အာရှယူ-၂၃ ခြေစစ်ပွဲအတွက် ပဏာမ ကစားသမား (၂၈)ဦးစာရင်း ထုတ်ပြန်

အာရှယူ-၂၃ ခြေစစ်ပွဲအတွက် ပဏာမ ကစားသမား (၂၈)ဦးစာရင်း ထုတ်ပြန်


၂၀၂၀ အာရှယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲအတွက် ပဏာမကစားသမား (၂၈)ဦး စာရင်းကို မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်း နည်းပြချုပ် ပိုပေါဗ့်က ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။

မြန်မာလက်ရွေးစင် ယူ-၂၃ အသင်းအနေနဲ့ ခြေစစ်ပွဲ အုပ်စု (I)ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး ဂျပန်၊ တီမော၊ မက္ကာအိုအသင်းတို့နဲ့ ကစားရမှာဖြစ်ပါတယ်။

ခြေစစ်ပွဲစဉ်တွေကို ၂၀၁၉ ခုနှစ်၊ မတ် ၂၂ မှ ၂၆ ရက်ထိ ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းတွင် ကျင်းပမှာဖြစ်ပြီး မြန်မာအသင်းဟာ အဖွင့်ပွဲအဖြစ် မတ် ၂၂ ရက် တီမော၊ ၂၄ ရက် မက္ကာအို၊ ၂၆ ရက် ဂျပန်တို့နဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

ပွဲချိန်တွေကတော့ ညနေ ၆ နာရီ ဖြစ်ပါတယ်။

မြန်မာလက်ရွေးစင် ယူ-၂၃ အသင်းကို နည်းပြချုပ်အဖြစ် မစ္စတာ ဗယ်လစ်ဇာ ပိုပေါ့ဗ်က ကိုင်တွယ်မှာဖြစ်ပြီး မတ်လ ၄ ရက်မှ စတင်ကာ စခန်းသွင်း လေ့ကျင့်သွားမှာဖြစ်ပါတယ်။

ခြေစစ်ပွဲ အုပ်စု ၁၁ ခုမှ ထိပ်ဆုံး ၁၁ သင်းနှင့် အကောင်းဆုံး ဒုတိယ လေးသင်းတို့မှာ ၂၀၂၀ ခုနှစ်တွင် ထိုင်းနိုင်ငံမှာ ကျင်းပမယ့် အာရှယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမှာဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly