ဖျော်ဖြေရေး အေဂျင်စီနှင့် လက်တွဲ လုပ်ဆောင်သွားမယ့် ရိန်း

ဖျော်ဖြေရေး အေဂျင်စီနှင့် လက်တွဲ လုပ်ဆောင်သွားမယ့် ရိန်း

တောင်ကိုရီးယား သရုပ်ဆောင်မင်းသား ရိန်းသည် H  Entertainment အေဂျင်စီနှင့်အတူ လက်တွဲ လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြောင်း အောက်တိုဘာ ၁ ရက်က ပြည်တွင်း မီဒီယာတစ်ခုက သတင်း ထုတ်ပြန်သည်။

ရိန်းသည် စက်တင်ဘာလက Cube Entertainment  အေဂျင်စီနှင့် စာချုပ်သက်တမ်း ကုန်ဆုံးသွားပြီးနောက် ကိုယ်ပိုင်အေဂျင်စီ ထောင်သွားမည်ဟု ယခင်က ပြောကြားခဲ့သော်လည်း ယခုအခါ H Entertainment အေဂျင်စီနှင့် အတူ လက်တွဲ လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။

ရိန်းသည် ၎င်း၏ အနုပညာလုပ်ငန်းများ ပိုမိုကောင်းမွန်ရန် အေဂျင်စီနှင့် လက်တွဲလုပ်မှသာ စိတ်ချရမှု ရှိမည် ဟု ထင်ထားပုံ ရသည်။ ရိန်းသည် နိုဝင်ဘာလတွင် တရုတ်နိုင်ငံ မြို့များတွင် ရိုက်ကူးရေးများ စတင်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly