ကျူရိုးတွေနဲ့ တည်ဆောက်ထားတဲ့ လှေ ချီလီကနေ သြစတြေးလျထိ ပင်လယ်ပြင် ခရီးသွားမည်

ကျူရိုးတွေနဲ့ တည်ဆောက်ထားတဲ့ လှေ ချီလီကနေ သြစတြေးလျထိ ပင်လယ်ပြင် ခရီးသွားမည်

ဖေဖော်ဝါရီ ၂၂ ။       ။    ချီလီမှာတော့ ကျူပင်၊ ကျူရိုးတွေနဲ့ပဲ သီးသန့် တည်ဆောက်ထားတဲ့ Viracocha lll အမည်ရ ကျူ လှေငယ်တစ်စင်းကို ပင်လယ်ပြင် ခရီး ရွက်လွှင့်စေဖို့အတွက် စီစဉ်မှုတွေ လုပ်ဆောင်နေလျက် ရှိပါတယ်။

အဆိုပါ Viracocha lll လှေ ရေချပွဲကိုတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်က ချီလီနိုင်ငံ မြောက်ပိုင်း Arica မြို့က ကမ်းခြေတစ်ခုမှာ လူရာနဲ့ချီ ပါဝင် ပြုလုပ်ခဲ့ကြပါတယ်။
ယင်း ကျူ လှေနဲ့အတူ ချီလီကနေ သြစတြေးလျအထိ ရေလမ်း ခရီးသွားဖို့ ရည်ရွယ်နေလျက် ရှိပါတယ်။

သုံးနှစ်ကြာ အချိန်ယူ တည်ဆောက်ခဲ့ရပြီး  ယင်း ကျူလှေကို ပင်လယ်တွင်း ရေချဖို့ ယခုတစ်ကြိမ်မတိုင်ခင်က အကြိမ်ကြိမ် ကြိုးပမ်းခဲ့ပေမယ့် အောင်မြင်မှု မရခဲ့ဘူးလို့ ဆိုပါတယ်။ ဒီတစ်ကြိမ်မှာတော့ ယင်းလှေကို ရေချပြီးနောက် သင်္ဘောသား ရှစ်ဦးပါ အဖွဲ့တစ်ခုက ယင်း ကျူလှေနဲ့အတူ ရေလမ်းခရီးထွက်တော့မှာဖြစ်ပါတယ်။

" လှေကို ရေထဲ ချဖို့ သံတန်းတွေ ချခဲ့ရတယ်၊ နောက်ပြီး ကြိုးနဲ့ ချည် ဆွဲပြီး ပင်လယ်ထဲ ချခဲ့ရပါတယ်၊ ဒီရေ တက်လာတာနဲ့ လှေက ပင်လယ်ထဲ ရောက်သွားပါတော့မယ်" ဆိုပြီး ချီလီ သင်္ဘောသားတစ်ဦးဖြစ်တဲ့ Munoz က ပြောပါတယ်။

ယင်း Viracocha ကိုတော့ ပင်လယ်ထဲ ရွှက်မလွှင့်ခင် ကမ်းခြေကနေ မီတာ ၂၀၀ အကွာမှာ ကျောက်ချထားမှာဖြစ်ပါတယ်။ လာမယ့် ဆယ်ရက်လောက်ကျရင်တော့ တရားဝင် ခွင့်ပြုချက်ရတာနဲ့ သြစတြေးလျဆီ ငါးလကြာ ရေလမ်းခရီးထွက်တော့မှာ ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly