မြန်မာနိုင်ငံမှာ အသုံးစရိတ် ဒေါ်လာ ၁၀ သန်းခန့် အသုံးပြုသွားမယ်လို့ ဆို

မြန်မာနိုင်ငံမှာ အသုံးစရိတ် ဒေါ်လာ ၁၀ သန်းခန့် အသုံးပြုသွားမယ်လို့ ဆို

ဖေဖော်ဝါရီ ၂၂ ။              ။ ဟောင်ကောင်အက်ရှင်ဇာတ်ကား Line Walker 2 ဇာတ်ကားရဲ့ ၁၅ မိနစ်ခန့်စာ ပါဝင်မဲ့ ဇာတ်ဝင်ခန်း ရိုက်ကူးရေးအတွက် စုစုပေါင်း အသုံးစရိတ် ဒေါ်လာ ၁၀ သန်းခန့် အသုံးပြုသွားမယ်လို့ ဒေါ်ဆွေဇင်ထိုက်ရဲ့ သားဖြစ်သူ၊ Line Walker 2 ရဲ့ Local Project Coordinator ကိုအောင်သူရကျော်က ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၂ ရက် ည ၇ နာရီခွဲ မဇ္ဈိမရဲ့ ဆက်သွယ်မေးမြန်းချက်အရ ဒေါ်ဆွေဇင်ထိုက်ရဲ့ သားဖြစ်သူ  ကိုအောင်သူရကျော်က ဖြေဆိုထားတာပါ။

 “ ဟုတ်ကဲ့။ မြန်မာပြည်မှာ သုံးတာက ၁ဝသန်းဝန်းကျင်ပါ။ USD ပါ။ ဟုတ် ကျွန်တော်က ဒီ Project အတွက် Production Coordinator ပါ။ ကျွန်တော်က သူ့ရဲ့ မန်နေဂျာပါ။ သူရဲ့သားဆိုလည်း မမှားပါ ကျွန်တော် သူနဲ့ တစ်အိမ်ထဲပဲ နေတာ။ ဒါပေမယ့် သေချာတာတော့ ဝမ်းဘီလီယံဆိုတာတော့ လုံးဝ မဖြစ်နိုင်ဘူး သူမှားပြောတာ ဖြစ်တယ်။ ဒါပေမယ့် မြန်မာပြည်မှာ သုံးထားတာ ဆယ်သန်းဝန်းကျင် ဖြစ်တယ်” လို့ ပြောပါတယ်။

“ အဲထဲက ရာခိုင်နှုန်းအချို့ဟာ ဟောင်ကောင် Chamber of commerce ဒါပေမယ့် အခု အစ်မရာ ကျွန်တော် စာချုပ်ကို သွားကြည့်တယ်။ ကျွန်တော့်မှာ စာချုပ်ရှိတဲ့အတွက် စာချုပ်ကို သွားကြည့်တော့ အစ်မကို Details ပြောလို့ ရမလားဆိုပြီး သွားကြည့်တယ် ဒါပေမယ့် တစ်ချို့ဟာတွေမှာ ကျွန်တော် ပြောလို့ မရတဲ့ အရာတွေ ရှိနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ ငွေကြေး Amount ဆိုတဲ့ အတွက် ဒါပေမယ့် ဒီ မြန်မာပြည်မှာ သုံးထားတဲ့ ငွေကြေး Amount ကို ကျွန်တော်က အဲထဲကနေ အချိုးချတယ်။ သူရဲ့ Total အသုံးစရိတ် Spain အသုံးစရိတ်တွေ ဘာတွေ ကျန်တယ်။ ကျွန်တော် ခန့်မှန်းချေ ပြောနိုင်တာ ဆယ်သန်းဝန်းကျင်ပေါ့နော်။ Confirm ဖြစ်ပါတယ်။ မြန်မာပြည်မှာ ရိုက်မယ့် Scene အားလုံးအတွက် သုံးမှာနော်။ ဆိုလိုတာက သူတို့ရဲ့ အသက်အာမခံကြေးတွေ အပါ ကျွန်တော် ပြောချင်တာက အခြားဟော်တယ် တည်းခိုစရိတ်တွေ ဗီဇာ Process တွေ၊ ဟောင်ကောင်ကုန်သည်ကြီးများအသင်းကို သူတို့ သွင်းရတဲ့ဝင်ငွေတွေ မြန်မာပြည်ကို အခွန်ပေးရတဲ့ ဝင်ငွေတွေ အားလုံး၊ အားလုံးသော အသုံးစရိတ်က ဆယ်သန်းဝန်းကျင်ပါ” လို့ ဒေါ်ဆွေဇင်ထိုက်ရဲ့ သားဖြစ်သူ ကိုအောင်သူရကျော်က ပြောပါတယ်။

တရုတ်နိုင်ငံ၊ ဟောင်ကောင်မြို့က Shaw Brothers ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထုတ်လုပ်သွားမည့့်် ဟောင်ကောင်အက်ရှင်ဇာတ်ကား Line Walker 2 ရဲ့ ဇာတ်ဝင်ခန်းအချို့ကို ဖေဖော်ဝါရီလ ၁၇ ရက်က စတင်ပြီး ရန်ကုန်မြို့မှာ ရိုက်ကူးနေတာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly