ယူဂန်ဒါ နိုင်ငံတကာကြက်တောင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု သက်ထားသူဇာ ရွှေတံဆိပ်ရ

ယူဂန်ဒါ နိုင်ငံတကာကြက်တောင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု သက်ထားသူဇာ ရွှေတံဆိပ်ရ
ဓာတ္ပံု - VICTOR Badminton Myanmar

ဖေဖော်ဝါရီလ ၂၅ ။           ။ ယူဂန်ဒါ နိုင်ငံတကာကြက်တောင်စီးရီးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့ကြက်တောင် အားကစားသမား သက်ထားသူဇာက ပြိုင်ဘက်ဂျော်ဒန်ကစားသမား အမ်ရိုကို ဗိုလ်လုပွဲတွင်  အနိုင်ရရှိကာ ရွှေတံဆိပ်ဆု ရရှိခဲ့သည်။

ယူဂန်ဒါနိုင်ငံ၊ ကမ်ပါလာမြို့တွင် ဖေဖော်ဝါရီလ ၂၂မှ ၂၅ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး သက်ထားသူဇာက လက်ရည်စစ်ပွဲ မဝင်ရဘဲ ၃၂ ဦးအဆင့်မှ စတင်ယှဉ်ပြိုင်ရခြင်းဖြစ်သည်။ အိမ်ရှင် ယူဂန်ဒါ ကစားသမားကို ၂ ပွဲဆက် အနိုင်ရရှိခဲ့ခြင်းကြောင့် ၁၆ ဦးအဆင့်ကို တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်ကာ ဆက်လက်ပြီး ယှဉ်ပြိုင်ရာတွင် အိမ်ရှင် ယူဂန်ဒါကစားသမားကို ၂ ပွဲဆက်အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

ကွာတားဖိုင်နယ်တွင် ဇင်ဘာဘွေကစားသမား  အိုဂါဆီရမ်မူ ကို (၂၁ -၉ ) မှတ်၊ (၂၁ - ၁၃ )မှတ်  ဖြင့် အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်တွင် အီရန်ကစားသမား ဆာမင်ကို ကို(၂၁-၁၂ ) မှတ်။ ( ၂၁ - ၁၅ )ဖြင့် ၂ ပွဲဆက် အနိုင်ရရှိကာ ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့သည်။

ဗိုလ်လုပွဲတွင် ဂျော်ဒန်ကစားမား အမ်ရိုကို (၂၁-၁၄)မှတ်၊ (၂၁- ၁၂) ဖြင့် ၂ ပွဲဆက်တိုက် အနိုင်ရရှိခဲ့ခြင်း ကြောင့် ရွှေတံဆိပ် ရရှိခဲ့သည်။

အသက် ၁၉ နှစ်အရွယ် သက်ထားသူဇာအတွက် ၂၀၁၉ ခုနှစ်၏ နိုင်ငံတကာပြိုင်ပွဲတစ်ခုဖြစ်ပြီး ၂၀၁၈ခုနှစ် ဒီဇင်ဘာလအတွင်းက နေပြည်တော်တွင် ကျင်းပသည့် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် ခါးဒဏ်ရာကြောင့် ၂၁ လကျော် အနားယူခဲ့ရကာ၂၀၁၉ခုနှစ် ဇန်ဝါရီလတတိယပတ်အတွင်း ပြန်လည် လေ့ကျင့်နိုင်ခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly