ဗင်နီဇွဲလားမှာ သမ္မတရွေးကောက်ပွဲ ကျင်းပဖို့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ကို တရုတ်နဲ့ ရုရှ ဗီတိုသုံး ပယ်ချ

ဗင်နီဇွဲလားမှာ သမ္မတရွေးကောက်ပွဲ ကျင်းပဖို့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ကို တရုတ်နဲ့ ရုရှ ဗီတိုသုံး ပယ်ချ

ကုလသမဂ္ဂ၊ မတ် ၁ ။      ။   ဗင်နီဇွဲလားမှာ သမ္မတရွေးကောက်ပွဲသစ်ကျင်းပရေးနဲ့ လူသားချင်းစာနာထောက်ထားရေး အကူအညီတွေ အတားအဆီး မရှိ ပေးပို့ခြင်းတွေအတွက် တိုက်တွန်းတဲ့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ရုရှနဲ့ တရုတ်က ဗီတိုအာဏာသုံး ပယ်ချလိုက်ပါတယ်။

ပြင်သစ်၊ ဂျာမနီနဲ့ ဗြိတိန်တို့ကတော့ အမေရိကန် အဆိုပြုတဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံကြပြီး တောင်အာဖရိကနိုင်ငံက မဲမပေးဘဲ နေကာ အင်ဒိုနီးရှား၊ အီကွေတာဂီနီနဲ့ အိုင်ဗရီကို့စ်နိုင်ငံတို့ကတော့ ကြားနေခဲ့ကြပါတယ်။

စီးပွားရေးကပ်ဆိုက်နေတဲ့ ဗင်နီဇွဲလားနိုင်ငံမှာ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတဲ့ အခြေအနေရှိနေပါတယ်။

နိုင်ငံရဲ့ အတိုက်အခံခေါင်းဆောင် လွှတ်တော်ဥက္ကဌဖြစ်သူ ဂွါဒိုက ကိုုယ်ကိုကို ကြားဖြတ်သမ္မတအဖြစ် ကြေညာထားပြီး အနောက်အုပ်စုနိုင်ငံအများစုက အသိအမှတ်ပြုထားတာကြောင့် နိုင်ငံရေးချောင်ပိတ်နေတဲ့ အနေအထားမှာလည်း ရှိနေပါတယ်။

လက်ရှိသမ္မတ မာဒူရိုက ပြီးခဲ့တဲ့နှစ်ကမှ ရွေးကောက်ပွဲမှာ ဒုတိယသက်တမ်း ထပ်မံအရွေးခံရပြီး အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုရဲ့ ရွေးကောက်ပွဲ ထပ်မံကျင်းပဖို့ကို ငြင်းပယ်ထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly