အမေရိကန်စစ်စခန်း နေရာပြောင်းရွှေ့မှာနဲ့ ပတ်သက်ပြီး ဂျပန်မှာ ဆန့်ကျင်ဆန္ဒပြ

အမေရိကန်စစ်စခန်း နေရာပြောင်းရွှေ့မှာနဲ့ ပတ်သက်ပြီး ဂျပန်မှာ ဆန့်ကျင်ဆန္ဒပြ

တိုကျို၊ ဖေဖော်ဝါရီ ၂၂ ။         ။    ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းမှာ အငြင်းပွားဖွယ် အမေရိကန်စစ်စခန်း နေရာပြောင်းရွှေ့မှုနဲ့ ပတ်သက််ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုအပြင်ဖက််မှာ အသက်ကြီးပိုင်း ဒေသခံတွေက ကန့်ကွက်ဆန္ဒပြကြပါတယ်။

အိုကီနာဝါကျွန်းရဲ့ အစွန်အဖျားဆီ အမေရိကန်စစ်စခန်းကို နေရာပြောင်းရွှေ့မှုကို မဲဆန္ဒခံယူပွဲ ကျင်းပဖို့ ရှိနေချိန်မှာ ခုလို ကန့်ကွက်တဲ့ လှုပ််ရှားမှုတွေ စတင််လာတာပဲ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ ဖူတန်မာ လေတပ်စခန်း နေရာပြောင်းရွှေ့မှာကို အိုကီနာဝါအုပ်ချုပ်ရေးမှူး ဒန်နီတာမာကီရဲ့ စည်းရုံးလှုံ့ဆော်မှုနဲ့ ဖေဖော်ဝါရီ ၂၄ ရက်မှာ မဲဆန္ဒခံယူပွဲ ကျင်းပဖို့ ရှိပါတယ်။

လက်ရှိမှာ ဖူတန်မာလေတပ်စခန်းဟာ ကျွန်းတောင်ပိုင်း လူနေထူထပ်ရာမှာ ရှိနေတာ ဖြစ်ပြီး ဒေသခံပြည်သူတွေနဲ့ ပွတ်တိုက်မှုတွေ၊ အချင်းများမှုတွေ ဖြစ််နေတဲ့ စစ််စခန်းတစ်ခုပဲ ဖြစ်ပါတယ်။

ခုလို ရေရှည်တင်းမာမှုတွေ ဖြစ်နေတာကို ဖြေရှင်းရေးအတွက် အဲဒီစစ်စခန်းကို ကမ်းရိုးတန်းဒေသဆီ ရွှေ့ပြောင်းဖို့ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအစိုးရက စီစဉ်လာခဲ့တာပါ။

ဒါပေမယ့် ဒေသခံတွေဟာ အခုလို လုပ်ဆောင်တာကို ကန့်ကွက်ပြီး ဒီ အမေရိကန်စစ်စခန်းကို ကျွန်းပေါ်မှာ လုံးလုံးလျားလျား မထားချင်ကြတာပဲ ဖြစ်ပါတယ်။ အမေရိကန်စစ်စခန််းတွေကို နိုင်ငံတွင်းမှာ အခြေစိုက်စေခဲ့အခါမှာ အိုကီနာဝါကျွန်းက မမျှတတဲ့ ဝန်ထုပ်ကို ထမ်းနေရတယ်လို့ ဒေသခံတွေက ငြင်းဆန်နေကြတာပါ။

အိုကီနာဝါကျွန်းဟာ ဂျပန်ကုန်းမြေစုစုပေါင်းရဲ့ တစ်ရာခိုင်နှုန်း ပြည့်တောင်အောင် မရှိတဲ့ ကျွန်းနယ်မြေဖြစ်ပေမယ့် ဂျပန်နိုင်ငံမှာ တပ်ချထားတဲ့ အမေရိကန်စစ်သား၊ စစ်မှုထမ်းအင်အား ၄၇၀၀၀ ခန့်ရဲ့ ထက်ဝက်ကျော်မကကို ထမ်းပိုးထားရတဲ့ ဒေသပဲ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly