နိုင်ဂျီးရီးယားမှာ လက်နက်ကိုင်တိုက်ခိုက်မှု ဖြစ်ပြီး လူ ၁၃၀ ကျော် သေဆုံး

နိုင်ဂျီးရီးယားမှာ လက်နက်ကိုင်တိုက်ခိုက်မှု ဖြစ်ပြီး လူ ၁၃၀ ကျော် သေဆုံး

အဘူဂျာ၊ ဖေဖော်ဝါရီ ၂၁ ။            ။ နိုင်ဂျီးရီးယား အနောက်မြောက်ပိုင်းက ကျေးရွာတွေကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ လက်နက်ကိုင်တွေ တိုက်ခိုက်တာကြောင့် သေဆုံးသူဦးရေဟာ အစောပိုင်းက ထုတ်ပြန်ထားတာထက် နှစ်ဆကျော် ပိုများခဲ့ပြီး ၁၃၀ ကျော်အထိ သေဆုံးကြောင်း ကာဒူနာပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

“နောက်ဆုံးသတင်းအစီရင်ခံစာ ကျွန်တော်တို့ ရရှိထားရာမှာတော့ လူပေါင်း ၁၃၀ ကျော် သတ်ဖြတ်ခံရတယ်ဆိုတာ သိရတယ်။ အသတ်ခံရသူဟာ အစောပိုင်းက ထုတ်ပြန်သလို ၆၆ ဦး မဟုတ်ပါဘူး။”လို့ အဘူဂျာမြို့မှာ စစ်တပ်နဲ့ လုံခြုံရေးခေါင်းဆောင်တွေနဲ့ စည်းဝေးပွဲအပြီးမှာ အုပ်ချုပ်ရေးမှူး အယ်ရူဖိုင်က ပြောခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကြီးအတွင်း ဒဏ်ရာရသူတွေကိုလည်း ဆေးရုံတွေမှာ ကုသပေးလျက် ရှိနေပါတယ်။

သမ္မတ မူဟမ်မာဒူဘူဟာရီနဲ့အတူ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုဖို့ ဖိတ်ကြားခံရတဲ့ အယ်ရူဖိုင်ဟာ ပြီးခဲ့တဲ့ သောကြာနေ့က သေဆုံးသူစာရင်း ကြေညာခဲ့တာနဲ့ ပတ်သက်ပြီးလည်း ဝေဖန်ခံခဲ့ရပါတယ်။ ရွေးကောက်ပွဲနေ့ အကြိုနေ့မှာ ဖြစ်ပွားခဲ့တဲ့ ဒီ သတ်ဖြတ်မှုကြီးကြောင့် ရွေးကောက်ပွဲကိုလည်း လာမယ့်စနေနေ့မှာ ကျင်းပဖို့ ရွှေ့ဆိုင်းလိုက်ရပါတယ်။

တိုင်းရင်းသားလူမျိုးစုအရေးနဲ့ ဘာသာရေး တင်းမာမှုတွေကြောင့် တည်ငြိမ်မှု ကင်းမဲ့တဲ့ အဓိကနယ်မြေဖြစ်တဲ့ ကာဒူနာပြည်နယ် ကာဂျူရူအရပ်က ကျေးရွာရှစ်ရွာမှာ သေဆုံးသူ ရုပ်အလောင်းတွေကို တွေ့ရှိရပါတယ်။

ကုန်လွန်ခဲ့တဲ့ သုံးနှစ်အတွင်းမှာ ဖူလာနီမွတ်စလင်တွေရဲ့ တိုက်ခိုက်မှုတွေ ပြန်လည်ခေါင်းထောင်ထလာခဲ့ကြောင်း ဒီနယ်မြေဒေသမှာ အများစုဖြစ်တဲ့ တိုင်းရင်းသား ခရစ္စယာန်အဒါရာအသိုက်အဝန်းမှ ကိုယ်စားပြုသူတစ်ဦးက အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။

ဒုတိယမြောက် သက်တမ်းအတွက် ဝင်ရောက်ရွေးကောက်ခံရရင် ဆန္ဒရှိနေတဲ့ သမ္မတ ဘူဟာရီအတွက်လည်း နိုင်ငံတစ်လွှားမှာ လုံခြုံရေးစိန်ခေါ်မှုတွေကို ရင်ဆိုင်နေရလျက် ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly