ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ပြိုင်ပွဲအတွက် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုမှ ကျပ်သိန်း ၃၀၀၀ ပံ့ပိုး

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ပြိုင်ပွဲအတွက် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုမှ ကျပ်သိန်း ၃၀၀၀ ပံ့ပိုး

မတ်လ ၆ ။           ။ ၂၀၁၉ ခုနှစ်ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းပြိုင်ပွဲအတွက်  တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစု မှ ကျပ်သိန်း ၃၀၀၀ ပံ့ပိုးကူညီခြင်းအခမ်းအနားကို  ရန်ကုန်မြို့၊နိုဗိုတယ် ရန်ကုန်မက်စ်ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

"မြန်မာဘောလုံးအားကစားဖွံဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှကူညီဆောင်ရွက်ပေးတဲ့နေရာမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်ချက်နဲ ့ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ရေး အတွက် ၂၀၁၅ ခုနှစ်မှာ ကျပ်သိန်း တစ်ထောင်ပံပိုးကူညီခဲ့ပြီး ၂၀၁၆ ခုနှစ်ကနေစတင်ပြီး ကျပ်သိန်းသုံးထောင်ကို တိုးမြင့် ပံ့ပိုးကူညီပေးခဲ့ပါတယ်။ ယခု၂၀၁၉ ခုနှစ်မှာလည်း ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဘောလုံးပြိုင်ပွဲ ကျင်းပနိုင် ရေးအတွက်တပ်မတော်က အဓိကပံပိုးကူညီမှုအဖြစ် ကျပ်သိန်းသုံးထောင် ကိုလည်း ဆက်လက်ပံ့ပိုးကူညီ သွားမှာဖြစ်ပါတယ် " ဟု တပ်မတော်အားကစားနှင့်ကာယပညာအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးက ပြောကြားခဲ့သည်။

မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ ကြီးမှူးကျင်းပသည့် ၂၀၁၉ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက် ပထမအဆင့်ပြိုင်ပွဲများကို မတ်လ ၁၃၊ ၁၄ ရက်များတွင်စတင်ကျင်းပမည်ဟု မြန်မာနေရှယ်နယ်လိဂ်ကော်မတီ က ဖောဖော်ဝါရီလ ၁၃ ရက်နေ့က ပြုလုပ်သော မီဒီယာမိတ်ဆက်ပွဲအခမ်းအနားတွင်အသိပေးထားသည်။

"ဒီနေ႔ ကျေးဇူးတင်စကားပြောကြားလိုတာက ဘောလုံးအားကစားဟာ ဒီနိုင်ငံရဲ့ အင်မတန်ချစ်မြတ်နိုးတဲ့ အားကစားဖြစ်တယ်။ သမိုင်းအစဉ်အလာအရအောင်မြင်ခဲ့တဲ့ အားကစားတစ်ခုလည်းဖြစ်တယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့လက်ရှိအနေအထားအရ ဘောလုံးအားကစားဟာ နိုင်ငံတကာမှာ ကျွန်တော်တို႔ လိုချင်တဲ့ ပန်းတိုင်ကို မရောက်ရှိသေးဘူးဆိုတာ ငြင်းပယ်လို႔ မရပါဘူး” ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ႔ချုပ်နှင့် မြန်မာ နေရှင်နယ်လိဂ်ကော်မတီဥက္ကဋ္ဌ ဦးဇော်ဇော် က ပြောကြားသည်။

၂၀၁၉ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲတွင် MPTမြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲဝင် ကလပ်အသင်း ၁၂ သင်းနှင့် MPT မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲဝင် အသင်း ၈ သင်း၊ စုစုပေါင်း ကလပ် အသင်း ၂၀ သင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပွဲစဉ်များကို သုဝဏ္ဏကွင်း၊ ပဒုမ္မာကွင်းနှင့် အောင်ဆန်းကွင်း တို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ပြီးခဲ့သည့်နှစ်က ချန်ပီယံဖြစ်ခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းမှာ ယခုနှစ်တွင် ကွာတားဖိုင်နယ်အဆင့်မှ စတင်ယှဉ်ပြိုင်သွားရမည်ဖြစ်ပြီး ဗိုလ်လုပွဲကို စက်တာဘ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့် မြိုနယ်ရှိ ဗိုလ်ချုပ်အောင်ဆန်း ဘောလုံးကွင်းတွင် ကျင်းပမည်။

ယခုပြိုင်ပွဲတွင် ချန်ပီယံဆုရရှိသည့်အသင်းအား ဆုဖလား၊ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် ကျပ် သိန်း ၃၀၀ ချီးမြှင့်မည်ဖြစ်ပြီး ဒုတိယရရှိသည့်အသင်းကို ဆုတံဆိပ်နှင့်အတူ ဆုကြေးငွေကျပ်သိန်း ၁၅၀ ပေးအပ်မည် ဖြစ်ကြောင်း ထို့အပြင် ဆီမီးဖိုင်နယ်တက်ရောက်လာသည့် အသင်းလေးသင်းအား ဆုကြေးကျပ် ၇၅ သိန်းစီ ပေးအပ်သွားမည်ဖြစ်သည်။
    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required