မြန်မာ့ပို့ကုန်များ နိုင်ငံတကာစျေးကွက် ယှဉ် ပြိုင်နိုင်အောင် ဆောင်ရွက်နေ

မြန်မာ့ပို့ကုန်များ နိုင်ငံတကာစျေးကွက် ယှဉ် ပြိုင်နိုင်အောင် ဆောင်ရွက်နေ

ရန်ကုန်၊ မတ် ၄ ။              ။ မြန်မာ့ပို့ကုန်များကို နိုင်ငံတကာစျေးကွက်တွင် ယှဉ်ပြိုင်ဝင်ရောက်နိုင်ရန် အမျိုးသားအဆင့်ပို့ကုန်မဟာဗျူဟာ (NES) ကို နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာန၏ နည်းပညာအကူအညီရယူပြီး ဆောင်ရွက်နေကြောင်း သိရသည်။

အမျိုးသားပို့ကုန်မဟာဗျူဟာတွင် အဓိကဦးစားပေးကဏ္ဍ ၁၁ရပ် ရွေးချယ်အကောင်အထည်ဖော်ဆောင်ရွက်နေ ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုး ကပြောသည်။

"အမျိုးသားပို့ကုန်မဟာဗျူဟာမှာ အဓိကဦးစားပေးကဏ္ဍကြီး ၁၁ရပ် ရွေးချယ်ပြီးအကောင်အထည်ဖော်လျက်ရှိ ပါတယ်။ ဦးစားပေးကဏ္ဍကြီး ၁၁ရပ်မှာ ပို့ကုန်မြှင့်တင်မယ့် ကုန်စည်ကဏ္ဍ ငါးရပ်ပါဝင်ပါတယ်။ အဲဒါတွေက ဆန်စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ၊ ရေထွက်ကုန်၊ သစ်တောထွက်ကုန်၊ အထည်ချုပ်လုပ်ငန်းနဲ့ ရာဘာတို့ဖြစ် ပါတယ်။ ဦးစားပေးဆောင်ရွက်မယ့် ဝန်ဆောင်မှုကဏ္ဍကတော့ ခရီးသွားလုပ်ငန်းကိုရွေးချယ်ပြီးတော့ ဟိုတယ် ခရီးဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်ပါတယ်" ဟု ဦးအောင်စိုး ကပြောသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးပတ်ဝန်းကျင် မြှင့်တင်နိုင်ရန်အတွက် နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာန (International Trade Center-ITC) မှ စီမံကိန်းသစ်ဆောင်ရွက်ခြင်း "Myanmar Trade and Investment Project (TIP)" အခမ်းအနားကို ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်တွင် မတ်လ ၄ရက်ကပြုလုပ်ခဲ့ပြီး အဆိုပါ အခမ်းအနားတွင် ပြောခဲ့ခြင်းဖြစ်သည်။

ပို့ကုန်မြှင့်တင်ရန်အတွက် အလားအလာကောင်းမွန်သော ကဏ္ဍအသစ် ငါးရပ်ကိုလည်း ထပ်မံထည့်သွင်း ဆောင်ရွက်သွားမည်ဖြစ်သည်။ အဆိုပါ ကဏ္ဍများမှာ သစ်သီးဝလံဟင်းသီးဟင်းရွက်နှင့် ပန်းမန်ကဏ္ဍ၊ ကျောက်မျက်အချောထည်ကဏ္ဍ၊ လက်မှုအနုပညာပစ္စည်းကဏ္ဍ၊ လယ်ယာထွက်စားသောက်ကုန်ချောထုတ် လုပ်ရေးကဏ္ဍစသော ကဏ္ဍများပါဝင်ကြောင်း သိရသည်။

"နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာန (ITC) အကူအညီနဲ့ ၂၀၁၅ခုနှစ်ကနေ ၂၀၁၉ခုနှစ်အထိ အောင်မြင်စွာဆက် လက်ဆောင်ရွက်နိုင်တာ တွေ့ရမှာဖြစ်ပါတယ်။ အမျိုးသားပို့ကုန်မဟာဗျူဟာဆိုရင် မြန်မာနိုင်ငံပို့ကုန်ရဲ့ တိုး တက်ဖွ့ံဖြိုးစေပြီး နိုင်ငံတကာစျေးကွက်မှာ ယှဉ်ပြိုင်နိုင်အောင်အစိုးရပုဂ္ဂလိက နိုင်ငံတကာအဖွဲ့အစည်းများ ပူး ပေါင်းဆောင်ရွက်တဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်" ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒေါက်တာသန်းမြင့် ကပြောသည်။

မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ကို ၂၀၁၆ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာ့ပို့ကုန်များတိုးမြှင့်တင်ပို့နိုင်ရန် အတွက် အဓိကရည်ရွယ် ဖွဲ့စည်းခဲ့သည်။ မြန်မာနိုင်ငံတွင် ကုန်သွယ်မှုမြှင့်တင်နိုင်ရန် သယံဇာတနှင့် အခွင့်အ လမ်းများရှိသော်လည်း ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ကုန်သွယ်မှုပမာဏ များစွာနိမ့်ကျနေပြီး မဟာဗျူ ဟာစီမံချက်များ စနစ်တကျရေးဆွဲချမှတ်ရန် လိုအပ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပို့ကုန်ဖွံ႔ဖြိုးတိုးတက်ရန်အတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၁၅ခုနှစ် မှ စတင်အကောင်အ ထည်ဖော်ဆောင်ရွက်ခဲ့ပြီး ၅နှစ်တာကာလရှိပြီဖြစ်သည်။ အမျိုးသားပို့ကုန်မဟာဗျူဟာ ထပ်မံတိုးချဲ့ဆောင်ရွက် နိုင်ရန်နှင့် နိုင်ငံရင်းနှီးမြှုပ်နှံမှုဖွ့ံဖြိုးတိုးတက်မှုအတွက် မြန်မာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း (TIP) ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၀-၂၀၂၅ခုနှစ်တွင် ဆက်လက်ဆောင်ရွက်မည့် အမျိုးသားပို့ကုန်မဟာဗှူဟာကို သက်ဆိုင်သည့် ဌာနဆိုင် ရာအဖွဲ့အစည်းများအားလုံး ညှိနှိုင်းဆွေးနွေးပွဲများပြုလုပ်ပြီး ခေတ်နှင့် လိုက်လျောညီထွေဖြစ်အောင် ပြန်လည် ပြင်ဆင်ရေးဆွဲသွားမည်ဖြစ်ကြောင်း အဆိုပါအခမ်းအနားမှ သိရသည်။

မြန်မာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းကို ဗြိတိန်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးရေးဌာန (UK Department for International Development - DFID) ရန်ပုံငွေနှင့် နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာန (International Trade Center-ITC)က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားဆက်သွယ်ရေး ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly