နေရပ်ပြန်ပို့ရေးကိစ္စမှာ ပေးထားတဲ့ကတိအတိုင်း မြန်မာဘက်က လုပ်ဆောင်နေခြင်းမရှိဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ပြော

By Daily Star
26 February 2019
နေရပ်ပြန်ပို့ရေးကိစ္စမှာ ပေးထားတဲ့ကတိအတိုင်း မြန်မာဘက်က လုပ်ဆောင်နေခြင်းမရှိဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ပြော
Dr Paul Connet and Ellen Connet, the recipients of “Friends of Bangladesh’s Liberation War Honour”, pay a courtesy call on Prime Minister Sheikh Hasina at her Jatiya Sangsad Office in Dhaka on February 25, 2019. Photo: PID

ဖေဖော်ဝါရီ ၂၆ ။            ။ ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာဖော်ပြ ) တွေကို မူလနေရပ် ပြန်ပို့ရေးကိစ္စမှာ ဘင်္ဂလားဒေ့ရှ်နဲ့အကြား သဘောတူထားတဲ့ ကတိကဝတ်အတိုင်း မြန်မာဘက်က လုပ်ဆောင်နေခြင်း မရှိ ဆိုပြီး ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ် ဟာစီနာက ပြောဆိုလိုက်ပါတယ်။

" နေရပ်ပြန်ရေးနဲ့ပတ်သက်လို့ မြန်မာနဲ့ ကျွန်မတို့အကြား ဆွေးနွေးပြောဆိုမှုတွေလုပ်ခဲ့သလို သဘောတူညီချက်တွေလည်း လက်မှတ်ထိုးခဲ့ပါတယ်၊ ဒါပေမယ့် မြန်မာအစိုးရအနေနဲ့ ဒါနဲ့ ပတ်သက်လို့ လုပ်ဆောင်နေခြင်း မရှိပါဘူး" ဆိုပြီး ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က ပြောပါတယ်။

အဆိုပါမှတ်ချက်စကားတွေကိုတော့ ဟာစီနာက  “Friends of Bangladesh’s Liberation War Honour ” ဆုချီးမြှင့်ခံရသူတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်က  သူမရဲ့ ရုံးခန်းမှာ လက်ခံ တွေ့ဆုံစဉ် ပြောဆိုသွားခြင်း ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ ကော့ဇ်ဘဇားနယ်ထဲကို ဘင်္ဂါလီတွေ အစုလိုက်အပြုံလိုက်ဝင်ရောက်မှုနဲ့ စပ်လျဉ်းလို့လည်း ဘင်္ဂါလီ ဦးရေဟာ ဒေသခံ ဦးရေထက်တောင် ပိုများနေပြီဖြစ်ကြောင်း သူက ပြောဆိုသွားခဲ့ပါသေးတယ်။

တစ်ချိန်တည်းမှာလည်းပဲ နေရပ်စွန့်ခွာ ဘင်္ဂါလီတွေကို ယာယီနေရာပေးဖို့အတွက် ကျွန်းတစ်ကျွန်းကို စီစဉ်နေလျက် ရှိကြောင်း ၎င်းက ထပ်လောင်းပြောသွားပါတယ်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly