ကန်တော်ကြီးဥယျာဉ်အပါအဝင် ပန်းခြံသုံးခု၌ လမ်းလျှောက် သင်္ကြန် ပြုလုပ်မည်

ကန်တော်ကြီးဥယျာဉ်အပါအဝင် ပန်းခြံသုံးခု၌ လမ်းလျှောက် သင်္ကြန် ပြုလုပ်မည်
photo-thura

ရန်ကုန််၊ဖေဖော်ဝါရီ  ၂၁ ။             ။ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကာ ကန်တော်ကြီးဥယျာဉ်အပါအဝင် မဟာဗန္ဓုလပန်းခြံနှင့် ဦးဥတ္တမပန်းခြံများ၌ လမ်းလျှောက် သင်္ကြန်ပြုလုပ်သွားမည်ဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

"အဲဒီလမ်းလျှောက်သင်္ကြန်က မနှစ်တုန်းက အတိုင်းပဲ။ ကန်တော်ကြီးထဲမှာ တစ်ခု၊မဟာဗန္ဓုလပန်းခြံရယ်၊ ဦးဥတ္တမ ပန်းခြံရယ်မှာ လုပ်ဖို့ စီစဉ်ထားတယ်။မနှစ်ကအတိုင်းပဲ" ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ ကော်မတီဝင်-၄ ဖြစ်သူ ဒေါ်မေမေသွယ်က ပြောသည်။

ရန်ကုန်မြို့တွင် ဒုတိယအကြိမ်မြောက် လမ်းလျှောက်သင်္ကြန်ကျင်းပနိုင်ရန် ကိစ္စနှင့် ပတ်သက်၍ တခြားနေရာ များတွင်ပါ လမ်းလျှောက်သင်္ကြန်ပြုလုပ်လိုကြောင်း လာရောက်လျှောက်ထားပါက ခွင့်ပြုရန် လက်ခံစဉ်းစား မည်ဖြစ်ကြောင်း လက်ရှိအချိန်အထိ လျှောက်ထားသူမရှိသေးကြောင်း သိရသည်။

"တခြားနေရာတွေလုပ်ဖို့ကတော့ မရှိသေးဘူး။  အန်တီတို့ကို အခုချိန် လုပ်ချင်တယ်ဆိုပြီးလာ လျှောက်တာ မရှိသေးဘူး။ အဲ့တော့ အရင် မနှစ်ကနေရာပဲ စီစဉ်ထားတယ်" ဟု ဒေါ်မေမေသွယ်က ဆိုသည်။

ရန်ကုန်မြို့ လမ်းလျှောက်သင်္ကြန်ကို သင်္ကြန်အကြိုနေ့မှစတင်ကာ သင်္ကြန်အကျနေ့၊သင်္ကြန်အကြတ်နေ့နှင့် သင်္ကြန်အတက်နေ့အထိ လေးရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

၂၀၁၈ခုနှစ်က ပြုလုပ်ခဲ့သော ရန်ကုန်မြို့လမ်းလျှောက်သင်္ကြန် ကျင်းပသည့် နေရာများတွင် စတုဒိသာများ ကျွေးမွေးခြင်း ကုမ္ပဏီအဖွဲ့အစည်းများ၊ အလှူရှင်များ ကစတုဒိသာများ ပြုလုပ်ကျွေးမွေးခြင်းများ ပြုလုပ်ခဲ့သလို ဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကားစွာ ကျင်းပခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly