မန္တလေး အိုးဘိုထောင်မှ အကျဉ်းသား ၁၀၀၀ ခန့် ကြိုတင်မဲပေးနိုင်ရန် ဆောင်ရွက်နေပြီ

မန္တလေး အိုးဘိုထောင်မှ အကျဉ်းသား ၁၀၀၀ ခန့် ကြိုတင်မဲပေးနိုင်ရန် ဆောင်ရွက်နေပြီ

မန္တလေးတိုင်းဒေသကြီး၊ အိုးဘိုအကျဉ်း ဦးစီးဌာနတွင် ပြစ်ဒဏ်ချမှတ်ခံထားရခြင်း မရှိသေးသည့် အမှုရင် ဆိုင်နေရဆဲ ပြည်နယ်နှင့်တိုင်း အသီးသီးမှ အကျဉ်းသား ၁၀၀၀ ခန့်အတွက် ကြိုတင်မဲပေးနိုင်ရန် အတွက် ပုံစံ ၁၅ များ ပေးပို့ထားရာ အောက်တိုဘာလ ၂ ရက်အထိ မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲသို့ ဖြည့်စွက်ပေးထားသူ ၁၀၀ ဦး ကျော်ရှိပြီးဟု မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်ထွဋ်က မဇ္ဈိမကို ပြောသည်။

အဆိုပါပုံစံ ၁၅ များအား စက်တင်ဘာလ ၂၀ ရက်က ပေးပို့ထားပြီး အမှုရင်ဆိုင်ဆဲ အကျဉ်းသားများ ဖြည့်စွက်ပြီးပါက ၎င်းတို့ နေထိုင်ရာ ပြည်နယ်တိုင်များတွင် နေထိုင်ခဲ့ခြင်း ရှိမရှိ သက်ဆိုင်ရာ ပြည်တိုင်းများရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများက စစ်ဆေးသွားမည် ဖြစ်သည်။ စိစိမှန်ကန်ပါက မြို့နယ် ရွေးကောက်ပွဲကော်မရှင်သို့ စိစစ်ပြီးကြောင်း ပြန်တင်ပြမှသာ ကြိုတင်မဲပေးခွင့် ရမည်ဟု ဦးအောင်ထွဋ်က ဆိုသည်။

“ပြစ်ဒဏ်ကျထားပြီး သူတွေကတော့ မဲပေးခွင့် မရှိဘူး။ အမှုရင်ဆိုင်ဆဲ ပြစ်ဒဏ် မချမှတ်ရသေးတဲ့ သူတွေ ပဲ ကြိုတင်မဲ ပေးခွင့်ရှိတယ်။ ပုံစံ ၁၅ တွေ ပို့ထားတယ်။ ရဲစခန်းအချုပ်ကနေ အမှုရင်ဆိုင်နေသူတွေ အတွက်လည်း သက်ဆိုင်ရာ ရဲစခန်း အသီးသီးကို ပို့ထားပြီး ဖြစ်တယ်။ သူတို့ဖြည့်ပြီရင်း နေထိုင်တဲ့နေရာတွေ နေထိုင်ခဲ့ခြင်း ရှိမရှိ စစ်မယ်။ မှန်ရင် ပေးလို့ရပြီ” ဟု ၎င်းက ဆက်လက် ပြောသည်။

အမှုရင်ဆိုင်ဆဲ အကျဉ်းကျနေသူများ ပုံစံ ၁၅ များ ဖြည့်စွက်ပြီးပါက အကျဉ်းကျ အချုပ်သားများ နေထိုင်ခဲ့ သည့် ပြည်နယ်နှင့်တိုင်း အသီးသီးရှိ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများသို့ အကျဉ်းဦးစီး ဌာနများမှ အချိန် မီ ပေးပို့သွားမည် ဖြစ်သည်။

အိုးဘိုအကျဉ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ အမည်မဖော်လိုသည့် တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့ က ဖြည့်စွက်ပြီးတဲ့ ပုံစံ ၁၅ တွေကို သူတို့နေထိုင်တဲ့ ဒေသက ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွေကို ပေးပို့သွားမှာ ပါ” ဟု ပြောသည်။

ကြိုတင်မဲပေး နိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်မှ မဲလက်မှတ်များအား အကျဉ်းဦးစီးဌာနသို့ ကြိုတင် ပေးပို့သွားမှာဖြစ်ပြီး အကျဉ်ဦးစီးဌာနမှ ကြိုတင်မဲပေးရေး အထူး တာဝန်ပေးထားသူ တစ်ဦးမှ လျို့ဝှက်မဲပေးစခန်း လုပ်ပေးမည် ဖြစ်သည်။ ထိုမဲများကို ချိတ်ပိတ်ပြီး သက်ဆိုင်ရာ မြို့နယ် ရွေးကောက် ပွဲကော်မရှင် အဖွဲ့ခွဲသို့ ညနေ ၄ ရီမတိုင်မီ ပေးပို့ရမည်ဟု မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်ထွဋ်က ဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ အချုပ်သားများနှင့် ပတ်သက်၍ ထုတ်ပြန်ထားသော ဥပဒေတွင် အချုပ်သားများ မဲပေးရန်အတွက် သက်ဆိုင်ရာ ရဲအချုပ်စခန်း (သို့မဟုတ်) အကျဉ်းစခန်း အကြီးမှူးက စီစဉ်ပေး သည့် နေရာ၌ အချုပ်ခံထားရသူများက ကြိုတင်ဆန္ဒ မဲလက်မှတ်များတွင် မိမိတို့ ဆန္ဒပြုလိုသည့်အတိုင်း ရေးသွင်း ကာ ကြိုတင်ဆန္ဒမဲ လက်မှတ်များကို သက်ဆိုင်ရာ စာအိတ်အသီးသီး၌ ထည့်သွင်းကာ လုံခြုံစွာပိတ်ပြီး ရဲအချုပ် စခန်း သို့မဟုတ် အကျဉ်းစခန်း အကြီးအမှူးထံသို့ ချက်ခြင်း ပြန်လည် ပေးအပ်ရမည်ဟု ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags