၂၀၁၉ မကုန်မီ မြန်မာနိုင်ငံ၏ ၅၀ ရာခိုင်ႏႈန်း မီးလင်းရမည်ဟု အတိုင်ပင်ခံပြော

၂၀၁၉ မကုန်မီ မြန်မာနိုင်ငံ၏ ၅၀ ရာခိုင်ႏႈန်း မီးလင်းရမည်ဟု အတိုင်ပင်ခံပြော
ဓာတ်ပုံ - ဘုန်းနိုင်ဖြိုး၊ မဇ္ဈိမ

ရန်ကုန်၊ မတ် ၇ ။       ။     ယခုနှစ် (၂၀၁၉) မကုန်မီ မြန်မာနိုင်ငံ၏ ၅၀ ရာခိုင်ႏႈန်းကို မီးလင်းအောင်လုပ်မည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကပြောဆိုလိုက်သည်။

အတိုင်ပင်ခံပုဂ္ဂိုလ်၏ စစ်ကိုင်းတိုင်းဒေသကြီးခရီးစဉ် မတ်လ ၇ ရက်နေ့တွင် ထမံသီ၌ ပြည်သူလူထု နှင့်တွေ့ဆုံစဉ် ကတိပေး ပြောကြားလိုက်ခြင်းလည်းဖြစ်သည်။

“နေရာတိုင်းမှာ လိုအပ်ချက်တွေရှိတယ်။ တစ်ဆင့်ပြီးတစ်ဆင့်တိုင်းတော့ လုပ်သွားရမှာပဲ။ ရည်မှန်း ထားတာတော့ ဒီနှစ်မကုန်ခင်မှာဆိုလို့ရှိရင် မြန်မာနိုင်ငံ ၅၀ ရာခိုင်ႏႈန်းမီးလင်းမှုရမယ်” ဟု၄င်းကဆိုသည်။

ထို့အပြင် နောက်လာမည့်နှစ်များအတွင်း တစ်တိုင်းပြည်လုံးတွင် လျှပ်စစ်မီးရရှိရေးအတွက် စီမံကိန်းများ လုပ်ဆောင်နေသည်ဟုလည်း အတိုင်ပင်ခံကဆိုသည်။

“ အရင် ၃နှစ်လောက်တုန်းကဆိုရင် ၂၀ ရာခိုင်နူန်းကျော်ပဲရှိတယ်။ အရင်ထက်နှစ်ဆလောက်ပေါ့။ ရွာတွေရော မြို့တွေရော လျှပ်စစ်မီးရဖို့” ဟု ၄င်းကဆိုသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လျှပ်စစ်မီး မရရှိသည့် နေရာများတွင် လျှပ်စစ်မီး ရရှိပါက ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် စီးပွားရေး အခွင့်အလမ်းများ ရရှိလုပ်ကိုင်နိုင်မည် ဖြစ်သောကြောင့် ပြည်သူလူထုအား လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီး ရရှိရေး ဆောင်ရွက်ပေးမည် ဟုလည်း နိုင်ငံတော်၏ စွမ်းအင်မူဝါဒ ညှိနှိုင်းအစည်းအဝေးတွင်ပြောဆိုခဲ့ဖူးသည်။

လျှပ်စစ်သုံးစွဲမှုမှာ နှစ်စဉ် (၁၅)ရာခိုင်နှုန်းခန့် တိုးတက် သုံးစွဲနေပြီး ၂၀၂၀ ခုနှစ်တွင် (၁၀၀၀၀) မဂ္ဂါဝပ်ခန့်အထိ သုံးစွဲမှု တိုးတက်လာ နိုင်သောကြောင့် ရေရှည် စီမံကိန်း အနေဖြင့် ၂၀၃၀ ခုနှစ်အထိ နှစ်(၃၀) မဟာဗျူဟာ ရေးဆွဲ ဆောင်ရွက်လျက် ရှိပသည်ဟု လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှထုတ်ပြန်ထားဖူးသည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly