လက်စတာစီးတီးနည်းပြအဖြစ် ဘရန်ဒန် ရော်ဂျာ ခန့်အပ်ခံရ

လက်စတာစီးတီးနည်းပြအဖြစ် ဘရန်ဒန် ရော်ဂျာ ခန့်အပ်ခံရ

ဘရန်ဒန် ရော်ဂျာဟာ ဆဲလ်တစ်နည်းပြ ရာထူးမှ ထွက်ခွာသွားပြီးနောက် လက်စတာစီးတီးအသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခံရတယ်လို့ သိရပါတယ်။

လက်စတာအသင်းကို ၁၆ လကြာ ကိုင်တွယ်အပြီး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရာထူးမှ ထုတ်ပယ်ခံရတဲ့ ပြင်သစ်နည်းပြ ပူရယ်လ်ရဲ့ နေရာမှာ ရော်ဂျာက အစားထိုးဝင်ရောက်တာဖြစ်ပါတယ်။

အသက် ၄၆ နှစ်အရွယ်ရှိ မြောက်အိုင်ယာလန်လူမျိုးနည်းပြ ရော်ဂျာဟာ လက်စတာအသင်းနဲ့ ၂၀၂၂ ခုနှစ်၊ ဇွန်လအထိ စာချုပ်လက်မှတ်ရေးထိုးခဲ့တာပါ။

ဒါ့ကြောင့် အရင်က လီဗာပူးလ်နဲ့ ဆွမ်းဆီးစီးတီးအသင်းတို့ကို ကိုင်တွယ်ခဲ့တဲ့ ရော်ဂျာအတွက် ပရီးမီးယားလိဂ်ဆီ တကျော့ပြန် ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။

"ကလပ်အသင်းရဲ့ ပရိသတ်တွေ ဂုဏ်ယူနိုင်စေဖို့ ကျနော် ဘဝနဲ့ရင်းပြီး ပေးဆပ်သွားမှာပါ။"လို့ ရော်ဂျာက ပြောပါတယ်။

သူဟာ အင်္ဂါနေ့က လက်စတာအသင်း ဘရိုက်တန်ကို ၂-၁ ဂိုးနဲ့ အနိုင်ရတဲ့ ပွဲကို ပွဲကြည့်စင်ကနေ လာရောက်အားပေးခဲ့ပြီး ပွဲအပြီးမှာတော့ အဝတ်လဲခန်းမှာ ကစားသမားတွေကို သွားရောက်တွေ့ဆုံ စကားပြောခဲ့ပါတယ်။

"လက်တစာအသင်းကို ကိုင်တွယ်နည်းပြခွင့်ရတဲ့အတွက် ကျနော် အရမ်းဂုဏ်ယူမိပါတယ်။ အတူတကွလုပ်ဆောင်မယ်ဆိုရင် ကျနော်တို့ဟာ တောင့်တင်းလာပါလိမ့်မယ်။ ကျနော့်အနေနဲ့ ရှေ့လျှောက် မှန်ကန်တဲ့ ခြေလှမ်းတွေ လှမ်းနိုင်ဖို့ ကစားသမားတွေ၊ ဝန်ထမ်းတွေနဲ့ ပရိသတ်တွေနဲ့အတူ လက်တွဲလုပ်ဆောင်နိုင်ဖို့အတွက် မျှော်လင့်ထားပါတယ်။"လို့ သူက ပြောပါတယ်။

ဆဲလ်တစ်ကတော့ ထွက်ခွာသွားတဲ့ ရော်ဂျာနေရာမှာ နီးလ် လီနွန်ကို ယာယီနည်းပြအဖြစ် ရာသီကုန်အထိ အစားထိုး တာဝန်ပေးလိုက်ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly