ဒုတိယအကြိမ် ကမ္ဘာ့ဘိလိယက်နှင့်စနူကာပြိုင်ပွဲကို မန္တလေးမြို့တွင် ကျင်းပမည်

ဒုတိယအကြိမ် ကမ္ဘာ့ဘိလိယက်နှင့်စနူကာပြိုင်ပွဲကို မန္တလေးမြို့တွင် ကျင်းပမည်

ဖေဖော်ဝါရီလ ၂၈ ။             ။ ဒုတိယအကြိမ်အဖြစ်ကျင်းပမည့် ကမ္ဘာ့ဘိလိယက်နှင့်စနူကာပြိုင်ပွဲကိုမန္တလေးမြို့၌ လာမည့် စက်တင်ဘာလ ၉ ရက်နေ့ မှ၂၆ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်ထံမှသိရသည်။

"လုပ်မဲ့နေရာကတော့ မန္တလေးမှပဲ ကျင်းပပါမယ်။ နေရာကတော့ မန္တလေး ဝန်ကြီးချုပ်နဲ့ အဖွဲ့ချုပ်ဥက္ကဋ္ဌ တို့ အစည်း အဝေးလုပ်ပြီးမှ သိရပါမယ်။ဘိလိယက် 150 point  နဲ့ Long point 150 နှစ်ခုရှိပါတယ်။စနူကာ မာစတာရှိတယ်။စနူက ရိုးရိုးပြိုင်ပွဲရှိတယ်။အမျိုးသမီး စနူကာပြိုင်ပွဲလည်းရှိပါတယ်။ဘိလိယက်ကစားသမား ခြောက်ယောက်။စနူက ကစားသမား က ခြောက်ယောက် ။မာစတာ ပြိုင်ပွဲမှာက လေးယာက် ။အားလုံး၁၆ ယောက် ဝင်ရောက်ယှဉ်ပြိုင်ဖို့လုပ်ထားပါတယ်။အမျိုးသမီးစနူကာတော့ ဝင်မကစားတော့ဘူး " ဟု မြန်မာနိုင်ငံ ဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးခင်မောင်ဦး က ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ဘိလိယက်နှင့် စနူကာပြိုင်ပွဲကို ၂နှစ်ဆက်တိုက် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိခဲ့ပြီး ကမ္ဘာ့ဘိလိယက်နှင့်စနူကာပြိုင်ပွဲပထမအကြိမ်ကို၂၀၁၈ နိုဝင်ဘာလ ၁၂ ရက်နေ့မှ ၂၇ ရက်နေ့အထိ ရန်ကုန်မြို့တွင်ကျင်းပခဲ့ကြောင်း  နိုင်ငံပေါင်း ၃၆ နိုင်ငံမှ အားကစားသမား ၁၉၇ ဦး က ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ကရန်ကုန်မြို့တွင် ပထမအကြိမ်ကျင်းပခဲ့သည့် ကမ္ဘာ့ဘိလိယက်နှင့် စနူကာပြိုင်ပွဲ တွင် မြန်မာကစားသမား နေသွေးအောင်က ၁၅၀ point ပြိုင်ပွဲ ၏ ဗိုလ်လုပွဲတွင် အိန္ဒိယကစားသမား အက်ဗာနီ ကို ရှုံးနိမ့်ခဲ့ကာ ဒုတိယဆု သာရရှိခဲ့တာဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly