ကျောက်ဆည်တွင် စိတ်ကြွရူးသွပ်ဆေးပြား (၁၃၅၀)ပြား ဖမ်းဆီးရမိ

ကျောက်ဆည်တွင် စိတ်ကြွရူးသွပ်ဆေးပြား (၁၃၅၀)ပြား ဖမ်းဆီးရမိ

မန္တလေး၊မတ် ၁ ။       ။     မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ တံစိုးဂိတ်ရပ်ရှိ နေအိမ်တစ်ခုကို (၂၀၁၉)ခုနှစ် မတ်လ(၁)ရက် နံနက်(၈)နာရီက မူးယစ်သတင်းအရ ဝင်ရောက်စစ်ဆေးရာမှာ စိတ်ကြွရူးသွပ်ဆေးပြားဟုယူဆရသော 88/1 စာတမ်းပါ ဆေးပြား (၁၃၅၀)ပြား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မတ်လ(၁)ရက် နံနက်ပိုင်းက ကျောက်ဆည်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၌ ခရိုင်မှုခင်းနှိမ်နင်းရေး တာဝန်များ ဆောင်ရွက် နေစဉ် ကျောက်ဆည်မြို့၊အေးမြကြည်လင်ရပ်ကွက်၊ တံစိုးရပ်နေ ပွကြီး(ခ)ဇော်မင်း နေအိမ်တွင် မူးယစ်ဆေးဝါး များရောင်းချနေကြောင်း သတင်းအရ ပွကြီး(ခ)ဇော်မင်းဌေးအားနေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ဇော်မင်းဌေး အား အသင့်တွေ့ရှိခဲ့သည်။

ထို့နောက် ၄င်းနေအိမ် အပေါ်ထပ် အိပ်ခန်းယာဘက်ဘေး ပြတင်းတံခါးဘောင်တွင် ချိတ်ထားသော WILD SPORTS စာတမ်းပါ အစိမ်းရောင်စွမ်းအနွေးထည် အင်္ကျီယာဘက်အိပ်ကပ်အတွင်းမှ ပန်းရောင် လက် ကိုင်ပုဝါ အဟောင်းဖြင့်ထုပ်လျက် ကမ္ဘာလုံးတံဆိပ်ပါ အပြာရောင်ပလပ်စတစ် ကပ်ခွာအိတ် အတွင်းထည့်ထားသော စိတ်ကြွရူးသွပ်ဆေးပြားဟုယူဆရသော 88/1 စာတမ်းပါ ပန်းရောင်ဆေးပြား(၃၅၀)ပြားပါ(၁)ထုပ်၊ အလျား (၁၈ လက်မ၊ အနံ ၁၅ လက်မ)ခန့်ရှိ အပြာ/အနက်ရောင် ကွပ်စိတ်ပုဆိုးပိုင်းစဖြင့် ထုပ်လျှက် ကမ္ဘာလုံးတံဆိပ်ပါ အပြာရောင်ပလပ်စတစ်ကပ်ခွာအိတ်အတွင်းထည့်ထားသော စိတ်ကြွ ရူးသွပ်ဆေးပြားဟု ယူဆရသော 88/1 စာတမ်းပါ ပန်းရောင်ဆေးပြား(၂၀၀)ပြားပါ (၅)ထုပ်၊ (၁၀၀၀)ပြား၊စုစုပေါင်း ဆေးပြား(၁၃၅၀)ပြား၊ အလေး ချိန်(၁၃၅)ဂရမ်ခန့်အား ရှာဖွေစစ်ဆေးတွေ့ရှိခဲ့ရာကျွန်တော်မှ သက်သေများရှေ့ရှာဖွေပုံစံဖြင့် သိမ်းဆည်း ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အဆိုပါအမှုအတွက် ပွကြီး(ခ)ဇော်မင်းဌေး (ဘ)ဦးပန် အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly