ကျနော် ဘယ်တော့မှ အရှုံးပေးမှာ မဟုတ်ဘူးလို့ ဆိုလာရီက အခိုင်အမာ ပြော

ကျနော် ဘယ်တော့မှ အရှုံးပေးမှာ မဟုတ်ဘူးလို့ ဆိုလာရီက အခိုင်အမာ ပြော
Photo: AFP

ဆန်တီယာဂို ဆိုလာရီက ရီးယဲလ်မက်ဒရစ်အသင်းဟာ အင်္ဂါနေ့က ချန်ပီယံလိဂ်ပြိုင်ပွဲ ၁၆ သင်းရှုံးထွက်ပွဲစဉ်မှာ အေဂျက်စ်အသင်းကို ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပေမယ့် သူဟာ အသင်းရဲ့ နည်းပြရာထူးကနေ နှုတ်ထွက်သွားမှာ မဟုတ်ဘူးလို့ အခိုင်အမာ ပြောဆိုသွားခဲ့ပါတယ်။

မက်ဒရစ်ဟာ ဒုတိယအကျော့ အိမ်ကွင်းမှာ ၄-၁ ဂိုးနဲ့ ရှုံးနိမ့်ပြီး နှစ်ကျော့ပေါင်း ၅-၃ ဂိုးရလဒ် ရရှိခဲ့တာကြောင့် ၂၀၁၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းဖို့ ကျရှုံးခဲ့ပါတယ်။

ဒါ့ကြောင့် ရီးယဲလ်အသင်းဟာ ၇ ရက်အတွင်း ဘုရင့်ဖလားပြိုင်ပွဲနဲ့ ဥရောပပြိုင်ပွဲတို့ကနေ ထွက်ခဲ့ရတာဖြစ်ပြီး လာလီဂါဖလား ဆွတ်ခူးနိုင်ရေးအတွက်တော့ မျှော်လင့်ချက် မှိန်မှိန်လေးသာ ရှိနေပါတယ်။

ဆိုလာရီဟာ နိုဝင်ဘာလက နည်းပြ လိုပီတီဂူရဲ့ နေရာကို ရယူခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်အထိ သက်တမ်းရှိ စာချုပ်တစ်ရပ်ကို အသင်းနဲ့ ချုပ်ဆိုထားခဲ့ပေမယ့် အရှက်တကွဲ ရှုံးနိမ့်မှုတွေကြောင့် အသင်းကို ကြာရှည်ကိုင်တွယ်ခွင့်ရဖို့ နည်းပါးနေပါတယ်။

"ခက်ခဲတဲ့ အခိုက်အတန့်ကာလတစ်ခုလိုမျိုးမှာ လက်မြှောက်အရှုံးပေးဖို့ ထွက်ခွာဖို့ ကျနော် ဒီကို ရောက်ရှိလာတာ မဟုတ်ပါဘူး"လို့ ဆိုလာရီက ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"ကျနော်တို့မှာ ရှိတဲ့ကောင်းမွန်ဆုံးအရာအားလုံး ပေးဆပ်ခဲ့ပေမယ့် ကျနော်တို့ ဒါကို ဖြတ်ကျော်ဖို့ ကိုင်တွယ်နိုင်မှု မရှိခဲ့ပါဘူး။ ဒါပေမယ့် တကယ်ပဲ ဝမ်းနည်းစရာညတစ်ညပါ။"

"ကျနော်တို့ လိဂ်ပြိုင်ပွဲမှာတော့ ရှိနေသေးပါတယ်။ ထိပ်ဆုံးအသင်းနဲ့ အမှတ်ကွာဟမှု များတယ်ဆိုတာ မှန်တယ်ဆိုပေမယ့် ကျနော်တို့ရဲ့ ရှိနေကျပုံစံစိတ်ဓာတ်ရယ်၊ ပရိုဆန်မှုမျိုးနဲ့အတူ ဒါကို ကျော်ဖြတ်နိုင်ဖို့ရှိပါတယ်။ ရီးယဲလ်အသင်းဟာ အမြဲတမ်း ပြန်လာတဲ့အသင်း၊ ကစားသမားတွေ၊ နည်းပြတွေနဲ့ ကျနော်တို့ထက် ကြီမားတဲ့အသင်းပါ။ သူတို့ဟာ အမြဲတမ်းပြန်လာပါတယ်။" လို့ သူက ပြောပါတယ်။

ရီးယဲလ်အသင်းဟာ ပြီးခဲ့တဲ့ ၃ နှစ်ဆက်တိုက် ချန်ပီယံလိဂ်ဆုဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အေဂျက်စ်အသင်းဟာ ပထမအကျော့ အမ်စတာဒမ်မှာ ကံမကောင်းပဲ ၂-၁ ဂိုးနဲ့ ရှုံးခဲ့ပြီး ဘာနေဗျူးမှာတော့ နိုင်ပွဲနဲ့ ထိုက်တန်ခဲ့ပါတယ်။

"ကျနော် ဒီလို စိတ်နာကျင်မှုမျိုး ဘယ်တုန်းကမှ မခံစားခဲ့ရဖူးပါဘူး။ ဒါကို ဘယ်လို ရှင်းပြနိုင်မလဲဆိုတာတောင့် မသိတော့ပါဘူးဗျာ။ ဒီတပတ်အတွင်းမှာ အရာအားလုံး ကုန်ဆုံးသွားပါပြီ။ ဒီညမှာတော့ ကျနော်တို့ဟာ ဆင်ခြေပေးစရာမှရှိပါဘူး။ သူတို့ဟာ ပိုကောင်းပြီး နောက်တစ်ဆင့်တက်ရောက်ဖို့ ထိုက်တန်ခဲ့ပါတယ်။"လို့ နောက်ခံလူ ကာဗာဂျယ်က ပြောပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly