ဒလိုင်းလားမားကို တိဗတ်ပြည်သူတွေ မထောက်ခံကြတော့ဟု တရုတ် ပြောဆို

ဒလိုင်းလားမားကို တိဗတ်ပြည်သူတွေ မထောက်ခံကြတော့ဟု တရုတ် ပြောဆို

မတ် ၇ ။       ။   တိဗတ်မှာ ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားကို ထောက်ခံမှု သိပ်မရှိတော့ကြောင်း တရုတ်တာဝန်ရှိသူတွေက မတ်လ ၆ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

လက်ရှိ တိဗတ်ရှိ သာမန်ပြည်သူတွေကတော့ ၎င်းတို့အတွက် ပျော်ရွှင်စရာဘဝတစ်ခု ဆောင်ကြဉ်းပေးထားနိုင်တဲ့ ကွန်မြူနစ်ပါတီကိုသာ ကျေးဇူးတင်နေလျက် ရှိကြောင်း တရုတ် တာဝန်ရှိသူတွေက ပြောပါတယ်။

ဒလိုင်းလားမားကို အိန္ဒိယထံ ထွက်ပြေးခိုလှုံစေခဲ့ရတဲ့ မအောင်မြင်တဲ့ တရုတ်ဆန့်ကျင်ရေး ပုန်ကန်လှုပ်ရှားမှုကတော့ ယခုသီတင်းပတ်မှာ နှစ် ၆၀ ပြည့်သွားပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ကာလတွေအတွင်း ယင်း ဒေသမှာတော့ ပေကျင်းအစိုးရဘက်က နိုင်ငံရေး၊ဘာသာရေး ဖိနှိပ်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ဆက်တိုက်ထွက်ပေါ်ထားခဲ့ပါတယ်။

ဒါပေမယ့် တိဗတ်ပြည်သူတွေကတော့ လက်ရှိမှာ လွတ်လပ်စွာနေထိုင်နိုင်မှု အခွင့်အရေးတွေ ရရှိနေပြီး ယင်းဒေသ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုပါ ဖြစ်ထွန်းနေကြောင်း တရုတ်တို့က အခိုင်အမာ ဆိုပါတယ်။

" ပြည်ပြေးဖြစ်ပြီးကတည်းက ဒလိုင်းလားမားက တိဗတ်ပြည်သူတွေအတွက် ကောင်းကျိုးတစ်ခုမှ လုပ်မပေးနိုင်ခဲ့ပါဘူး၊ တိဘတ် ပြည်သူတွေ ရင်ထဲမှာတော့ ကွန်မြူနစ်ပါတီပဲ ရှိပါတော့တယ်"လို့ တိဗတ် ပါတီ အကြီးအကဲ ဝူယင်ကျဲက ပြောသွားပါတယ်။

သို့ပေမယ့်လည်း ပြီးခဲ့တဲ့ ၂၀၀၉ နောက်ပိုင်း ယင်းတိဗတ်ဒေသမှာ ပေကျင်းအစိုးရ ချုပ်ကိုင်ထားရှိမှုအပေါ် ကန့်ကွက်တဲ့အနေနဲ့ ပြည်သူ ၁၅၀ ကျော်ထက်မနည်း ၎င်းတို့ကိုယ်ကိုယ် မီးရှို့ပြီး ဆန္ဒပြမှုဖြစ်စဉ်တွေ ပေါ်ပေါက်ထားခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly