ပေါ်တော်မူသီရိ သျှီဝ ရှန်ခိုက်ဘုရားပွဲတော်သို့ ဘုရားဖူးဓမ္မမိတ်ဆွေများ လာရောက်ရန် ဖိတ်ခေါ်

ပေါ်တော်မူသီရိ သျှီဝ ရှန်ခိုက်ဘုရားပွဲတော်သို့ ဘုရားဖူးဓမ္မမိတ်ဆွေများ လာရောက်ရန် ဖိတ်ခေါ်

ဖေဖော်ဝါရီ ၂၇ ။          ။ ရှမ်းပြည်နယ်၊ လားရှိုးမြို့အနီးရှိ ပေါ်တော်မူသီရိ သျှီဝ ရှန်ခိုက်ဘုရားပွဲတော်(၂၀၁၉) ကို လာမည့် မတ်လ ၂ ရက်မှ ၄ ရက်နေ့အထိ ကျင်းပမည် ဖြစ်ကြီး ဘုရားဖူးဓမ္မမိတ်ဆွေများ လာရောက်ရန် ဖိတ်ခေါ်ထားသည်။

နှစ်စဉ် ကျင်းပမြဲဖြစ်သောဟိန္ဒူဘာသာဝင်တို့၏ ယင်းပွဲတော်တွင် ဆိုင်ခန်းများ၊ စျေးတန်းများ၊ သက်သက်လွတ်ကျွေးမွေးဧည့်ခံခြင်းများပါဝင်ပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်ရန် ဖိတ်ခေါ်ထားခြင်း ဖြစ်သည်။

ယခုပွဲတော်သို့ အိန္ဒိယသံမတ်ကြီး၊ နီပေါ သံအမတ်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ် ဖောင်ဒေးရှင်းအဖွဲ့ချုပ်တို့ကိုပါ ဖိတ်ကြားထားကြောင်း ကျင်းပရေးကော်မတီထံမှ သိရသည်။

အဆိုပါ ပွဲတော်တွင် နိုင်ငံကျော် အဆိုတော် L-ဆိုင်းဇီ နှင့် ဂျူးဂျူးက ဘုရားဖူး ဓမ္မမိတ်ဆွေအပေါင်းအား တေးသီချင်းများဖြင့် လာရောက်ဖျော်ဖြေပေးမည် ဖြစ်ပြီး Mr. & Mrs. Jeevan Music Band (Yangon)  နှင့် Vijay Dancer Group(Yangon) က Bollywood တေးသီချင်းများ နှင့် Dance Performances များဖြင့် လာရောက်ဖျော်ဖြေပေးမည်ဟု သိရသည်။

ထို့ပြင် ဘုရားပွဲ​တော်​ကာလတွင်​ လုံခြုံရေးအတွက်  စီစဉ်ဆောင်ရွက်ထားပြီး ခိုက်​ရန်​ဖြစ်​ပွားမှုများ၊ ဒုစရိုက်​မှုများ၊ ခိုးဆိုးလုနှိုက်​မှုများ စသည်​ဖြင်​့ မလိုလားအပ်​​သော ပြသနာများအား တားဆီးကာကွယ်​နိုင်​​​စေရန်​ စီစီတီဗီများပါ တပ်ဆင် ဆောင်ရွက်ထားသည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required