သွိုင်းရွိုက်ရောဂါအကြောင်း သိကောင်းစရာ - အပိုင်း ( ၆ ) နိဂုံးပိုင်း

သွိုင်းရွိုက်ရောဂါအကြောင်း သိကောင်းစရာ - အပိုင်း ( ၆ ) နိဂုံးပိုင်း

4R Health Talk အစီအစဉ်ကနေ ကြိုဆိုပါတယ်ခင်ဗျာ။ ကျွန်တော်တို့ ဆက်လက်ဆွေးနွေးသွားမှာကတော့ အထူးသဖြင့်  သွိုင်းရွိုက် ဟော်မုန်း ရောဂါနဲ့ ပတ်သက်ပြီးတော့ အဲဒီရောဂါဌာနရဲ့ ပါမောက္ခဌာနမူး ဖြစ်တဲ့ ဆရာမ ဒေါ်ခင်စောသန်းနဲ့ နိဂုံးချုပ်ဆွေးနွေးတဲ့အခါ ဆီးချိုဝေဒနာရှင်တွေကို သတိပေးထားတာ၊ အသိပေးထားတာတွေကို  ဆွေးနွေးထားပါတယ်။

မေး။ ။  ဆရာမကြီး ဆောင်ရန် ရှောင်ရန်တွေကိုတော့ပြောခဲ့ပြီ၊ ဆီးချိုဝေဒနာရှင်တွေကို ထပ်ပြီးတော့ သတိပေးချင်တာ ဘာများရှိပါသေးလဲခင်ဗျား။

ဖြေ။ ။ ဆီးချိုလူနာတွေကို သတိပေးချင်တာကတော့ ဆီးချိုလူနာတွေက ဆီးချိုတက်နေရင်လည်း စောစောက လက္ခဏာတွေဖြစ်တယ်။ ဆီးချိုက (၂၀၀) ဖြစ်နေမယ် (၃၀၀) ဖြစ်နေမယ်၊ ဘာမှ ဝေဒနာမခံစားရဘူး။ လူတို့ရဲ့ သဘာဝအတိုင်း ဝေဒနာမခံစားဘူးရဆိုရင် သိပ်ပြီး အလေးမထားဘူး။ အဲ့ဒီတော့ ဆီးချိုတက်နေလည်း ဒီလိုပဲနေတာ၊ အဲ့ဒီတော့ အဲ့ဒီလောက်တက်နေတာ ဘယ်လောက်ကြာပြီလဲဆို ၈-လ ၇-လ၊  ဆီးချိုက ၂၀၀ ကျော် ၃၀၀ ကျော်ရင်းနဲ့ပေါ့နော်။ ပုံမှန်ဆို ဆရာမတို့က အစာစားပြီးချိန် ၂ နာရီမှာ ၁၈၀ အောက်ဖြစ်ရမယ်၊ မနက်အစာမစားခင်မှာဆိုရင် ၁၃၀ အောက် ၉၀ နဲ့ ၁၃၀ ကြား ထားရမယ်။ အဲ့ဒီတော့ အဲ့ဒီလို target လေးတွေ လူနာတွေကို ဆရာမ တစ်ခါတစ်လေရှင်းပြပါတယ်။ သူတို့ ဆီးချိုကို အဲ့ဒီအတွင်းကို ရောက်အောင်ထားဖို့လိုတယ်၊ ချက်ချင်းလက်ငင်း ဘာမှမဖြစ်ပေမယ့် အဲ့ဒီလို သွေးချိုများနေတယ်၊ ဒါကြီးကို ပစ်ထားလိုက်မယ်ဆိုရင် ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကလီစာတွေ အာရုံကြောတွေ ကျောက်ကပ်တွေ မျက်လုံးတွေ နှလုံးတွေ ဒါတွေ သွားထိခိုက်မယ်။ အဲ့ဒီတော့ ဒါတွေဖြစ်ပြီးမှ ဆိုရင် နောက်ကျသွားပါပြီ။ အဲ့ဒါကြောင့်မို့လို့ စဖြစ်ကတည်းက နားလည်တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ သေချာကုသပါ၊ ပြီးရင် မှန်မှန်ကုသဖို့လိုပါတယ်၊ ဘာလို့ဆိုတော့ တစ်ခါတစ်လေ လူနာတွေက ဆေးဆရာဝန်က on ပေးလိုက်တယ်။ ဒါကို သောက်နေရင် တစ်နေ့ နှစ်နေ့ သုံးနေ့ သောက်နေရင် သူတို့ရဲ့ တာဝန်ကြေပြီ လုံလောက်ပြီ ထင်တယ်။ ဒါပေမယ့် ခန္ဓာကိုယ်ထဲမှာ စောစောက ဆရာမပြောခဲ့တဲ့ မုန့်ချိုအိတ်ထဲက beta cell လေးတွေသည် ကြာလာတာနဲ့အမျှ ပြောင်းလာတယ်၊ နဲလာတယ်၊ ဒီအခါ လိုအပ်သလို ဆရာမတို့က ဆေးလေးတွေကို ညှိနှိုင်းရတာရှိတယ်၊ ပြီးလို့ရှိရင် အဆီဓာတ်တွေကို ညှိနှိုင်းရတာရှိတယ်၊ သွေးပေါင်ချိန်တွေကို လိုက်ညှိနှိုင်းရတာရှိတယ်။ ဒါတွေရှိတဲ့အတွက်ကြောင့်မို့လို့ ဆရာဝန်နဲ့ မှန်မှန်ပြသဖို့ လိုအပ်တယ်၊ ညွန်ကြားချက်အတိုင်း လိုက်နာမယ်၊ နေထိုင်မှုစနစ်ကိုလည်း ပြုပြင်မယ်ဆိုလို့ရှိရင် စောစောက နောက်ဆက်တွဲ ရောဂါတွေ ကင်းဝေးပြီးတော့ သက်တမ်းစေ့နေရပြီးတော့ ပျော်ပျော်ရွှင်ရွှင်နေရမှာ ဖြစ်ပါတယ်။ အဲ့ဒီတော့ အဲ့ဒါကို လိုက်နာဖို့ အရေးကြီးတယ်။ ဥပမာ ကွက်ကွက်ကလေးပဲ ကြည့်လိုက်ရင်တောင်     လေဖြတ်ပြီး ရောက်လာတဲ့ လူနာ၊ hearth attack ဖြစ်ပြီး ရောက်လာတဲ့ လူနာတွေ၊ နောက် ကျောက်ကပ်ပျက်စီးပြီး ရောက်လာတဲ့လူနာတွေအများကြီးပဲ။ အဲ့ဒီအထဲမှာ သွေးတိုး၊ ဆီးချို သွေးတွင်း အဆီများခြင်း၊ ဒီသုံးချက် အဲ့ဒီသုံးချက်ကို ဆရာမတို့ ပြုပြင်နိုင်ရင် အဲ့ဒီလူနာတွေ အရမ်းနဲသွားမယ်၊ တအားကို နဲသွားမယ် တိုင်းပြည်အပေါ်ရော မိသားစုတွေ အပေါ်မှာ ရှိနေတဲ့ ဝန်ထုတ်ဝန်ပိုး တော်တော်ကို နဲသွားမှာ၊ ဒီဟာနော် သွေးတိုးရယ် ဆီးချိုရယ် သွေးတွင်းအဆီများခြင်း အဲ့ဒီသုံးခုသည် စောစောက ပြောတဲ့ နေထိုင်မှု ကျန်းမာသော လူနေမှုစနစ်ကို လုပ်တာနဲ့ကို ရနိုင်မယ်။ အဲ့ဒါကြောင့်မို့လို့ ဆီးချို မဖြစ်ခင်လည်း ကာကွယ်ကြပါ။ ဖြစ်ပြီးရင်လည်း သေချာဂရုစိုက်ပြီးတော့ ကုသကြပါ။ ဒါမှ နောက်ဆက်တွဲရောဂါ ကင်းဝေးပြီးတော့ သက်တမ်းစေ့ နေနိုင်မှာပါလို့ အကြံပြုလိုပါတယ်။

မေး။ ။ ။ သွိုင်းရွိုက်ရောဂါဖြစ်တဲ့သူက ဆေးတစ်သက်လုံး စားရမှာလား ခင်ဗျား။

ဖြေ။ ။ သွိုင်းရွိုက်ရောဂါဆိုတာ နှစ်မျိုးရှိတာပေါ့နော် စောစောက ဆရာမပြောသလို ဟိုက်ပါသွိုင်းရွိုက်ခေါ်တဲ့ သွိုင်းရွိုက်ဟော်မုန်းများတဲ့ရောဂါကတော့ စောစောက တစ်ချို့လူတွေက ဆိုလို့ရှိရင် ကိုးလ တစ်နှစ် တစ်နှစ်ခွဲဆိုရင် ကောင်းသွားပြီ၊ ဒါဆို စားစရာမလိုဘူး။ တစ်ချို့လူနာတွေက ကျတော့ အဲ့ဒီထက်ကြာကြာလေး သုံးလေးငါးနှစ်စားရမယ် တစ်ချို့ကျတော့ အနုမြူရောင်ခြည် နဲ့ ကုသခြင်း။ စောစောကပြောတဲ့ ခွဲစိတ်ခြင်း မလုပ်ဘူးဆိုလို့ရှိရင်တော့ နှစ်ပေါင်းတော်တော် ကြာကြာကုသရမယ် အဲ့ဒီတော့ သောက်ဆေးနဲ့ မကောင်းဘူးဆိုရင်တော့ အဲ့ဒီလိုလူမျိုးဆိုရင်တော့ ဆရာမတို့တွေက အနုမြူရောင်ခြည်ဆေးကျွေးခြင်း ဒါမှမဟုတ်လို့ရှိရင်လည်း ခွဲစိတ်ကုသခြင်း ဆိုတဲ့ သူ့သက်ဆိုင်ရာဖက်ကို ဆရာမတို့က လွဲပေးလိုက်ပါတယ်။ အဲ့ဒီလိုနည်းနဲ့ သောက်ဆေးနဲ့ ကုတဲ့နည်းနဲ့ မအောင်မြင်တော့ဘူးဆိုမှ လုပ်ပေးတဲ့အတွက် ဒါက သူတို့ ကောင်းသွားမှာဖြစ်တယ်။ နောက်တစ်နည်းကတော့ စောစောက ဟိုက်ပိုသွိုင်းရွိုက်ပေါ့ သွိုင်းရွိုက်ဟော်မုန်းနဲလို့ ဖြစ်တဲ့လူတွေကတော့ ရောဂါအကြောင်းအများစုကတော့ for life တစ်သက်လုံးသောက်ရမယ့်ဟာ တွေဖြစ်တယ်။ အဲ့ဒါကြောင့် ဟိုက်ပိုသွိုင်းရွိုက်ရောဂါ အများစု သွိုင်းရွိုက်ဂလင်းက ရောင်လိုက်တယ်၊ ပိုးကြောင့် virus ပိုးကြောင့်ပဲဖြစ်ဖြစ်၊ ကိုယ်ဝန်ဆောင်မီးနေသည် ဘဝမှာပဲဖြစ်ဖြစ်၊ သွိုင်းရွိုက်ကလင်းရောင်တယ်၊  အဲ့ဒီတစ်ချိန်တည်းမှာ သွိုင်းရွိုက်ဟော်မုန်းတွေက နေမကောင်းတော့တဲ့အခါမှာ သူက အလုပ်မလုပ်လိုတဲ့ ဟာမျိုးတွေကတော့ ခဏတာပဲ ဖြစ်မယ်၊ ဒါပေမယ့် အများစု   သွိုင်းရွိုက်ရောင်တဲ့ရောဂါတွေ စောစောက ခွဲစိတ်လို့ဖြစ်တဲ့ ဟာတွေ   အဲ့ဒီရောဂါတွေကတော့ တစ်သက်လုံး သွိုင်းရွိုက်ဟော်မုန်းဆေးတွေ ဖြည့်ရလေ့ရှိတယ်။ အဲ့ဒီလိုလူတွေကတော့ တစ်သက်လုံးသောက်ရမှာ ဖြစ်ပါတယ်။

မေး ။ ။   ဆရာမကြီးကတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆီးချိုသွေးချိုနဲ့ ဟော်မုန်းဌာန မှာ တာဝန်ထမ်းဆောင်နေတာဖြစ်တဲ့အတွက် ဆီးချိုနဲ့ ဟော်မုန်းရောဂါနဲ့ ပတ်သက်ပြီးတော့ သွားရောက်ကုသနိုင်တယ်ပေါ့နော်၊ ဆရာမကြီး ပြောသွားတဲ့အထဲမှာလည်း ဗုဒ္ဓဟူးနေ့နော်ဆရာမ။

ဖြေ ။ ။ ကြာပတေးနေ့မှာ အမျိုးအစား၂ ဆီးချို၊ ဗုဒ္ဓဟူးနေ့မနက်ကတော့ ဟော်မုန်းရောဂါ လူနာတွေပေါ့နော်။ သွိုင်းရွိုက်အပါအဝင် တစ်ခြား ဟော်မုန်းရောဂါတွေပါ ဗုဒ္ဓဟူးနေ့မနက်ပိုင်းပါ။ နောက်ပြီးတော့ ကိုယ်ဝန်ဆောင်ဆီးချိုဆိုလို့ရှိရင် ကျွန်မတို့က အင်္ဂါနေ့မနက်မှာ ကြည့်ရူပေးပါတယ် အမျိုးအစား ၁ ဆီးချိုလည်း သီးသန့် ကျွန်မတို့က အချိန်ပေး ကုသပေးချင်တယ်။ အသက် ၁၈နှစ်အောက်ဆို ကျွန်မတို့က ဆေးပါ supply ပေးတဲ့အတွက်ကြောင့် အင်္ဂါနေ့မနက်မှာ ကျွန်မတို့က အဆောင် ၁၅၊ ၁၆မှာ၊ ဆေးကြီးရုံအပေါ်ထပ်မှာ အမျိုးအစား ၁ လူနာနဲ့ ကိုယ်ဝန်ဆောင် ဆီးချိုတွေ သပ်သပ်ကြည့်ပေးပါတယ်။ နောက် ကြာသပတေးနေ့ ညနေဘက်မှာဆိုလို့ရှိရင်လည်း ကျွန်မတို့ ဆီးချိုလူနာတွေလာပြတဲ့ လူနာတွေထဲက လိုအပ်တဲ့လူတွေကို မျက်စိနဲ့ ခြေထောက်အခမဲ့ စစ်ဆေးပေးခြင်း လုပ်ပေးပါတယ် ပြုလုပ်ပေးပါတယ်။ အရိုးပွလူနာတွေကို သောကြာနေ့မှာ နေ့လည် ၁နာရီ ကျွန်မတို့က အရိုးပွလူနာတွေကို ကြည့်ပြီးတော့ စောစောက အရိုးပွရောဂါ ကာကွယ်ပြီး၊ ကျိုးတာကနေကာကွယ်ဖို့အတွက် ကျွန်မတို့ ဆေးကျွေးတဲ့ လုပ်တဲ့လုပ်ငန်းတွေပေါ့နော်၊ စစ်ဆေးပေးတဲ့လုပ်ငန်းတွေလုပ်တယ်၊ ပြီးရင် အဲ့ဒီနေ့မှာပဲ တစ်ပြိုင်တည်းမှာပဲ ဆီးချိုရောဂါကြောင့် ဖြစ်တဲ့ အနာတွေ ခြေထောက်မှာဖြစ်တဲ့ အနာတွေကို ကြည့်ရူပြီးတော့ ကျွန်မတို့က အကြံဉာဏ်ပေးခြင်း ကုသပေးခြင်း တစ်ပြိုင်တည်းမှာပဲ ပြုလုပ်ပေးပါတယ်။

Mr. Ravindra Jain ။ ။     ပြောရမယ်ဆိုလို့ရှိရင် 4R Consultancy က အိန္ဒိယနိုင်ငံ အပိုလိုချိနိုင်း hospital နဲ့ ပူးပေါင်းပြီးတော့ လုပ်ဆောင်နေတာဖြစ်တယ်။ အဲ့ဒီမှာဆိုလို့ရှိရင် အသည်းတို့ ကျောက်ကပ်တို့ နှလုံးရောဂါတို့နဲ့ ပတ်သက်ပြီးတော့ ကုသပေးနေတယ်။ အဲ့ဒီတော့ အသည်းအစားထိုး ကျောက်ကပ်အစားထိုးတာတွေကိုလည်း လုပ်ပေးနေတယ်။ အိန္ဒိယအစိုးရကလည်း အသည်းအစားထိုးတာ ကျောက်ကပ်အစားထိုးတာတွေကိုလည်း တကယ့်တရားဝင် ခွင့်ပြုလိုက်ပြီးပါပြီ။ အဲ့ဒါတော့ တစ်ချို့တွေဆိုလို့ရှိရင် အသည်းလှူတာတို့ရှိတယ်၊ ပြီးလို့ရှိရင် တစ်ချို့တွေဆိုရင် မတော်တဆဖြစ်မှုကနေပြီးတော့ သေဆုံးသွားတဲ့အခါမှာ သူတို့ရဲ့ အသည်းတို့ ကျောက်ကပ်တို့ လှူတာတွေရှိတယ်။ လှူတာတွေရှိတဲ့အတွက် အပိုလိုဆေးရုံမှာ အသည်းအစားထိုးချင်တာပဲဖြစ်ဖြစ်၊ ကျောက်ကပ်အစားထိုးချင်တာပဲဖြစ်ဖြစ် သွားပြီးတော့မှ မှတ်ပုံတင်ထားတယ်ဆိုလို့ရှိရင် နှစ်လသုံးလပေါ့ ၊ ခြောက်လ စောင့်ရမယ်ပေါ့လေ၊ စောင့်ပြီးလို့ရှိရင် ထပ်ပြီးတော့ အသည်းဖြစ်ဖြစ်၊ နှလုံးဖြစ်ဖြစ်၊ ကျောက်ကပ်ပဲဖြစ်ဖြစ် အစားထိုးကုသလို့ရပါတယ်။ အဲ့ဒီတော့ ကျွန်တော်တို့ အိန္ဒိယနိုင်ငံကိုလည်း ဗီဇာမလိုဘဲနဲ့   သွားနိုင်တယ်၊ arrival ဗီဇာနဲ့ သွားနိုင်တယ်။ ပြီးလို့ရှိရင် လေယာဉ်နဲ့မဟုတ်ဘဲ ကုန်းလမ်းခရီးနဲ့ပေါ့နော်၊ တမူး၊ ကလေးကနေပြီးတော့မှ အိန္ဒိယနိုင်ငံ အပိုလို ဆေးရုံကို သွားရောက်ပြီးတော့ ကုသမှုခံယူနိုင်ပါတယ်ခင်ဗျား။

မေး ။  ။ ဆီးချို၊ ဟော်မုန်းရောဂါ တွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ပြည်သူလူထုကို အသိပေးလိုတာရှိရင်လည်း နိဂုံးချုပ်ကလေးပေါ့ခင်ဗျား။

ဆရာမ။ ။ ကျွန်မ ထပ်မံဖြည့်စွက်ပြောချင်တာက ဆီးချိုရောဂါနဲ့ ပတ်သက်ရင် ကျွန်မတို့ ကျောက်ကပ်တို့ နှလုံးတို့ ဖြစ်တယ်ဆိုတာတော့ လူတွေက နဲနဲလေး သိရှိနားလည်နေကြတယ်ပေါ့နော်။ ပညာပေးဟောပြောတဲ့ ဆရာတွေလည်း များတာပေါ့။ ဒါပေမယ့် ဒီဆီးချိုနဲ့ပတ်သက်ပြီး ခြေထောက်ပေါ့နော်။ အာရုံကြောတွေ သွားထိခိုက်တယ်။ သွေးကြောတွေသွားပိတ်တယ်၊ ဒါကြောင့်မို့လို့ ခြေထောက်တွေဖြတ်ပစ်ရတယ်။ အဲ့ဒီတော့ ကား အက်စီးဒင့်တွေ ဘာတွေကြောင့်မဟုတ်ဘဲနဲ့ ခြေထောက်တွေဖြတ်ပစ်ရတဲ့ အထဲက ခြောက်ဆယ် ရာခိုင်နှုန်းလောက်ဟာဆိုလို့ရှိရင် ကျွန်မတို့ ဆီးချိုရောဂါကြောင့် ဖြစ်တဲ့အနာတွေက ဖြစ်တယ်။ အဲဒါရယ် ရှစ်ဆယ်ရာခိုင်နှုန်းကလည်း ဘာမဟုတ်တဲ့ သေးသေးမွားမွားလေး အသားမာလေးကနေဖြစ်တယ်၊ ပက်ကြားအက်တာလေးကနေဖြစ်တယ်၊ ခြေစွယ်ငုတ် သွားတဲ့ဟာလေးကနေဖြစ်တယ်။ ဒီလိုတွေ ဖြစ်တတ်တဲ့အတွက် မိမိရဲ့ခြေထောက်ကိုလည်း ဆီးချိုဖြစ်လာပြီ သက်တမ်းကြာလာပြီဆိုရင်တော့ ကိုယ့်ခြေထောက်မှာ ထုံနေတဲ့နေရာရှိလား အသားရှိလား အနာတွေရှိလားကို ဂရုစိုက်ကြပါ။ အဲ့ဒါကြောင့်မို့လို့ ကျွန်မတို့ ဆေးတက္ကသိုလ် မြောက်ဥက္ကလာပ ဆေးရုံ ဟော်မုန်းရောဂါကုသရေးဌာန၊ ကျွန်မတို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဟော်မုန်းရောဂါ ကုသရေးဌာန၊ မန္တလေးပြည်သူ့ဆေးရုံကြီးရဲ့ ဆီးချိုနဲ့ ဟော်မုန်းရောဂါ ကုသရေးဌာန၊ နောက်ဆို ကျွန်မတို့ ဒီအနောက်ပိုင်းဆေးရုံက သမားတော်ကြီးကလည်း သူ့ရဲ့ OPT ထဲ မှာလုပ်ပေးနေတယ်။ ခြေထောက်တွေကို ကျွန်မတို့က စစ်ဆေး၊ ဆီးချိုလူနာတွေကို ကြည့်ပေးနေပါတယ်၊ ခြေထောက်ကလည်း neglect လုပ်မထားသင့်တဲ့၊ ဂရုစိုက်သင့်တဲ့ organ တစ်ခုဖြစ်တယ်ဆိုတာကို remind ထပ်ပြီးတော့ လုပ်ချင်ပါတယ်၊ နောက်တစ်ခုကတော့ ပြည်သူ့လူထုရေးရာ စိတ်ဝင်စားတယ်ဆိုလို့ရှိရင် မဇ္ဈိမလိုပဲ ကျွန်မတို့ ဆီးချိုရောဂါ အသင်းပေါ့ MNDA က ဆိုလို့ရှိရင် ကျွန်မတို့ Website ရှိတဲ့ အဲ့ဒီမှာဆိုရင် ကျွန်မတို့ရဲဲ့ လက်ဦးဆရာတွေပေါ့နော် ဆရာကြီးဦးတင်ဆွေလတ်နေပြီးတော့ ပညာပေးဗီဒီယိုတွေပေါ့၊ အစားအသောက်နေထိုင်မှုစနစ်တွေ ၊ ဒါတွေနဲ့ပတ်သက်ပြီး ပညာပေးရိုက်ထားတဲ့ ရှော့ဗီဒီယို ကလစ်တွေက အများကြီးပါပဲ။ အွန်လိုင်းမှာ MNDA ရဲ့ Website မှာလည်း ဝင်ရောက်ပြီးတော့ ကြည့်ရူနိုင်ကြပါတယ် ဆိုတဲ့ Information လေးလည်း ပေးချင်ပါတယ်။    ။

သွိုင်းရွိုက်ရောဂါအကြောင်း သိကောင်းစရာ - အပိုင်း ( ၁ )  အပြည့်အစုံ - http://www.mizzimaburmese.com/article/54588

သွိုင်းရွိုက်ရောဂါအကြောင်း သိကောင်းစရာ - အပိုင်း ( ၂ )  အပြည့်အစုံ - - http://www.mizzimaburmese.com/article/54648

သွိုင်းရွိုက်ရောဂါအကြောင်း သိကောင်းစရာ - အပိုင်း ( ၃ )  အပြည့်အစုံ -- http://www.mizzimaburmese.com/article/54818

သွိုင်းရွိုက်ရောဂါအကြောင်း သိကောင်းစရာ - အပိုင်း (၄ )  အပြည့်အစုံ -- http://www.mizzimaburmese.com/article/54908

သွိုင်းရွိုက်ရောဂါအကြောင်း သိကောင်းစရာ - အပိုင်း ( ၅ )  အပြည့်အစုံ -http://www.mizzimaburmese.com/article/55010

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly