မိတ္ထီလာမြို့တွင် အဋ္ဌမတန်းကျောင်းသူအား အဓမ္မပြုကျင့်မှုဖြစ်ပွား

By တင်ရွှေ(မဇ္ဈိမ)/ထီလာ ကိုငယ်လေး
26 February 2019
မိတ္ထီလာမြို့တွင် အဋ္ဌမတန်းကျောင်းသူအား အဓမ္မပြုကျင့်မှုဖြစ်ပွား

မိတ္ထီလာ၊ဖေဖော်ဝါရီ ၂၆ ။               ။ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့တွင် အဋ္ဌမတန်းကျောင်းသူတစ်ဦးအား အလိုမတူဘဲ သားမယားပြုကျင့်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း မိတ္ထီလာမြို့မရဲစခန်းမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ မိတ္ထီလာမြို့၊ နယ်မြေ(၁၃) အောင်ဇေယျာရပ်ကွက်တွင်နေထိုင်သော ဒေါ်……… (၄၈)နှစ် (ဘ)ဦး……၏ တူမဖြစ်သူ မ…….(၁၃)နှစ် (၆)လကို နေအိမ်မြောက်ဘက်ကပ်လျက်တွင်ရှိသော ဒေါ်နွယ်နီ၏ နေအိမ်သို့ စာကျက်ရန်စေလွှတ်ခဲ့ရာ (၁၅)မိနစ်ခန့် အကြာတွင် မ……..၏ညီမဖြစ်သူ မ……ရောက်ရှိလာပြီး ဒေါ်နွယ်နီ၏စာကျက်ဝိုင်းသို့ မ……… ရောက်ရှိလာခြင်းမရှိကြောင်း ပြောပြခဲ့သည်။

စာကျက်ဝိုင်းသို့ မရောက်ရှိလာခြင်းကြောင့် နေအိမ်အနီးဝန်းကျင်နှင့်ရပ်ကွက်အတွင်းသို့ လိုက်လံရှာဖွေနေစဉ် ဆိုင်ကယ်တစ်စီးမှာ နေအိမ်ရှေ့လမ်းအတိုင်း အနောက်မှအရှေ့သို့ အရှိန်ပြင်းစွာ မောင်းနှင်သွားသည်ကို တွေ့ရှိရသဖြင့် ကြည့်ရှု့ခဲ့ရာ ၎င်းဆိုင်ကယ်အား မိတ္ထီလာမြို့၊ နယ်မြေ(၁၅) အောင်ဇေယျာ ရပ်ကွက်တွင် နေထိုင်သော ဝေယံထွန်း (၂၄)နှစ် (ဘ)ဦးထွန်းငွေ မောင်းနှင်ပြီး နောက်တွင် မ…… ထိုင်လိုက် သွားသည်ကို တွေ့ရှိသဖြင့် ၎င်းဆိုင်ကယ်နောက်သို့ လိုက်သွားခဲ့ရာ ချည်စက်ရပ်ကွက် ဓမ္မာရုံအနီးတွင် တားဆီးရမိခဲ့သည်။

 ထို့နောက် ချည်စက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်ပြီးမေးမြန်းခဲ့ရာ မ……..၏ ပြောပြချက်အရ ၎င်းမှာ ၂၀၁၉ ဖေဖော်ဝါရီ ၂၄ရက် ညရနာရီ ၄၅မိနစ်အချိန်ခန့်တွင် ဒေါ်နွယ်နီ၏ စာကျက်ဝိုင်းသို့ တစ်ဦးတည်း သွားရောက်ခဲ့ရာ ဒေါ်နွယ်နီ၏နေအိမ်အရှေ့လမ်းထောင့်တွင် တစ်ရပ်ကွက်တည်းနေ ဝေယံထွန်းနှင့်တွေ့ဆုံ ခဲ့ပြီး ဝေယံထွန်းမှ ဆိုင်ကယ်ဖြင့်ခေါ်ဆောင်သွားသဖြင့် လိုက်ပါသွားရာ ယင်းည ၈နာရီအချိန်ခန့်တွင် သဲတောလေး ကျေးရွာမြောက်ဘက်ရှိ သံလမ်းဘေးတွင် ဆိုင်ကယ်အားရပ်၍ ၎င်းအားအလိုမတူဘဲ သားမယား အဖြစ် တစ်ကြိမ်ပြုကျင့်ခဲ့ပြီးနောက် ရပ်ကွက်အတွင်းသို့ ဆိုင်ကယ်နှင့်ပြန်လိုက်ပို့ခဲ့စဉ် ဒေါ်စန်းစန်းသွယ်တို့နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မ……အား အလိုမတူဘဲ သားမယားပြုကျင့်ခဲ့သူ ဝေယံထွန်းအား ဥပဒေအရ အရေးယူ ပေးပါရန် ဒေါ်စန်းစန်းသွယ်မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် မိတ္ထီလာမြို့မရဲစခန်း (ပ)၇၇/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ-၃၆၃/၃၇၆ဖြင့် အမှု့ဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly