လုံခြုံရေးကြောင့် ထီလက်မှတ်များကို ပုံစံပြောင်းလဲ ထုတ်လုပ်

လုံခြုံရေးကြောင့် ထီလက်မှတ်များကို ပုံစံပြောင်းလဲ ထုတ်လုပ်

ရန်ကုန်၊မတ် ၄ ။           ။ မတ်လတွင်စတင်ရောင်းချမည့် (၂)ကြိမ်မြောက် ကျပ်တစ်ထောင်တန် အောင်ဘာလေထီလက်မှတ်များနှင့် (၂၅)ကြိမ်မြောက် ကျပ်ငါးရာတန်ထီလက်မှတ်များကို လုံခြုံရေးအရ ပုံစံပြောင်းလဲ ထုတ်လုပ်ထားကြောင်း ပြည်တွင်း အခွန်များဦးစီး ဌာနမှ သိရသည်။

"လုံခြုံရေးအရပြောင်းတာ။လတိုင်းပြောင်းတယ်။တစ်လနဲ့တစ်လ မတူဘူး။ ၅ဝဝတန်လည်းကြည့်ကြည့် ပုံပြောင်းနေတယ်။ တစ်ထောင်တန်လည်း ပုံပြောင်းရတာပေါ့။ မပြောင်းလို့မရဘူး။ အတုတွေအကုန်လုံး ထွက် ကုန်မှာပေါ့" ဒေါ်အိအိခိုင်က ဆိုသည်။

ထီလက်မှတ်များကို ပုံစံပြောင်းလဲထုတ်လုပ်ခြင်းသည် လစဉ်တိုင်းအနည်းငယ်ပြောင်းလဲ ထုတ်လုပ် ခြင်းဖြစ်ပြီး အတုအန္တရာယ်နှင့် လုံခြုံရေးအရ ပြောင်းလဲထုတ်လုပ်ခြင်းဖြစ်ကြောင်း အဆိုပါ ပြောင်းလဲထုတ်ဝေသော ထီ လက်မှတ်များ၏ပုံစံသည် အရွယ်အစားပြောင်းလဲခြင်းမရှိဘဲ ပုံစံသာ အနည်းငယ်ပြောင်းလဲ သွားခြင်းဖြစ်ပြီး ပြောင်းလဲ ထုတ်လုပ်ရောင်းချမည့် ထီလက်မှတ်ပုံစံများကို ပြည်တွင်းအခွန်များဦးစီးဌာန ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

 "ဒီစာရွက်က ကြည့်လိုက်ရင် စာရွက်ညံ့ညံ့ကြီးလို့ ထင်ရတယ်။ဒါပေမယ့် ဒီထဲမှာ စကျူရတီတွေ အများကြီး ပါတယ်။ပုံပန်းသဏ္ဍာန်ပဲပြောင်းတယ်ဆိုတာ သူ့လုံခြုံရေးအရ သူလုပ်တာ။ လုံခြုံရေးမှင်နဲ့လုပ်တာ။ ဒီအတိုင်း ကြည့်လို့ရင် အပြင်က ဗလာစာရွက်အစုတ်ကြီးလို့ထင်တာ။ မဟုတ်ဘူး ဒီထဲမှာက Inflorescence Ray ၊ florescence Ray ဆိုတဲ့ဟာတွေပါတယ်။ဒီစက္ကူနဲ့တူတဲ့ဟာ အပြင်မှာ ရှိကိုမရှိတာ။ သာမာန်စက္ကူထက်ကို စျေးအရမ်းကြီးတာ။အမှန်က မသိဘဲ လိုက်ပြောနေကြတာ။ မခမ်းနားဘူးတို့ဘာတို့။အမှန်က စျေးအရမ်းကြီး တာ" ဟု အောင်ဘာလေသိန်းဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အိအိခိုင်က ပြောသည်။

ဧပြီလ ၁ရက်နေ့တွင် ဖွင့်လှစ်မည့် ကျပ်တစ်ထောင်တန်ထီတွင် ဆုကြေး သိန်းပေါင်း တစ်သောင်းခွဲ ချီးမြှင့်မည် ဖြစ်ကာ ကျပ်၅ဝဝတန်ထီတွင် ဆုကြေး သိန်းတစ်သောင်းကျပ်ချီးမြှင့်မည်ဖြစ်သည်။ လက်ရှိထီစျေးကွက်တွင် ထီလက်မှတ်စျေးနှုန်းများ မြင့်တက်လာမှုကြောင့် အရောင်းအဝယ်များလည်း သိသိာသာ ကျဆင်းကာ ထီကိုယ်စားလှယ်တချို့ အရှုံးပေါ်နေကြောင်း ထီစျေးကွက်မှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly