အင်ဒိုနီးရှားတောမီး စံချိန်တင် အဆိုးဝါးဆုံး ဖြစ်လာနိုင်

အင်ဒိုနီးရှားတောမီး စံချိန်တင် အဆိုးဝါးဆုံး ဖြစ်လာနိုင်

ဂျာကာတာ၊ အောက်တိုဘာ ၂ ။              ။ ပိတ်ဆို့နေသော မြူများထဲမှ အရှေ့တောင်အာရှကို လွှမ်းခြုံနေသော တောမီးများသည် စံချိန်တင်အဆိုးဝါးဆုံးဖြစ်လာနိုင်သည့် လမ်းကြောင်းပေါ်တွင် ရှိနေသည်ဟု သိပ္ပံပညာရှင်များက သတိပေးလိုက်သည်။ ရှည်လျားနေသည့် ခြောက်သွေ့ရာသီဥတုကလည်း အကျပ်အတည်းကို ထိန်းချုပ်ရေးအား ဟန့်တားနှောက်ယှက်လျက်ရှိသည်။

မလေးရှား၊ စင်ကာပူနှင့် အင်ဒိုနီးရှား၏ ကျယ်ပြန့်လှသည့် ဒေသများတွင် တရားမဝင်ရှင်းလင်းသည့်အနေဖြင့် မီးရှို့လိုက်သော သစ်ဆွေးများ၊ စိုက်ခင်းများမှ မီးခိုးများ၏ ဒဏ်ကိုခံစားနေရသည်မှာ သီတင်းပတ်များစွာကြာမြင့်နေပြီဖြစ်သည်။ ခြောက်သွေ့သည့် ရာသီအတွင်း ဒေသတွင်းတွင် ယင်းအကျပ်အတည်းဒဏ်ကို နှစ်စဉ်လိုလို ခံစားနေရသည်။ 

လေယာဉ်ပျံသန်းမှုများဆင်းသက်ပေးရခြင်း၊ ကျောင်းများပိတ်ရခြင်းနှင့် ညစ်ညမ်းမှုပမာဏအန္တရာယ်ဖြစ်လောက်အောင် မြင့်မားလာခြင်းတို့ကြောင့် အိမ်နီးချင်းနိုင်ငံများကြား သံတမန်ရေးတင်းမာမှုများလည်း ဖြစ်ပေါ်လေ့ရှိသည်။

သို့သော်လည်း လက်ရှိဖြစ်ပေါ်နေမှုမှာ အယ်နီညို(ရေနွေးစီးကြောင်း)ရာသီဥတုစနစ်က အင်ဒိုနီးရှားတွင် ခါတိုင်းထက် ပိုမိုခြောက်သွေ့နေသည်။

ယခုနှစ်ဖြစ်ပေါ်နေသည့်လမ်းကြောင်းမှာ စံချိန်တင်အဆိုးဝါးဆုံးမြူများကျရောက်မှုအဖြစ် ကျယ်ပြန့်စွာယူဆခဲ့ကြသည့် ၁၉၉၇ခုနှစ်က လမ်းကြောင်းအတိုင်းရှိနေပြီး မကြုံစဖူးပိုမိုကြီးမားသည့်ပမာဏဖြင့် ပိုမိုဆိုးဝါးလာနိုင်သည်ဟု နာဆာမှ သိပ္ပံပညာရှင်များက သတိပေးလျက်ရှိသည်။

"စင်ကာပူနဲ့ အရှေ့တောင် ဆူမာတြားကျွန်းက အခြေအနေတွေက ၁၉၉၇ခုနှစ်က အခြေအနေနဲ့နီးစပ်နေပါတယ်"ဟု နာဆာ၏ ဂေါ့ဒတ်အာကာသလေ့လာရေးအင်စတီကျုအခြေပြု ကိုလမ်ဘီယံတက္ကသိုလ်မှ သိပ္ပံပညာရှင် ရောဘတ်ဖီးလ်၏ ပြောကြားချက်ကို အမေရိကန်သိပ္ပံအေဂျင်စီက ကိုးကားဖော်ပြခဲ့သည်။” ပိုမိုရှည်ကြာတဲ့ ခြောက်သွေ့တဲ့ရာသီဖြစ်မယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ဆက်မှန်ရင်တော့ ၂၀၁၅ခုနှစ်ဟာ စံချိန်တင်အဆိုးဝါးဆုံးဖြစ်ရပ်ထဲ ပါနေမှာပါ"ဟု ၎င်းကဆိုသည်။

ယခုအခြေအနေမှာ ၁၉၉၇ခုနှစ်ကနှင့် နီးစပ်နေကြောင်း အင်ဒိုနီးရှားအခြေစိုက် နိုင်ငံတကာသစ်တောသုတေသနစင်တာမှ မီးခိုးမြူကျွမ်းကျင်သူတစ်ဦးဖြစ်သူ ဟယ်ရီပါနိုမိုကလည်း သဘောတူသည်။ ယခုနှစ်တောမီးများ၏ ပမာဏမှာ ကြောက်မက်ကောင်းသည်ဟုလည်း ၎င်းက ပြောသည်။

"ဒီနှစ်တောမီးတွေရဲ့ ရိုက်ခတ်မှုက ဆုံးရှုံးမှုအရ ၁၉၉၇ခုနှစ်ကလို ဆိုးဝါးလိမ့်မယ်လို့ ယုံကြည်တယ်"ဟု ၎င်းက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။ အင်ဒိုနီးရှားသည် မိုးတုများ ရွာသွန်းစေခြင်း၊   ရေဗုံးများကြဲချခြင်းတို့ဖြင့် မီးငြိမ်းသတ်ရန် ဆူမာတြားနှင့် ကာလီမန်တန်တို့တွင် စစ်သား၊ ရဲနှင့် အခြားဝန်ထမ်း ၂၀,၀၀၀ကျော်ကိုချထားသည်။ တစ်လအတွင်း မိုးများရွာသွန်းကာ မီးများကိုငြိမ်းသတ်နိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။

အင်ဒိုနီးရှားသည် ယင်းပြသနာ စတင်ခဲ့သည့် လွန်ခဲ့သည့်နှစ် ၂၀ ကတည်းက ဖြေရှင်းနိုင်ရေး အိမ်နီးချင်းနိုင်ငံများ၏ ဖိအားနှင့် ရင်ဆိုင်နေရသည်။

စင်ကာပူ၊ မလေးရှားနှင့် အင်ဒိုနီးရှားတို့မှ ပြည်သူထောင်ပေါင်းများစွာသည် မီးခိုးမြူများကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများကို ကုသရန်ကြိုးစားနေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly