သင်္ကြန်သံချပ်အဖွဲ့များ ခွင့်ပြုချက်မတင်ပါက ဖျော်ဖြေခွင့်မပြု

သင်္ကြန်သံချပ်အဖွဲ့များ ခွင့်ပြုချက်မတင်ပါက ဖျော်ဖြေခွင့်မပြု
၂၀၁၈ခုနှစ်သင်္ကြန်က မန္တလေးမဟာသင်္ကြန်တွင် သံချပ် လာရောက်ယှဉ်ပြိုင်ပုံများကို တွေ့မြင်ရစဉ်။ ဓာတ်ပုံ - အောင်ကိုဦး

ရန်ကုန်၊ဖေဖော်ဝါရီ ၂၆ ။                ။ ရန်ကုန်မြို့တွင် သင်္ကြန်တွင်းသံချပ်အဖွဲ့များအနေဖြင့် သီချင်းများ၊သံချပ်များကို ခွင့်ပြုချက်မတင်ပါက သင်္ကြန်မဏ္ဍပ်များတွင် ဖျော်ဖြေခွင့်ပြုမည်မဟုတ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

" ခွင့်ပြုချက်မတင်တဲ့ သံချပ်အသင်းအဖွဲ့တွေကိုတော့ မဏ္ဍပ်တွေမှာ သံချပ်ပြိုင်တာတွေ၊ သံချပ်ထိုး ဖျော်ဖြေ  တာတွေကို ခွင့်ပြုမှာမဟုတ်ဘူး။ တရားဝင်ခွင့်ပြုချက်တင်တဲ့ သံချပ်ပြိုင်ပွဲတို့၊ ဖျော်ဖြေတာတွေ ကိုသာ ခွင့်ပြုသွားမယ်" ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင် ( ၄ )ဒေါ်မေမေသွယ်က ပြောသည်။

သင်္ကြန်မဏ္ဍပ်များတွင် ဖျော်ဖြေကြမည့် သံချပ်အဖွဲ့များအနေဖြင့် သီချင်း၊သံချပ်စာသားများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံသို့ သတ်မှတ်ရက်အတွင်း လာရောက်တင်ပြရမည်ဖြစ်ပြီး  ပြည်ထောင်စုမပြို ကွဲရေး၊ တိုင်းရင်း သား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို ထိခိုက်မှု မရှိစေရန်နှင့်  ဘာသာရေး၊လူမျိုးရေးထိခိုက်စေသည့် အသုံးအနှုန်းများ မပါဝင်စေရေးနှင့် နိုင်ငံတော်၊ အဖွဲ့ အစည်း၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ဂုဏ်သိက္ခာ ညှိုးနွမ်းစေသည့်သဘော မျိုးမပါရှိစေရေး၊ ရိုင်းပျ သည့် အသုံးအနှုန်းဟန်ပန်အမူအရာများ မပါရှိစေရေးစသည့် အချက်တို့ကို ခွင့်မပြုခဲ့ကြောင်း ရန်ကုန်မဟာ သင်္ကြန် သီချင်း၊ သံချပ်စိစစ်ကြပ်မတ်ရေးလုပ်ငန်းကော်မတီမှ ကြေညာခဲ့ကြောင်း သိရသည်။

"ခါတိုင်းနှစ်လိုပါပဲ။ သတင်းစာကနေ ကြော်ငြာထည့်မယ်။ဘယ်နေ့ကနေစပြီး သင်္ကြန်သံချပ် စာသားတွေကို တင်လို့ရပြီလို့ သတင်းစာထဲ ထည့်မှာပါ။ဒီနှစ်ကတော့ မနှစ်ကထက်စောပြီး ရက်နည်းနည်းခွာထည့်ပါမယ်။ သူတို့လဲအချိန်ရအောင် အန်တီတို့လည်း အချိန်ရအောင်ပါ" ဟု ဒေါ်မေမေသွယ်က ဆက်ပြောသည်။

၂၀၁၅ခုနှစ်သင်္ကြန်တွင် သံချပ်အဖွဲ့ ၁၈ဖွဲ့၊၂၀၁၆ခုနှစ်သင်္ကြန်တွင် သံချပ်အဖွဲ့ ၂ဝကျော်၊ ၂၀၁ရခုနှစ် သင်္ကြန် တွင် သံချပ်အဖွဲ့ ၂၈ဖွဲ့နှင့် ၂၀၁၈ခုနှစ်သင်္ကြန်တွင် သံချပ်အဖွဲ့ ၂ဝကျော်ဖျော်ဖြေခဲ့ကြောင်း သံချပ်ဖျော်ဖြေရေး အဖွဲ့များထံမှ သိရှိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly