ပရီးမီးယားလိဂ် တန်းဆင်းဇုန်ထဲရောက်နေလို့ ဖူလ်ဟမ်အသင်း ရာနီရေးရီကို ရာထူးမှ ထုတ်ပယ်

ပရီးမီးယားလိဂ် တန်းဆင်းဇုန်ထဲရောက်နေလို့ ဖူလ်ဟမ်အသင်း ရာနီရေးရီကို ရာထူးမှ ထုတ်ပယ်
Photo: EPA

ဖူလ်ဟမ်အသင်းဟာ အသင်းရလဒ်ဆိုးရွားနေတာကြောင့် နည်းပြ ရာနီရေးရီကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။ 

ဖူလ်ဟမ်အသင်းဟာ လက်ထောက်နည်းပြနဲ့ ကွင်းလယ်လူဟောင်း စကော့ပါကားကို ရာသီကုန်အထိ ယာယီနည်းပြအဖြစ် ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။

ရာနီရေးရီဟာ ရာထူးကနေ ထုတ်ပယ်ခံရချိန်မှာ အသင်းကို ၁၇ ပွဲသာ ကိုင်တွယ်ထားရသေးသလို ရက်ပေါင်းအနေနဲ့ ၁၀၆ ရက်သာကြာမြင့်လို့ ပရီးမီးယားလိဂ်သမိုင်းမှာ နည်းပြရာထူးသက်တမ်း အတိုဆုံး ၇ ဦးမြောက်ဖြစ်ခဲ့ပါတယ်။

ဖူဟမ်အသင်းဟာ ပြီးခဲ့တဲ့ နိုင်ဝင်ဘာလက နည်းပြ ဂျိုကာနိုဗစ်ရဲ့ နေရာမှာ ရာနီရေးရီနဲ့ အစားထိုးပြောင်းလဲခန့်အပ်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ ဖူလ်ဟမ်အသင်းဟာ အမှတ်ပေးဇယားအဆင့် ၁၉ နေရာမှာ ရပ်တည်နေပါတယ်။

Ref; Goal

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly