ကင်မ်ဂျုံအန်း ဗီယက်နမ်ကနေ ပြန်လည် ထွက်ခွာ

ကင်မ်ဂျုံအန်း ဗီယက်နမ်ကနေ ပြန်လည် ထွက်ခွာ
ဓာတ်ပုံ - EPA

မတ် ၂ ။         ။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ မတ်လ ၂ ရက်မှာပဲ ၎င်းရဲ့ အထူးရထားကြီးကိုစီးပြီး ဗီယက်နမ်ကနေ ပြန်လည်ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။

ကင်မ်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက်  ဗီယက်နမ်မှာ ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။

ထရမ့်နဲ့ ကင်မ်ရဲ့ အစည်းအဝေးကတော့ နျူကလီးယားသဘောတူညီချက်မရဘဲ ပြီးဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ယခုလို ကင်မ်ရဲ့ ဗီယက်နမ်ကနေ မြောက်ကိုရီးယားအပြန်ခရီးကတော့ ကြာချိန် ၂ ရက်ခွဲလောက် ကြာမြင့်မယ်လို့ မျှော်လင့်ရပါတယ်။

ကင်မ်ဟာ ယခုလို အပြန်ခရီးမထွက်ခွာခင် ဟနွိုင်းမြို့က ဟိုချီမင်း ဂူဗိမ္မာန်ကို သွားရောက်လည်ပတ်ခဲ့ပါသေးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly