ဓာတ်သတ္တုထုတ်လုပ်မှုမှ အခွန်အပြည့်အဝရရှိရန် အစိုးရကို တိုက်တွန်း

ဓာတ်သတ္တုထုတ်လုပ်မှုမှ အခွန်အပြည့်အဝရရှိရန် အစိုးရကို တိုက်တွန်း

ပုသိမ်၊ မတ် ၆ ။          ။ ဓာတ်သတ္တုထုတ်လုပ်နေမှုများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရန် စည်းကမ်းသတ်မှတ်ချက်များ နှင့်အညီထုတ်လုပ်စေရေး နိုင်ငံအခွန်ဘဏ္ဍာအပြည့်အဝရရှိရေး ထိန်းကျောင်းကြပ်မတ်ဆောင်ရွက်ရန် အစိုးရ သို့ တိုက်တွန်းကြောင်း အဆိုတစ်ခုကို လေးမျက်နှာမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစိုးခိုင်က တင်သွင်းခဲ့သည်။

ယင်းအဆိုအား မတ်လ၅ရက်နေ့ကကျင်းပခဲ့သော ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ၁၆ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။

“သက်ဆိုင်ရာတာဝန်ရှိသူများ၏ လုပ်ငန်းနှင့်ပတ်သက်စပ်ဆိုင်သည့် ပညာရပ်ဆိုင်ရာ သဘောထားမျိုးသာ ဖြစ်သင့်ပါတယ်။ အခွင့်အရေးတစ်ရပ် အနေနဲ့ အသုံးချတဲ့ ဆက်ကြေးတောင်း၊ ငွေညှစ်သည့်ပုံစံမျိုး လုံးဝ မဖြစ်သင့်ဘဲ ခေတ်ပြောင်း၊စနစ်ပြောင်းသင့်ပြီဖြစ်ပါတယ်။ လုပ်ငန်း လိုင်စင်ရယူလျှောက်ထားခြင်းမရှိဘဲ သက် ဆိုင်ရာတာဝန်ရှိသူအဆင့်ဆင့်နဲ့ အဆင်ပြေအောင်ဖန်တီးပြီး တရားမဝင်ဓာတ်သတ္တုအမြောက်အမြား ထုတ် လုပ်နေမှုများ နေရာအနှံ့အပြားတွင် တွေ ့မြင်နေကြရပါတယ်။ စည်းကမ်းမဲ့ ထုတ်လုပ်နေကြတဲ့အတွက် ချောင်းပြို၊ ကမ်းပြို လူလုပ်ဘေးများ ဆိုးဆိုးရွားရွား ကြုံတွေ ့ခံစားနေကြရပြီး ဖြစ်ပါတယ်။ တောင်ကျောက်စရစ် များကိုလည်း လိုင်စင်လျှောက်ထားရယူခြင်းမရှိဘဲ လွန်ကျူးစွာထုတ်ယူနေကြပြီး တောတောင်တွေပြုန်းလို့ သဘာဝပတ်ဝန်းကျင်ကို များစွာထိခိုက်စေမှာဖြစ်ပါတယ်”ဟု ဦးစိုးခိုင်က ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် တွင် ဆွေးနွေးခဲ့သည်။

 ထို့အပြင်၂၀၁၈ခုနှစ်အတွင်း ဟင်္သာတမြို့နယ်တွင် ကျောက်ခိုးထုတ်စက်လှေများအား သွားရောက်ဖမ်းဆီးရာ တရားခံများအား ဖမ်းဆီးနိုင်ခဲ့သော်လည်း တုတ်၊ဓားလက်နက်တို ့ဖြင့် လူအုပ်ကြီးမှ ခြိမ်းခြောက် အကြပ်ကိုင် သဖြင့် တရားခံများ ပြန်လွှတ်ပေးခဲ့ရကြောင်း တရားဥပဒေစိုးမိုးမရှိခြင်းကို ဖော်ပြနေပြီး အစိုးရဂုဏ်သိက္ခာ ကျဆင်းစေကြောင်း ထည့်သွင်းဆွေးနွေးခဲ့သည်။

 “မြစ်ချောင်းဖြိုးဌာန၏ ပညာရပ်ဆိုင်ရာ သဘောထားမှတ်ချက်တွင်လည်း ဒေသခံပြည်သူများမှ သဘော မတူပါက ခွင့်မပြုသင့်ပါဟုထည့်သွင်းရေးသားထားခြင်းသည် ဒေသခံပြည်သူများကို အဂတိတရား ကျူးလွန် အောင် တွန်းပို့နေသလိုဖြစ်နေတယ်။ ပညာရပ်ဆိုင်ရာအမြင်ကိုသာ တိကျစွာရေးသားစေသင့်ပါတယ်၊ နိုင်ငံ တော် ဘဏ္ဍာအခွန်ငွေကောက်ခံရရှိတဲ့ လုပ်ငန်းဖြစ်သည့်အတွက် ဥပဒေနှင့်အညီ တာဝန်ယူမှုတာဝန်ခံမှုရှိရှိ ဆောင်ရွက်စေသင့်ပါတယ်”ဟု ဦးစိုးခိုင်က အဆိုအား လွှတ်တော်တွင်ဆွေးနွေးခဲ့သည်။

 ထို့အပြင် ဓာတ်သတ္တုခွန်ကောက်ခံရရှိမှုမှာ အမှန်တကယ်ထုတ်လုပ်နေမှု အရေအတွက်ထက် များစွာ လျော့့့ နည်းနေကြောင်း အုတ်လုပ်ငန်းများကို ကျေးရွာအနှံ့တွေ ့ရှိနေရသော်လည်း ကောက်ခံရရှိသည့်အခွန်မှာ လွန်စွာနည်းပါးနေကြောင်း လမ်းခင်းကျောက်မျိုးစုံနှင့် သဲထုတ်လုပ်မှုတွင်လည်း အခွန်များစွာ တိမ်းရှောင် နေကြကြောင်း လမ်းဦးစီးဌာနတင်ဒါပွဲတွင် ချောင်းကျောက်စရစ် ကျင်း၆၀၀၀ တင်ဒါအောင်မြင်သော်လည်း  နိုင်ငံတော်သို ့ကျင်း၅ဝဝသာ အခွန်ဆောင်သောကြောင့် လွှတ်တော်တွင်ထောက်ပြဆွေးနွေးမှသာ အခွန် ကျန်ငွေ ထပ်မံပေးသွင်းခဲ့ရသည့် ဖြစ်စဉ်ဖြစ်ပေါ်ခဲ့ဖူးကြောင်း အခွန်တိမ်းရှောင်ရန် အဂတိတရားကျုးလွန် နေမှုနှင့် ထုတ်ယူသည့် အရေအတွက်အလိုက် အခွန်ပေးဆောင်စေရန် အစိုးရအနေဖြင့် ကြပ်မတ်စစ်ဆေး ဆောင်ရွက်သင့်ကြောင်း လေးမျက်နှာမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင်က အဆိုတွင် ထည့်သွင်းဆွေးနွေးခဲ့သည်။

 

ဓာတ်သတ္တုတူးဖေ်ခြင်းလုပ်ငန်းတွင် အုတ်၊သဲနှင့် လမ်းခင်းကျောက်များ ဖြစ်သည့်မြစ်ကျောက်စရစ်၊ ချောင်း ကျောက်စရစ်၊တောင်ကျောက်စရစ်နှင့်ကျောက်ကြီးများ ပါဝင်ပြီး ဓာတ်သတ္တုတူးဖော်ထုတ်လုပ်လိုမှုမှ ဒေသ ခံပြည်သူများ၏ သဘောတူညီချက်၊ရပ် ကျေးအုပ်ချုပ်ရေးမှူး ထောက်ခံချက်၊ ဌာနဆိုင်ရာများ၏ သဘောထား မှတ်ချက်နှင့်ထောက်ခံချက်များဖြင့် လိုင်စင်လျှောက်ထားရခြင်းဖြစ်ပြီး တစ်နှစ်သက်တမ်းရှိသော လိုင်စင် ချထား ပေးခြင်းဖြစ်သည်။

 

လေးမျက်နှာမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင် တင်သွင်းသည့်အဆိုအား တိုင်း အစိုးရက လွှတ်တော်တွင်ဆွေးနွေးရန် ထောက်ခံပြီး၊တိုင်းဒေသကြီးလွှတ်တော်က ဆက်လက်ဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly