အာဆင်းနစ်ကင်းစင်ရေး ဆောင်ရွက်မှုအခြေအနေကို ဧရာဝတီတိုင်းလွှတ်တော်တွင် ထပ်မံမေးမြန်း

အာဆင်းနစ်ကင်းစင်ရေး ဆောင်ရွက်မှုအခြေအနေကို ဧရာဝတီတိုင်းလွှတ်တော်တွင် ထပ်မံမေးမြန်း

ပုသိမ်၊ မတ် ၆ ။           ။ ၀ါးခယ်မမြို့နယ်တွင် အာဆင်းနစ်ကင်းစင်းရေးဆောင်ရွက်မှုနှင့်ပတ်သက်၍ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဒေါ်မြင့်မြင့်စန်းက ၁၆ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးတွင် ထပ်မံမေးမြန်းခဲ့သည်။

“အာဆင်းနစ်က အရောင်အနံ့အရသာ မရှိတော့ ရေထဲမှာလည်း မသိနိုင်၊ မမြင်နိုင် ဓါတ်ခွဲစမ်းသပ်ကြည့်မှ သိနိုင်တာပါ။ သောက်တဲ့သူကလည်း အာဆင်းနစ်ကို ပါမှန်းမသိ သောက်မိနေပါက ရေရှည် အာဆင်းနစ် အဆိပ်သင့်ခြင်းကြောင်း နှလုံး၊အာရုံကြောအဖွဲ႔အစည်း ထိခိုက်ပျက်စီးခြင်း၊မျိုးရိုးဗီဇ ပြောင်းလဲနိုင်ခြင်း၊ အရည် ပြားပေါ်တွင် အမဲကွက် အဖြူကွက်များဖြစ်ပေါ်တတ်ခြင်း ခြေဖဝါး၊ လက်ဖဝါး အသားမာ တတ်ခြင်းနှင့် ဆိုးရွား ပါက အရေးပြားကင်ဆာအထိဖြစ်စေနိုင်တာကြောင့် ဖြေကြားထားသည့်အတိုင်းအမြန်ဆုံးထိထိ ရောက်ရောက် ဆောင်ရွက်ပေးစေလိုပါသဖြင့် မည့်သို့ဆောင်ရွက်ထားသည်ကို ဖြေကြားပေးပါရန်” ဟု ဒေါ်မြင့်မြင့်စန်းက မေးခွန်းတွင် ထည့်သွင်းမေးမြန်းခဲ့သည်။

၀ါးခယ်မမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များ၏ ရေညစ်ညမ်းမှုပမာဏနှင့် ရေထုအရည်အသွေး တိုင်းတာခြင်းစီမံချက်နှင့် အာဆင်းနစ် ကင်းစင်သော သောက်သုံးရေ ရရှိရေးစီမံချက်တို့ကို ဆောင်ရွက်ပေးစေ လိုကြောင်း ၂၀၁၈ခုနှစ် မေလ ၁၄ရက်နေ့လွှတ်တော်အစည်းအဝေးတွင်ဒေါ်မြင့်မြင့်စန်းက မေးမြန်းခဲ့ဖူးသည်။

အဆိုပါမေးခွန်းအတွက် သက်ဆိုင်ရာမှ ဖြေကြားရာတွင် ၀ါးခယ်မမြို့အတွင်းမှ ဒေသနေပြည်သူများအတွက် သောက်သုံးရေရရှိရန် အဓိကစီမံခန် ့ခွဲလျက်ရှိကြောင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကျေးလက် ဒေသ ဖွံဖြိုးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ႔များနှင့် ပူးပေါင်းပြီး မြို့နယ်အတွင်း ရေအရည်အသွေး ဆိုင်ရာတိုင်းတာသည့် Portable Special Kids များဖြင့် ပမာဏအခြေခံအချက်အလက်များ ရယူခြင်းလုပ်ငန်း အားဦးစွာ လျာထားဆောင်ရွက်ပေးမည်ဟု ဖြေကြားထားခဲ့သည်။

သို့သော် ယနေ့အထိ အကြောင်းတစ်စုံတရာ ဆောင်ရွက်မှုကိုမျှ မသိရှိရသောကြောင့် ၀ါးခယ်မမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဒေါ်မြင့်မြင့်စန်းက ဒုတိယအကြိမ် ထပ်မံမေးမြန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါကိစ္စအတွက် ၂၀၁၈-၁၉ဘဏ္ဍာနှစ်တွင် ပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေကန့်သတ်ချက်အရ ၀ါးခယ်မမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များမှ ရေထုညစ်ညမ်း ပမာဏနှင့် ရေထုအရည်အသွေး တိုင်းတာစောင့်ကြည့်ရန် ဦးစားပေးဆောင်ရွက်မည့် နေရာရွေးချယ်ရန် အတွက်လုပ်ငန်းအဖွဲ ့နှင့် တိုင်းဒေသကြီးကိုယ်စားလှယ်တို ့ဆက်သွယ်၍ ပမာဏ ကွင်းဆင်း စစ်ဆေးမည့် လုပ်ငန်းများကို ၂၀၁၉ခုနှစ်မတ်လ ဒုတိယအပတ်အတွင်း စတင်ဆောင်ရွက်ပေးနိုင်ရေးအတွက် စီစဉ် ဆောင် ရွက်ထားပြီး ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်း ကပြန်လည်ဖြေကြားခဲ့သည်။

    

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly