အကျိုးတူ ပူးပေါင်းပြုလုပ်နိုင်ဖို့အတွက် လာလီဂါမှ တာဝန်ရှိသူများ ရန်ကုန်အသင်းနဲ့ လာရောက်ဆွေးနွေး

အကျိုးတူ ပူးပေါင်းပြုလုပ်နိုင်ဖို့အတွက် လာလီဂါမှ တာဝန်ရှိသူများ ရန်ကုန်အသင်းနဲ့ လာရောက်ဆွေးနွေး
Photo: YUFC

ဖေဖော်ဝါရီ ၂၈ ရက်၊ ညနေပိုင်းက စပိန်လာလီဂါအဖွဲ့ချုပ်မှ တာဝန်ရှိသူတွေဟာ အကျိုးတူမိတ်ဖက်ပြုလုပ်နိုင်ဖို့အတွက် မြန်မာနေရှင်နယ်လိဂ်ကလပ် ရန်ကုန်အသင်းမှ တာဝန်ရှိသူတွေနဲ့ လာရောက်ကမ်းလှမ်းဆွေးနွေးခဲ့တယ်လို့ ရန်ကုန်အသင်းရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့ပါတယ်။

စပိန်လာလီဂါအဖွဲ့ချုပ်မှ မန်နေဂျင်းဒါရိုက်တာ အိုင်ဗန်ကိုဒီနာ၊ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံများရဲ့ ကိုယ်စားလှယ် ဂျို့စ်မာရီယာတို့ဟာ ရန်ကုန်အသင်းနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ဖို့ စိတ်ဝင်စားတာကြောင့် လာရောက်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

အဆိုပါဆွေးနွေးပွဲမှာ မြန်မာ့ဘောလုံးလောက တိုးတက်ရေး၊ လူငယ်ဖွ့ံဖြိုးရေးနဲ့ စျေးကွက်ချဲ့ထွင်ရေး အစီအစဉ်တွေနဲ့ပတ်သက်ပြီး အဓိကထား ဆွေးနွေးမှုပြုလုပ်ခဲ့ကြပါတယ်။

ရန်ကုန်အသင်းမှ တာဝန်ရှိသူတွေကလည်း လာလီဂါအဖွဲ့ချုပ်မှ တာဝန်ရှိသူတွေရဲ့ ဆွေးနွေးမှုများအပေါ် အပြန်အလှန်ဆွေးနွေးခဲ့ကာ ရန်ကုန်ယူနိုက်တက် မြက်ခွင်းတုကွင်း၊ ဖူဆယ်ကွင်းနဲ့ ကိုယ်ကာယလေ့ကျင့်ရေးခန်းမတွေကို လေ့လာခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly