အော်စကာဆု လက်ခံရင်း မျက်ရည်ကျခဲ့တဲ့ လေဒီဂါဂါ

အော်စကာဆု လက်ခံရင်း မျက်ရည်ကျခဲ့တဲ့ လေဒီဂါဂါ

ခုနှစ်ရဲ့ အော်စကာဆုပေးပွဲမှာတော့ အကောင်းဆုံး ရုပ်ရှင်သီချင်းဆုကို ဆွတ်ခူးရရှိတဲ့ လေဒီဂါဂါဟာ မျက်ရည်တွေနဲ့အတူ အော်စကာဆုကို လက်ခံယူခဲ့ပါတယ်။

တနင်္ဂနွေညချမ်းရဲ့ အော်စကာစင်မြင့်မှာ အသက် ၃၂ နှစ်ရှိ အဆိုတော်၊ သရုပ်ဆောင် လေဒီဂါဂါက A Star Is Born ရုပ်ရှင်ဇာတ်ကားက Shallow သီချင်းအတွက် အကောင်းဆုံးမူရင်းသီချင်းဆုကို ရရှိလိုက်တာပါ။

ခုနှစ်ရဲ့ အကောင်းဆုံးအမျိုးသမီး သရုပ်ဆောင်ဆုမှာပါ ဇကာတင်စာရင်းပါခဲ့တဲ့ လေဒီဂါဂါဟာ အောက်စကာ စင်မြင့်ပေါ်ကို သူနဲ့ ပူးတွဲတေးရေးဆရာတွေဖြစ်တဲ့ မတ်ရွန်ဆန်၊ အန်တိုနီရိုဆိုမန်ဒိုနဲ့ အင်ဒရူးဝိုက်တို့နဲ့အတူ တက်ရောက်ခဲ့ပါတယ်။

“ဒါဟာ အောင်မြင်မှုသက်သက်အကြောင်း မဟုတ်ပေမယ့် ဒါဟာ အရှုံးပေးခြင်းလည်း မဟုတ်ပါဘူး။”လို့ စင်မြင့်ပေါ်မှာ လေဒီဂါဂါက ပြောလိုက်ချိန်မှာတော့ ပရိသတ်ထဲက မင်းသမီး ဂျင်နီဖာဟူဆန်က ခေါင်းညိတ်လို့ ထောက်ခံရင်း လေဒီဂါဂါကို လှမ်းပြီးအားပေးလိုက်တာလည်း တွေ့ရပါတယ်။

“ကျေးဇူး အရမ်းတင်တယ်။ ဂုဏ်မြင့်မားတဲ့ ဒီအော်စကာအတွက် ကျေးဇူး၊ ကျေးဇူး အထူတင်တယ်။ ဒီအခန်းထဲ ရှိသမျှ လူတိုင်းလူတိုင်းကို ကျေးဇူးတင်ပါတယ်။”လို့ လေဒီဂါဂါက ပြောဆိုသွားခဲ့ပါတယ်။

လေဒီဂါဂါအနေနဲ့ ၂၀၁၆ အော်စကာဆုပေးပွဲတုန်းက The Hunting Ground ရုပ်ရှင်ဇာတ်ကားက Til It Happens To You သီချင်းအတွက် အကောင်းဆုံးဇာတ်ဝင်သီချင်းဆု ဇကာတင်စာရင်း ပါဝင်ခဲ့ဖူးတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly