ဗီယက်နမ်သမ္မတနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန် တွေ့ဆုံ

ဗီယက်နမ်သမ္မတနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန် တွေ့ဆုံ

ဟနွိုင်း၊ မတ် ၁ ။           ။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်ရဲ့ ဗီယက်နမ်ခရီးစဉ်အတွင်း ဟနွိုင်းက သမ္မတနန်းတော်ရာမှာ ဗီယက်နမ်သမ္မတ ငုယင်ဖူရွန်က ကင်ဂျုံးအွန်ကို လက်ခံတွေ့ဆုံခဲ့ပါတယ်။

ကင်ဂျုံးအွန်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ နျူကလီးယားထိပ်သီးစည်းဝေးပွဲအတွက် ဗီယက်နမ်ဆီ ရောက်ရှိနေတာဖြစ်ပြီး သဘောတူညီမှု မရဘဲ ပြီးစီးခဲ့တဲ့ အဲဒီအစည်းအဝေးအပြီး ဗီယက်နမ်ခရီးစဉ်ကို စတင်တာဖြစ်ပါတယ်။

ဒီကနေ့မှာ သုံးရက်မြောက်အဖြစ် ဗီယက်နမ်ကို ရောက်ရှိနေတဲ့ ကင်ဂျုံးအွန်ကို ဗီယက်နမ်သမ္မတဖြစ်သူ ကွန်မြူနစ်ပါတီအကြီးအကဲ ငုယင်ဖူရွန်က လက်ခံတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ကင်ဂျုံးအွန်အနေနဲ့ အာဏာရပြီး ခြောက်နှစ်ကျော်အတွင်း နိုင်ငံပြင်ပ ထွက်ခွာခြင်း မရှိခဲ့ရာက ပြီးခဲ့တဲ့ ၁၂ လအတွင်းမှာ ပြည်ပခရီးစဉ်တွေ ထွက်ခဲ့ရာမှာ ဗီယက်နမ်ဟာ လေးခုမြောက် ခရီးစဉ်ပဲ ဖြစ်ခဲ့ပါတယ်။

တရုတ်နိုင်ငံဆီ လေးကြိမ်တိုင်သွားရောက်ပြီး ကင်ဂျုံးအွန်ဟာ သမ္မတရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့သလို တောင်ကိုရီးယားနယ်စပ်မှာလည်း သမ္မတ မွန်ဂျေးအင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီနောက်မှာ စင်ကာပူမှာ သမ္မတ ထရမ့်နဲ့ ပထမဆုံးထိပ်သီးအစည်းအဝေးကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly