ပေကျင်း၊ မတ် ၇ ။ ။ ဟွာဝေးနည်းပညာကုမ္ပဏီရဲ့ ထုတ်ကုန််တွေနဲ့ ဝန််ဆောင်မှုတွေကို ဝယ်ယူသုံးစွဲတာကနေ အမေရိကန်အစိုးရဌာနတွေကို တားမြစ်တာအတွက် ကုမ္ပဏီအနေနဲ့ အမေရိကန်ကို တရားစွဲထားပြီ ဖြစ်ကြောင်း ဟွာဝေးကုမ္ပဏီက ကြာသပတေးနေ့မှာ ပြောပါတယ်။
“အမေရိကန်လွှတ်တော်ဟာ ဟွာဝေးထုတ်ကုန်တွေကို တားမြစ်ရတာနဲ့ ပတ်သက်ပြီး အချက်အလက််ခိုင််ခိုင််မာမာနဲ့ သက်သေပြတာမျိုး မရှိဘူး။ ကျွန်တော်တို့အနေနဲ့ ဒါကို တရားရေးအရ အရေးယူစွဲဆိုတာပဲ ဖြစ်တယ်။”လို့ ဟွာဝေးရဲ့ အလှည့်ကျဥက္ကဌဖြစ်သူ ဂွါပင်းက ပြောပါတယ်။
ဒါအပြင် အမေရိကန်ဟာ ဟွာဝေးရဲ့ ဆာဗာကို hack ပြီး ကုမ္ပဏီရဲ့ အီးမေးလ်တွေကိုလည်း ခိုးယူသွားခဲ့တယ်လို့ ၎င်းက စွပ်စွဲပါတယ်။ ဒါပေမယ့် စွပ်စွဲချက်နဲ့ ပတ်သက်ပြီး နောက်ထပ်အသေးစိတ်အချက်အလက်ကိုတော့ ၎င်းက ပြောကြားတာ မရှိပါ။
“အမေရိကန်အစိုးရဟာ ကျွန်တော်တို့ရဲ့ ဆာဗာကို ဟက်ကာဖောက်ဝင်ပြီး ကျွန်တော်တို့ရဲ့ အီးမေးလ်တွေကို code တွေကို ခိုးယူသွားခဲ့တယ်။”လို့ သတင်းစာရှင်းလင်းပွဲမှာ ဂွါပင်းက ပြောခဲ့ပါတယ်။
ဟွာဝေးကုမ္ပဏီဟာ တရုတ်အစိုးရရဲ့ လက်အောက်မှာ ရှိနေပြီး အချက်အလက်ခိုးယူတာတွေကို ၎င်းတို့အစိုးရအတွက် လုပ်ဆောင်ပေးနေတယ်ဆိုပြီး ဟွာဝေးထုတ်ကုန်တွေ မသုံးစွဲဖို့ အစိုးရဌာနဆိုင်ရာတွေကို တားမြစ်ထားတာ ဖြစ်ပါတယ်။