ပါကစ္စတန်မှာ ဖမ်းဆီးခံထားရတဲ့ အိန္ဒိယလေသူရဲ ပြန်လည်လွတ်မြောက်

ပါကစ္စတန်မှာ ဖမ်းဆီးခံထားရတဲ့ အိန္ဒိယလေသူရဲ ပြန်လည်လွတ်မြောက်

မတ် ၂ ။          ။ ပါကစ္စတန်မှာ ဖမ်းဆီးခံထားရတဲ့ အိန္ဒိယလေသူရဲ မတ်လ ၁ ရက်မှာ ပြန်လွတ်လာခဲ့ပြီ ဖြစ်ပါတယ်။ ၎င်းလေသူရဲရဲ့ လေယာဉ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ပါကစ္စတန် ထိန်းချုပ်ရာ ကက်ရှ်မီးယားနယ်ထဲမှာ ပစ်ချခံရပြီးနောက် ဖမ်းဆီးခံထားခဲ့ရတာ ဖြစ်ပါတယ်။

အိန္ဒိယ လေတပ်အရာရှိ အက်ဟင်နန်ဒန် ဗာသီမန် ကိုတော့ မတ်လ ၁ ရက်က နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော်ဂိတ်မှာပဲ ပါကစ္စတန်တို့ဘက်က အိန္ဒိယ တာဝန်ရှိသူတွေထံ လွှဲအပ်ပေးလိုက်တာဖြစ်ပါတယ်။

လက်ရှိ ဖြစ်ပွားနေတဲ့ တင်းမာမှုတွေအကြား အိန္ဒိယနဲ့အကြား ငြိမ်းချမ်းရေး လက္ခဏာတစ်ရပ်အဖြစ် အိန္ဒိယ ပိုင်းလော့ကို ပြန်လွှတ်မှာဖြစ်ကြောင်း အစောပိုင်းက ပါကစ္စတန် ဝန်ကြီးချုပ် အီမရန် ခန်က ပြောထားခဲ့ပါတယ်။

လက်ရှိကာလမှာတော့ နျူကလီးယားပိုင် ရန်ဘက်အိမ်နီးချင်းနှစ်နိုင်ငံအကြား နှစ်များစွာအတွင်း အကြီးဆုံးသော တင်းမာမှုအခြေအနေတစ်ရပ် ပေါ်ပေါက်နေခဲ့တာဖြစ်ပါတယ်။

ခုလို ပါကစ္စတန်တို့ဘက်က လေယာဉ်မှူးကို ပြန်လွှတ်ပေးခြင်းနဲ့အတူ ငြိမ်းချမ်းရေး သရုပ်သကန်ကို မြင်တွေ့ခဲ့ရပေမယ့် ကက်ရှ်မီးယားမှာပဲ နောက်ထပ် တိုက်ခိုက်မှုတွေ ထပ်ဖြစ်လာခဲ့သေးတယ်လို့ သိရပါတယ်။

နှစ်ဘက်အကြား အငြင်းပွားနေတဲ့ ကက်ရှ်မီးယားဒေသမှာပဲ တိုက်ခိုက်မှုတွေဖြစ်လို့ လူ ခုနစ်ဦး သေဆုံးခဲဲ့တဲ့အတွက် နှစ်ဘက်အကြား လက်ရှိ ပဋိပက္ခအကျပ်အတည်းကတော့ ပြီးဆုံံးမသွားသေးဘူးလို့ ယူဆရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly