ငံတကာအမျိုးသမီးများနေ့ ရုရှားမှာ ပန်းများရောင်းအားကောင်း

နိုင်ငံတကာအမျိုးသမီးများနေ့ ရုရှားမှာ ပန်းများရောင်းအားကောင်း

မတ် ၈ ။        ။        ယနေ့ မတ်လ ၈ ရက်မှာတော့ နိုင်ငံတကာအမျိုးသမီးများနေ့ကို ကမ္ဘာတစ်ဝှမ်းမှာ နိုင်ငံအများအပြားမှာ  ကျင်းပကြပါတယ်။

ကမ္ဘာ့နိုင်ငံအသီးသီးအနက် ရုရှားမှာတော့ ယခုနှစ် ယင်းအမျိုးသမီးများနေ့ကျရောက်စဉ် ပန်းတွေ အထူးရောင်းအားကောင်းနေလျက်ရှိပါတယ်။

မတ်လရဲ့ ပထမဆုံးသီတင်းပတ်ထဲမှာပဲ မော်စကိုမြို့က Rizhsky ပန်းစျေးထဲမှာတော့ ဝယ်သူတွေနဲ့ ပျားပန်းခတ် စည်ကားနေလျက် ရှိပါတယ်။

ရုရှားမြို့တော်တွင်းက ကုမ္ပဏီလုပ်ငန်းတွေက အလုပ်ရှင်တွေအသီးသီးဟာ အဆိုပါ ပန်းစျေးတွင်းရှိ ခန်းမကျယ်ကြီးထဲ ကိုယ်စီရောက်လာကြပြီး မတ်လ ၈ ရက် နိုင်ငံတကာ အမျိုးသမီးများနေ့မှာ ၎င်းတို့တွေရဲ့ အမျိုးသမီးဝန်ထမ်းတွေကို လက်ဆောင်ပေးဖို့ ပန်းတွေ လာဝယ်ကြတယ်လို့ သိရပါတယ်။

မတ်လ ၈ ရက်မှာတော့ ရုရှားမှာ အများပြည်သူရုံးပိတ်ရက်အဖြစ် သတ်မှတ်ပြီး ယင်းနိုင်ငံတကာအမျိုးသမီးများနေ့ကို ကျင်းပပါတယ်။

သို့ပေမယ့် ယင်းနိုင်ငံမှာတော့ ခုလို နိုင်ငံတကာအမျိုးသမီးများနေ့ ကျရောက်ချိန်မှာ အမျိုးသမီး အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး ထုတ်ဖော်တာမျိုးထက်စာရင် ကျုလစ်ပန်းတွေ၊ နှင်းဆီပန်းတွေက ပိုပြီး ရှေ့တန်းရောက်နေပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီလို ရက်မျိုးမှာ ယင်းနိုင်ငံက ပန်းဒိုင်တွေကတော့ အမြတ်အစွန်း များများ ရလေ့ရှိတာတော့ အမှန်ပဲဖြစ်ပါတယ်။

 

Mizzima Weekly