ပိုးလမ်းမခါးပတ်ရပ်ဝန်းအတွက် ရှင်ကျန်ဒေသကို ခရီးသွားလုပ်ငန်းဗဟိုအဖြစ် တရုတ်အသွင်ပြောင်းမည်

ပိုးလမ်းမခါးပတ်ရပ်ဝန်းအတွက် ရှင်ကျန်ဒေသကို ခရီးသွားလုပ်ငန်းဗဟိုအဖြစ် တရုတ်အသွင်ပြောင်းမည်

တာပန်(တရုတ်) ။          ။ ဟာဂျာဟန်နှင့် သူမ၏မိသားစုသည် လွန်ခဲ့သည့် တစ်နှစ်ကအထိ အသက်မွေးဝမ်းကျောင်းမှုအတွက် စပျစ်စိုက်ပျိုးခဲ့သော်လည်း ယခုအခါ ရှင်ကျန်၏အရှေ့ဘက် တာပန်ရှိ ၎င်း၏နေအိမ်ကို နုန်ကျားလော်(nongjiale) တစ်ခုအဖြစ်သို့ ပြောင်းလဲလိုက်သည်။ ယင်းဝေါဟာရမှာ တရုတ်ဘာသာဖြင့် ခရီးသွားလယ်တောအိမ်ဖြစ်သည်။ ယင်းအိမ်တွင် ခရီးသွားများအတွက် နေစရာနှင့် စားစရာများ ရရှိနိုင်သည်။

"ကျမတို့ခရီးသွားလယ်တောအိမ်လုပ်ငန်းစတော့ ကျမတို့ရဲ့ဝင်ငွေက တစ်နှစ်ကို နောက်ထပ် ယွမ် ၁၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁,၅၇၀)လောက်အထိ တိုးတက်လာပါတယ်။ အဲဒီငွေကို ကျမတို့ရဲ့မီးဖိုနဲ့ အခန်းတွေကို မွမ်းမံဖို့ အသုံးပြုပါတယ်။ ကျမတို့ပိုပြီးအဆင်ပြေလာတာပေါ့"ဟု ၎င်းကပြောသည်။ ၎င်းတို့အိမ်အနီးဝန်းကျင်ကို ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရန် သတ်မှတ်ပြီးနောက် ဟာဂျာဟန်တို့၏ လုပ်ငန်းပေါ် လာခြင်းဖြစ်သည်။ နေရာမှာ ကျောင်ဟေ ရှေးဟောင်းမြို့တော်နှင့် Flaming Mountains တို့ကဲ့သို့ တာပန်၏ လူကြိုက်များလှသည့် ခရီးသွားနေရာများမှ မိနစ်အနည်းငယ် ကားမောင်း ရုံဖြင့် ရောက်သည်။

တာပန်သည် နွေရာသီတွင် အပူချိန် ၅၀ဒီဂရီစင်တီဂရိတ်အထိရောက်ရှိပြီး တရုတ်တွင် အပူဆုံးနေရာတစ်ခုဖြစ်သော်လည်း ရှေးဟောင်းပိုးလမ်းမတစ်လျှောက် အရေးပါသည့် ရပ်နားရာနေရာဖြစ် သည်။

ဒေသခံအရာရှိများ၏ ပြောကြားချက်အရ ခရီးသည် ငါးသန်းနီးပါးခန့်ရှေးဟောင်းမြို့တော်သို့ နှစ်စဉ်လာရောက်သည်ဟု သိရသည်။ သို့သော်လည်း တာပန်သည် ဝီဂါကဲ့သို့ လူနည်းစုအမျိုးမျိုးနေထိုင်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်သည့် ရှင်ကျန်၏ အစိတ်အပိုင်းများရှိ ဆူပူမှုများ၏ သက်ရောက်မှုကို ခံစားနေရဆဲဖြစ်သည်။ ၂၀၁၃ခုနှစ်က ယင်းဒေသရှိ မြို့နယ်တစ်ခုတွင် အကြမ်းဖက်တိုက်ခိုက်မှု တစ်ခုကြောင့် လူ၃၅ ဦၤးသေဆုံးခဲ့သည်။ လွန်ခဲ့သည့်နှစ်က ရှန်ကျန်၏ မြို့တော်အူရမ်ချိတွင် ဗုံးများ၊ ဓါးများဖြင့်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။

ထို့ကြောင့် ခရီးသွားလုပ်ငန်းဆောင်ရွက်သူများအနေဖြင့် ခရီးသွားများရောက်လာစေရေး ကြိုးပမ်းလုပ်ဆောင်နေရသည်။ သို့သော်လည်း ယခုနှစ်ခရီးသွားလာရောက်မှုမှာ ရှင်ကျန်တွင် မငြိမ်သက်မှုများရှိနေ သည့်တိုင် လွန်ခဲ့သည့်နှစ်ကထက် ၁၀ ရာခိုင်နှုန်းမြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။

တရုတ်အတွက် မတည်ငြိမ်သော ရှင်ကျန်ဒေသ တည်ငြိမ်ရေးမှာ စီးပွားရေးဖွံ့ဖြိုးရေးမှာ သော့ချက်ကျနေပြီး လုပ်အားကဲ ခရီးသွားလုပ်ငန်းက ဒေသခံများအတွက် အလုပ်အကိုင်များစွာရရှိရေး အလားအလားကောင်းနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly