အင်ဒိုနီးရှား တိရစ္ဆာန်ရုံမှာ ကိုမိုဒိုနဂါး ကောင်ရေ ၇၀ ကျော် သားပေါက်လာ

အင်ဒိုနီးရှား တိရစ္ဆာန်ရုံမှာ ကိုမိုဒိုနဂါး ကောင်ရေ ၇၀ ကျော် သားပေါက်လာ

မတ် ၇ ။         ။     အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းအရှေ့ပိုင်းက ဆူရာဘာယာ တိရစ္ဆာန်ရုံမှာ ယခုနှစ် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလ ကြားကာလအတွင်း ကိုမိုဒိုနဂါးလို့ ခေါ်ကြတဲ့ ဖွတ် ကောင်ရေ ၇၄ ကောင်ထိ သားပေါက်ထားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ကိုမိုဒိုနဂါးတွေကတော့ လက်ရှိမှာ မျိုးသုဉ်းအန္တရာယ် စိုးရိမ်နေရတဲ့ သက်ရှိမျိုးစိတ်တွေဖြစ်ပြီး ကမ္ဘာ့အကြီးဆုံးနဲ့ အလေးလံဆုံး ဖွတ်ကြီးတွေ ဖြစ်ပါတယ်။

ယမန်နှစ်လယ်ပိုင်းကာလနောက်ပိုင်း ဥဖောက်သားဝပ်ထားခဲ့တဲ့ ဥပေါင်း ၁၁၄ ဥ ကနေ ယခု ကိုမိုဒိုဖွတ်နဂါး သားပေါက်လေးတွေ ပေါက်ဖွားလာတာဖြစ်ပါတယ်။

ယင်း ဥတွေကတော့ ကိုမိုဒိုနဂါး အမ ခုနစ်ကောင်ရဲ့ ဥတွေဖြစ်ပါတယ်။

ယခုအခါ ဆူရာဘာယာ တိရစ္ဆာန်ရုံမှာတော့ ကိုမိုဒိုနဂါး ကောင်ရေ ၁၄၂ ကောင်အထိ ရှိနေပြီ ဖြစ်ကြောင်း တိရစ္ဆာန်ရုံ တာဝန်ရှိသူ ချိုင်ရူလ် အန်ဝါက ပြောပါတယ်။

ယင်း ကိုမိုဒိုနဂါးတွေကိုတော့ အင်ဒိုနီးရှားအရှေ့ပိုင်းက ကျွန်းငယ် အများအပြားမှာ တွေ့ရလေ့ရှိပါတယ်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly