လူ့အခွင့်အရေးလှုပ်ရှားသူများကို အမှုဆင်ဖမ်းဆီးခြင်းများရပ်ရန် တစ်ကိုယ်တော် ဆန္ဒပြ

လူ့အခွင့်အရေးလှုပ်ရှားသူများကို အမှုဆင်ဖမ်းဆီးခြင်းများရပ်ရန် တစ်ကိုယ်တော် ဆန္ဒပြ

ပုသိမ်၊ဖေဖော်ဝါရီ ၂၃ ။           ။ ပုသိမ်မြို့တွင် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများကို အမှုဆင်ဖမ်းဆီးခြင်းများ ရပ်တန်ရန် အပါအဝင် သာပေါင်းမြို့နယ် တရားသူကြီး၏ လုပ်ရပ်အပေါ် အလိုမရှိကြောင်း တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်မှုတစ်ခု ပြုလုပ်ခဲ့သည်။

 “လူအခွင့်အရေးလှုပ်ရှားသူများအား အမှုဆင်ဖမ်းဆီးခြင်းများရပ်၊ သာပေါင်းမြို့နယ်တရားသူကြီးလုပ်ရပ် အလိုမရှိ၊ အကျိုးမဲ့စီမံကိန်းများဖျက်သိမ်းပေး” စသည့် ကြွေးကြော်သံများဖြင့် လူအခွင့်အရေးတက်ကြွလှုပ်ရှား သူများအဖွဲ႔မှ ဦးထွန်းထွန်းက ဖေဖော်ဝါရီလ၂၄ရက်၊နံနက်၁ဝနာရီတွင် ပုသိမ်မြို့တွင်လှည့်လည် ဆန္ဒဖော် ထုတ်ခဲ့ခြင်း ဖြစ်သည်။

 ၄င်းဆန္ဒဖော်ထုတ်မှုတွင် ကုန်သည်လမ်းနှင့်နာရီစင်ထောင့်သည် ဖြတ်သန်းမသွားရန် ဒေသန္တရအမိန် ့ ကြေငြာ ချက်အမှတ် ၆/၂၀၁၈ ဖြင့်ထုတ်ပြန်ထားသည်နေရာဖြစ်ပြီး တားမြစ်ထားသည့်နေရာဖြစ်ကြောင်း ပုသိမ်မြို့နယ် ရဲတပ်ဖွဲ႔မှူးက သတိပေးပြောကြားခဲ့သည်။

 “နိုင်ငံသားအခွင့်အရေးများနှင့်တရားဝင်ရရှိထားတဲ့ ငြိမ်ချမ်းစွာစုဝေးခွင့်နှင့် စည်းတန်းလှည့်လည်ခွင့် အပေါ်မှာ ကန် ့သတ်ချုပ်ချယ်ထားတဲ့ ဥပဒေတွေအရ ဒီနေရာကနေ႔ လှည့်ပြန်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးက ထုတ်ပြန်ထားတာပေါ့။ ငြိမ်စုစီနဲ႔ ပတ်သက်လို့ မသွားရမယ်နေရာ ၁၄နေရာရှိတယ်။ မဟာဗန္ဒုလမ်းနဲ့ ရွှေစေတီ လမ်း အဲဒီလမ်းကဖြတ်တာကို သူတို့ကတားမြစ်တာဖြစ်တယ်”ဟု ဆန္ဒဖော်ထုတ်သူ ဦးထွန်းထွန်းဦး ကပြော သည်။

လူအခွင့်အရေးတက်ကြွလှုပ်ရှားသူများအဖွဲ့မှ အတွင်းရေးမှူးဦးဘိုဘို(ခေါ်)အောင်မြတ်သူအား သာပေါင်း မြို့နယ် တရားရုံးတွင် အများပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ-၆/၁ဖြင့် တရားစွဲဆိုထားမှု နှင့်ပတ်သက်ပြီး ဆန္ဒဖော်ထုတ်ခြင်းဖြစ်သည်။
    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly