ကမ္ဘာကျော်မင်းသားကြီး အာနိုး Zurich ရုပ်ရှင်ပွဲတော်တွင် Golden Icon ဆု ရရှိ

ကမ္ဘာကျော်မင်းသားကြီး အာနိုး Zurich ရုပ်ရှင်ပွဲတော်တွင် Golden Icon ဆု ရရှိ

ကမ္ဘာကျော် အက်ရှင်မင်းသားကြီး အားနိုးသည်  ရုပ်ရှင်နှင့် နိုင်ငံရေး လုပ်ငန်းများကို ဆယ်စုနှစ် လေးနှစ်ကြာ လုပ်ကိုင်ခဲ့မှုအတွက် Zurich ရုပ်ရှင်ပွဲတော်တွင် Golden Icon ဆုကို ချီးမြင့် ခံခဲ့ရသည်။
အဆိုပါဆုသည် မင်သား သို့မဟုတ် မင်းသမီးတစ်ဦး၏ ဘဝအောင်မြင်မှုအတွက် ပေးအပ်သည့် ဆုဖြစ် ကြောင်းနှင့် ယင်းဆုကို ဒိုင်ယာနာကိတ်တန်နှင့် မိုဂန်ဖရီမန်တို့လည်း ရရှိဖူးသည်။

မင်းသားကြီး အားနိုးသည် ၂၀၀၃ မှ ၂၀၁၁ ခုနှစ်အထိ ကာလီးဖိုးနီးယား အုပ်ချုပ်ရေးမှူးအဖြစ် သက်တမ်း နှစ်ခု ထမ်းဆောင်ခဲ့ပြီးနောက် ရုပ်ရှင်လောကသို့ ပြန်လည် ဝင်ရောက်ခဲ့သည်။ မင်းသားကြီး အားနိုးသည် ၁၉၈၀ ပြည့်လွန်နှစ်နှင့် ၁၉၉၀ ပြည့်လွန်နှစ်က ၎င်းပါဝင် သရုပ်ဆောင်ခဲ့သော The Terminator သို့မဟုတ် Conan the Barbarian ဇာတ်ကားတို့ဖြင့် အောင်မြင်မှုများ ရရှိခဲ့သည်။

“ကျွန်တော် သရုပ်ဆောင်အလုပ်ကို ပြန်လုပ်ရတာလည်း ပျော်တယ်။ ပြည်သူ့ဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင်ခဲ့တာလည်း အရမ်းကို ပျော်ပါတယ်။ ကျွန်တော် ရုပ်ရှင်ကားများမှာ ပိုမို ပါဝင် သရုပ်ဆောင် သွားမှာပါ” ဟု မင်းသားကြီး အားနိုးက ရုပ်ရှင်ပွဲတော်တွင် ပြောကြားခဲ့သည်။

အသက် ၆၈ နှစ်အရွယ်ရှိ မင်းသားကြီး အာနိုးသည် ရုပ်ရှင်ပွဲတော်တွင် ၎င်းပါဝင် သရုပ်ဆောင်ထားသော ရုပ်ရှင်ကားသစ် Maggie နှင့် စပ်လျဉ်း၍လည်း တင်ဆက် ပြောကြားခဲ့ကြောင်းနှင့် အားနိုးသည် ယင်းဇာတ်ကားတွင် ရောဂါဝေဒနာကို အပြင်းအထန် ခံစားနေရသည့် သမီးငယ်ကို ကြည့်ရှု စောင့်ရှောက်ရန် ဘဝကို ရုန်းကန်နေရသော  လယ်သမား တစ်ဦးအဖြစ် သရုပ်ဆောင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly