အတိတ်အကြောင်းတွေ ပြန်မပြောတော့ဘူးဆိုတဲ့ အော်ရီဒူး မြန်မာအမှုဆောင်အရာရှိချုပ် သစ်

အတိတ်အကြောင်းတွေ ပြန်မပြောတော့ဘူးဆိုတဲ့ အော်ရီဒူး မြန်မာအမှုဆောင်အရာရှိချုပ် သစ်

ရန်ကုန်၊ အောက်တိုဘာ ၂။ ။ အတိတ်က အကြောင်းကိုမပြောဘဲ၊ အနာဂတ်ကိုပဲ အာရုံစိုက်သွားမည်ဟု အော်ရီဒူး မြန်မာ အမှုဆောင် အရာရှိချုပ် အသစ်ဖြစ်သ ူရီနီးမီဇာက ပြောသည်။ အော်ရီဒူးမြန်မာသည် လက်ရှိအချိန်တွင် လူဦးရေ၏ ၇၁ရာခိုင်နှုန်းတွင် သူတို့၏ ဆင်းကဒ်ပျံ့နှံ့နေပြီး အခုနှစ်ကုန်လျင် လူဦးရေ ၉၀ရာခိုင်နှုန်းကို လွှမ်းခြုံနိုင်အောင် ပြုလုပ်သွားမယ်လို့ အမှုဆောင်အရာရှိချုပ်သစ် သူတို့အနာဂတ်ဈေးကွက်အတွက် ပြောဆိုသည်။

“အတိတ်ကအကြောင်းကိုမပြောချင်ဘူး၊ အနာဂတ်ကိုပဲအာရုံစိုက်ထားတယ် အနာဂတ်ကိုပဲ ပြောင်းလဲနိုင်တယ်၊ အတိတ်က အကြောင်းတွေကိုမပြောင်းလဲနိုင်ဘူး၊ ဒါကြောင့် ရှေ့အနာဂတ်အတွက် စဉ်းစားကြပါ”ဟု သူကဆိုသည်။ သူ့မတိုင်ခင်တုန်းက အူရီဒူးအနေနဲ့ ဈေးကွက်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေမှာ ဘယ်လိုမျိုးအမှားတွေနဲ့ လေ့လာ ဆန်းစစ်မှုတွေကို တွေ့မြင်ခဲ့ရသလဲဆိုတဲ့ မေးခွန်းအပေါ်ကို ပြန်ပြီးဖြေကြားခြင်းဖြစ်သည်။

အူရီဒူးအနေနဲ့ အချိန် တစ်နှစ်ကျော်ကာလထဲမှာ မြန်မာနိုင်ငံတွင်း စုစုပေါင်းရင်း နှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာ ၁.၄ဘီလျံ ကျော်လာပြီဖြစ်သည်။ လက်ရှိအချိန်အထိ အူရီဒူးသည် ဆက်သွယ်ရေး တာဝါတိုင်ပေါင်း ၂၅၀၀ ခန့် တည်ဆောက်ထားပြီး နှစ်အကုန်တွင် ၃၀၀၀ ကျော် တည်ဆောက်မည်ဟု ဆိုသည်။

“ဈေးကွက် အပြောင်းအလ ဲပထမတစ်ခုက အရောင်းဌာနတွေကို တိုးချဲ့ဖို့ဖြစ်ပါတယ်။ အရောင်းဆိုင်ပေါင်း ၂၀,၀၀၀ ကျော်နဲ့ စလာတာအခုဆိုရင် အခုဆိုရင် ကိုယ်စားလှယ်ဆိုင်ပေါင်း ၉၀,၀၀၀ ကျော်အထိ ရှိလာပြီဖြစ်ပါတယ်။ ပြီးတော့ မိုဘိုင်း ဟန်းဆက်တွေကလည်း ဈေးသက်သာရမှာဖြစ်ပါတယ်။ မြို့ ပြကနေ ဈေးကွက်တွေ စတင်ခဲ့တာဖြစ်ပြီး ကျေးလက်ဒေသတွေ အထိပါ ဆက်သွယ်ရေး ကွန်ရက်တွေကို တစ်ဖြည်းဖြည်းချင်း ဖြန့်ကျက်နေပါတယ်” ဟုပြောသည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းတွင် မြန်မာ့ဆက်သွယ်ရေး (MPT)နှင့်အတူ ပြည်ပရင်း နှီးမြှုပ်နှံမှု အော်ပရေတာများဖြစ်သည့် အူရီဒူး၊ တယ်လီနောတို့သည် လွန်ခဲ့သည့် တစ်နှစ်ကျော် အချိန်ကစကာ ဈေးကွက်အတွင်း အပြိုင် နေရာယူလာကြခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly