သွိုင်းရွိုက်ရောဂါအကြောင်း သိကောင်းစရာ - အပိုင်း ( ၄ )

By မျိုးသန့်(မဇ္စျိမ)
22 February 2019
သွိုင်းရွိုက်ရောဂါအကြောင်း သိကောင်းစရာ - အပိုင်း ( ၄ )

4R Health Talk အစီအစဉ်ကနေ ကြိုဆိုပါတယ်ခင်ဗျာ။ ကျွန်တော်တို့ ဆက်လက်ဆွေးနွေးသွားမှာကတော့ အထူးသဖြင့်  သွိုင်းရွိုက် ဟော်မုန်း ရောဂါနဲ့ ပတ်သက်ပြီးတော့ အဲဒီရောဂါဌာနရဲ့ ပါမောက္ခဌာနမူး ဖြစ်တဲ့ ဆရာမ ဒေါ်ခင်စောသန်းနဲ့ ဆွေးနွေးတဲ့အခါ ဆေးကိုဘယ်လို သောက်ရမလဲ၊ ဆီးချိုရောဂါ ဘာကြောင့်ဖြစ်တာလဲ ဆိုတာကို ဆွေးနွေးထားပါတယ်။

မေး။ ။ ဆေးသောက်ရဖို့အတွက် ခုနဆရာမကြီးပြောသလိုဆို အနဲဆုံးတော့ ကိ်ုးလ တစ်နှစ် တစ်နှစ်ခွဲပေါ့ အစရှိသည်အားဖြင့် ဒါမျိုးသောက်ရမယ်ဆိုတော့ ကျွန်တော်တို့ ပုံမှန်ဖျားနာလို့ပေါ့နော် ကိုယ်ပူလို့ ခေါင်းကိုက်လို့ အစရှိသည်အားဖြင့် ဆေးခန်းမှာဆရာဝန်နဲ့ သွားပြတယ်ဆိုလို့ရှိရင် ဆေးပေးတယ်၊ ဆေးပေးလို့ရှိရင် အစာစားပြီးမှသောက်  ဘယ်အချိန်သောက်ဆိုပြီးတော့မှ ပြောတယ်။ အဲ့ဒီတော့ ဒီသွိုင်းရွိုက်ဟော်မုန်းရောဂါ နဲတာပဲဖြစ်ဖြစ်၊ များတာပဲဖြစ်ဖြစ် ဒီပုံမှန်ဆေးသောက်နေတဲ့ လူတွေကိုရော ဆရာမကြီး ဘာပြောချင်ပါသလဲခင်ဗျား ဆေးသောက်ပုံသောက်နည်းနဲ့ ပတ်သက်ပြီးတော့ပေါ့။

ဖြေ။ ။ ဟိုက်ပါသွိုင်းရွိုက်ဖြစ်လို့ သောက်တဲ့ဆေးတွေကတော့ ရပါတယ်၊ စားတတ်ရင် ပြဿနာမရှိဘူး။ ဒါပေမယ့် ဒီဟော်မုန်းနဲလို့ ပေးရလို့ရှိရင် အယ်လ်ထရာစင် ခေါ်တဲ့ သွိုင်းရိုက်ဟော်မုန်းကို ပြန်ဖြည့်ပေးရတာပေါ့။ အဲ့ဒီ အယ်လ်ထရာစင် လို့ခေါ်တဲ့ ဆေးမျိုးလည်းရှိတယ်၊ အခုနောက်ပိုင်းမှာဆိုလို့ရှိရင် D400 ဆိုပြီးတော့ ဒီသွိုင်းရွိုက်ဟော်မုန်း ပက်သရေးရှင်း ကိုပေါ့ ၊ အဲ့ဒီလို အတုံးလေးတွေနဲ့ တစ်တုံးမှာ ၂၅ ဂရမ် ပါပါတယ်။ ဒီလိုဆေးလေးတွေကို အားဖြည့်သောက်ရတဲ့ လူတွေအတွက်ကတော့ ဂရုစိုက်ဖို့လိုတယ်။ ဆရာမတို့လည်း သေချာမှာတယ်၊ နံနက်စောစောဘာမှ အစာမစားဘဲ အစားနဲ့ ဝေးဝေး ရေများများနဲ့သောက်ပါ၊ အစားနဲ့အနဲဆုံး တစ်နာရီလောက် ခွာပြီးသောက်ပါ၊ မဟုတ်လို့ရှိရင် ဆေးရဲ့ အာနိသင်မရှိဘူး ဆိုပြီးတော့ အဲ့ဒါကတော့ မှာပေးပါတယ်။ အဲ့ဒီသွိုင်းရွိုက်ဟော်မုန်းကတော့ ဘာမှ သူ့ကြောင့်ဘေးထွက်ဆိုးကျိုးဆိုတာ ဘာမှဖြစ်လာတာမရှိဘူး၊ ဒါပေမယ့် သူကိုတော့ အချိန်ဆပြီး ညှိနှိုင်းဖို့လိုတယ် ဆရာဝန်က ညှိနှိုင်းပေးမယ် ဘာလို့ဆို များသွားတယ် လိုအပ်တာထက်များနေတယ် စောစောက ဟိုက်ပါသွိုင်းရွိုက်လက္ခဏာက ရင်တုန်လာမယ် ပိန်လာမယ် ဂဏာမငြိမ်ဖြစ်လာမယ် အိပ်မပျော်ဘူး ဖြစ်လာမယ်။ တကယ်လို့ နဲနေသေးလို့ရှိရင်တော့ စောစောက ဟိုက်ပိုသွိုင်းရွိုက်ရဲ့ လက္ခဏာတွေက မပျောက်သေးဘဲနဲ့ ကျန်နေတာတွေ သူကဖြစ်နိုင်ပါတယ်။

မေး။ ။ နောက်ထပ် ဒီသွိုင်းရွိုက်ရောဂါနဲ့ ပတ်သက်ပြီးတော့ ဆရာမ ဘာများပြောချင်ပါသေးလဲခင်ဗျာ။ သွိုင်းရွိုက်ရောဂါနဲ့ကတော့ စောစောက ဆရာမ ပြောခဲ့သလို ဆရာမတို့ရဲ့ သွိုင်းရွိုက်ရောဂါအပါအဝင် ဒီဟော်မုန်းနဲ့ ပတ်သက်ရောဂါတွေက သူက ဟော်မုန်းဓာတ်ကသွားပြီး target organ ခေါ်တဲ့ သူ့သွားရောက်တဲ့နေရာမှာ ဥပမာ နှလုံးတွေ အာရုံကြောတွေ အရိုးတွေ အကုန်လုံး အူတွေသွားပြီး ထိတာမျိုး ဆိုတဲ့အခါကျတော့ သတ်သတ်မှတ်မှတ် ရောဂါလက္ခဏာတွေတော့ တစ်ခုတည်းမရှိဘူး။ အဲ့ဒီတော့ စောစောက ဆရာမ ပြောတဲ့ ဟိုက်ပါသွိုင်းရွိုက််ဖြစ်တယ်ဆိုတဲ့လူတစ်ယောက်သည် လည်ပင်းက ကွိုက်တာ ခေါ်တဲ့ သွိုင်းရွိုက်ဂလင်း ကြီးလာခြင်း၊ တစ်ခါတစ်လေ လုံးဝမရှိဘဲနဲ့ နှလုံးမှာ နှလုံးခုန်မမှန်ခြင်း လက္ခဏာတစ်ခုတည်းနဲ့လည်း သွားပြီး ဖြစ်နိုင်တယ် အဲ့ဒါကြောင့်မို့လို့ စောစောကပြောခဲ့တဲ့ လက္ခဏာအစုလေးတွေပေါ့နော်၊ ဒီထဲကမှ စောစောကလို ရင်တုန်တာတော့ရှိတယ် ဒါပေမယ့် တစ်ချိန်ထဲမှာပဲ သူက ချွေးထွက်များနေတယ် စောစောက အပူဒဏ်မခံနိုင်ဘူး ဒါမျိုးတွေ ဖြစ်တယ်။ မျက်လုံးတွေက မသိမသာပြူးလာတာ ဒါမျိုးတွေ ရောဂါအစု လက္ခဏာအစုလေး ဆရာမစောစောက ပြောခဲ့တဲ့ လက္ခဏာ အစုလေး ပေါ်လာပြီဆိုလို့ရှိရင်တော့ နီးစပ်ရာ ဆရာဝန်နဲ့ တိုင်ပင်ပြီးတော့ ဒီသွိုင်းရွိုက်ရောဂါဖြစ်သလားဆိုတာ စောစောစီးစီးကုသမှု ခံယူဖို့ပါပဲ။ ဆရာမက စောစောက ကုသမှုခံယူပြီဆိုလည်း စနစ်တကျနဲ့  တစ်ခြားပေါ့နော် ဆေးဝါးပေါ့ ကြောငြာတယ် တစ်ခါ တစ်ချို့ဆေးက အခုဆရာမက စောစောက ပြောခဲ့သလို သောက်ဆေးသည် အကြာကြီးကုရမယ် တစ်ချို့တွေက လုံးဝပြန်ဖြစ်မယ်ဆို စိတ်ပျက်တာပေါ့ လူနာရဲ့သဘာဝ အဲ့ဒီလိုမဟုတ်ဘဲ စိတ်ရှည်လက်ရှည်နဲ့ သေချာကုသမယ် ဆိုလို့ရှိရင် အပြီးတစ်ပိုင်ပျောက်ကင်းနိုင်ပါတယ် အဲ့ဒီတော့ တတ်ကျွမ်းနာလည်တဲ့ ဆရာဝန်နဲ့ပဲ သေချာစနစ်တကျကုသပါလို့ မှာချင်ပါတယ်။

မေး။ ။ ဆီးချိုနဲ့ပတ်သက်ပြီးတော့လည်း နဲနဲလေးဖြည့်မေးချင်တယ်ဗျ၊ အဲ့ဒီတော့ ဆီးချိုဖြစ်ရခြင်းရဲ့ အဓိက အကြောင်းအရင်းက ဘာဖြစ်လို့ ဖြစ်တာလဲခင်ဗျ။

ဖြေ။ ။ ဆီးချိုးရောဂါ ဖြစ်တဲ့အကြောင်းအရင်းတွေကတော့ အများကြီးတော့ရှိတယ် ဒါပေမယ့် အဲ့ဒီထဲမှာမှ အဓိကကတော့ ဘာလို့ဆို် ကျွန်မစောစောက ပြောခဲ့တဲ့ ဗိုက်ထဲမှာရှိိတဲ့ မုန့်ချိုအိတ်ပေါ့ ပန်ကရိယ လို့ ခေါ်တဲ့ မုန့်ချိုအိတ်ကနေ အင်ဆူလင်ဓာတ်ကို ထုတ်တယ်။ အမျိုးအစား ၁ နဲ့ အမျိုးအစား ၂ ရှိတယ်၊ အမျိုးအစား ၁ ကကျတော့ အဲ့ဒီ မုန့်ချိုအိတ်မှာရှိတဲ့ ဘီတာဆဲလ်ခေါ်တဲ့ အင်ဆူလင် ထုတ်ပေးတဲ့ ဆဲလ်တွေက ပျက်စီးသွားတယ်၊ ပျက်စီးသွားတဲ့အခါကျ အင်ဆူလင်ဓာတ် မရှိသလောက် နဲတဲ့အတွက်ကြောင့် ဆီးချိုရောဂါ ဖြစ်လာတယ်။ အမျိုးအစား ၂ ဆေးချိုရောဂါ၊ ဒါပေမယ့် တစ်ပြည်လုံးအနေနဲ့ကြည့်မယ်၊ ကမ္ဘာလုံးအနေနဲ့ ကြည့်မယ်ဆို အမျိုးအစား ၁ နဲ့ ၂ ဆိုရင် ၂ က အများစုပေါ့၊ ၂ ကကျတော့ စောစောကလို အဝလွန်တယ် နေထိုင်မှုစနစ်ကြောင့်ရယ် စောစောက မျိုးရိုးကြောင့်ရယ် သူက ဘာဖြစ်လာလဲ ဆိုရင် insulin resistant လို့ ခေါ်တယ်၊ အင်ဆူလင်က ရှိတော့ရှိတယ် ရှိတဲ့အင်ဆူလင်က သွားပြီး သူ့ရဲ့ ဆဲလ်တွေထဲမှာ သွားအလုပ်လုပ်မယ့် နေရာမှာ သူလုပ်၊ အင်ဆူလင် resistant ခေါ်တယ်။ သူက သူလုပ်ချင်သလို လုပ်ဆောင်လို့မရဘူး။ အဲ့ဒီအခါကျရင် မုန့်ချိုအိတ်က အင်ဆူလင်တွေ အရမ်းထပ်ထုတ်၊ ထပ်ထုတ်လာတဲ့အခါမှာ သူကကြာလာတဲ့အခါ ခြေကုန်လက်ပန်း ကျသွားတယ်ပေါ့။ ဘီတာ ဆဲလ်လေးက ပျက်စီးလာတဲ့အခါမှာ အင်ဆူလင်က မလုံလောက်တော့ဘူး မလုံလောက်တဲ့အခါမှာ ဆီးချိုရောဂါဆိုပြီးတော့ လက္ခဏာဖြစ်လာတယ်၊ သွားပြီးတော့ အခြေခံတော့ စောစောက အဝလွန်ခြင်း အဲ့ဒီကနေတစ်ဆင့် အဆီဓာတ်တွေများပြီးတော့ insulin resistant ခေါ်တဲ့ဟာ သွားပြီးတော့ ဖြစ်တာပေါ့နော် အဲ့ဒါကြောင့်ဖြစ်တယ်။ အခုနောက်ပိုင်းမှာတော့ သီအိုရီက အင်ဆူလင်တင်မဟုတ်တော့ဘူး ဘာဖြစ်လဲဆိုတော့ ဒီဆီးချိုဖြစ်ရတဲ့နေရာမှာ ဦးခေါင်းအတွင်းမှာပေါ့နော် ဦးခေါင်းထဲမှာဆိုလည်း ဆရာမတို့ ဆိုဆိုက်ယာတီစင်တာ လို့ခေါ်တယ် အဲ့ဒါကိုက အစာကို အလွန်ပဲစားချင်လာတယ်။ အဝလွန်လာတဲ့အခါမှာသူက အထူးသဖြင့် ဒီ ကစီဓာတ်တွေကို အရမ်းစားချင်လာတယ်။ စားချင်လာတဲ့အခါမှာ ကစီဓာတ်တွေ အလွန်အကျွံစားသုံးမယ် အဲ့ဒါဆိုလို့ရှိရင်လည်း စောစောက ဆီးချိုဖြစ်လာမယ်၊ နောက်ပြီးလို့ရှိရင် ဒီဘက်က စောစောက အဝလွန်အတွက် အဆီတွေက ဟော်မုန်းဓာတ်လိုဟာမျိုးတွေပေါ့ ဟော်မုန်းတစ်မျိုးသဘောပဲသူက အဲ့ဒီလိုဟာတွေထုတ်လာတဲ့အခါမှာ စောစောကအင်ဆူလင်က သူ့အာနိသင်က မထိရောက်တော့ဘူး။ သူကသွားပြီးတော့ ပြောင်းပြန်ဆန့်ကျင်တယ်၊ အင်ဆူလင်ဓာတ်ကို သွားဆန့်ကျင်တယ်။ နောက်စောစောက ပြောခဲ့တဲ့ ဒီသွိုင်းရွိုက်ဂလင်း တအားအလွန်ပဲများတယ်။ သူကလည်း သွားပြီးတော့ အဲ့ဒီအင်ဆူလင်ကို ဆန့်ကျင်တယ်။ နောက်ပြီးတော့ ပန်ကရိယ မှာ နောက်တစ်မျိုးရှိတယ် သူ့ကို balance ချိန်းပေးထားတယ် insulin balance ချိန်းပေးထားတဲ့ ဟော်မုန်းရှိတယ်၊ အဲ့ဒီဟာတွေကလည်း အရမ်းများပြားလာမယ်။ အဲ့ဒါမျိုးဆိုလို့ရှိရင် အဲ့ဒါကြောင့် stress ပေါ့။ အခုခေတ် လူတွေရဲ့ နေထိုင်မှုတွေ ညဆို ကောင်းကောင်းမအိပ်ဘူး အိပ်ရေးပျက်ခံတယ် အဲ့ဒီချိန်မှာဆို အိပ်ရေးမဝဘူး။ ကိုယ့် good quality stay မရဘူးဆို ဘာဖြစ်လဲဆို stress hormone တွေများတယ်၊ များလာတာတွေက ဘာဖြစ်လဲဆိုတဲ့အခါ သူက အင်ဆူလင်ကို insulin resistant ဖြစ်အောင်လုပ်တဲ့အတွက် အဲ့ဒီလိုလူမျိုးတွေမှာလည်း နှလုံးရောဂါတို့ ဆီးချိုရောဂါတို့ ဒါတွေက ပိုပြီး များပြားလာတယ်။ အဲ့ဒီတော့ အဲ့ဒါတွေ ဒါကတော့ ဆရာမက ဒီရောဂါ ခန္ဓာကိုယ်ထဲမှာ ဖြစ်ပျက်နေတဲ့ဟာတွေကို ပြောပြတာပါပေါ့နော်၊ ကျောက်ကပ်ထဲမှာရှိတဲ့ ဟော်မုန်းတွေ၊ အူတွေက ထုတ်တဲ့ဟော်မုန်းတွေ အဲ့ဒါတွေ အားလုံးကလည်း သူတို့ရဲ့ နဲခြင်း များခြင်းပေါ့ ဒါတွေအားလုံးက ဒီဆီးချိုဖြစ်တဲ့နေရာမှာ လာနေတယ်၊ ဒါပေမယ့် အကုန်ခြုံပြီး လူတွေရဲ့ လုပ်နေတဲ့ဟာ ကြည့်လိုက်မယ်ဆိုရင်တော့ စောစောကလို မျိုးရိုးပါတာ ဖြစ်ရင်ဖြစ်မယ်၊ စောစောက နေထိုင်မှုစနစ်ကြောင့်ပေါ့နော်၊ အခုလို fast food တွေစားတယ်၊ ကိုယ်လက်လှုပ်ရှားမှုတွေကလည်း မလုပ်တော့ဘူး အသီးအရွက်တွေ သိပ်မစားဘူး အဆီများတဲ့ဟာတွေစားတယ် ကစီဓာတ်များတဲ့ဟာစားတယ်၊ အဲ့ဒီအခါမှာ အဝလွန်ရောဂါများလာတယ်၊  အဝလွန်ရောဂါများလာတာနဲ့အတူ တွဲပြီးတော့ ဆရာမတို့ရဲ့ ဆီးချိုရောဂါ ဖြစ်နှုန်းကလည်း ကမ္ဘာမှာရော ဆရာမတို့ရဲ့ အရှေ့တောင်အာရှ မြန်မာနိုင်ငံအပါအဝင် အလွန်များပြားလာတာဖြစ်တယ်။ အဲ့ဒီတော့ ဒီနေထိုင်မှုစနစ်ကတော့ အများကြီး ဆီးချိုရောဂါကို သက်ရောက်မှုရှိပါတယ်။   ။

သွိုင်းရွိုက်ရောဂါအကြောင်း သိကောင်းစရာ - အပိုင်း ( ၁ )  အပြည့်အစုံ - http://www.mizzimaburmese.com/article/54588

သွိုင်းရွိုက်ရောဂါအကြောင်း သိကောင်းစရာ - အပိုင်း ( ၂ )  အပြည့်အစုံ - http://www.mizzimaburmese.com/article/54648

သွိုင်းရွိုက်ရောဂါအကြောင်း သိကောင်းစရာ - အပိုင်း ( ၃ )  အပြည့်အစုံ - http://www.mizzimaburmese.com/article/54818

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly