ငရုပ်ကောင်းမြို့နယ်တွင် မြေယာလျှောက်ထားမှုအတွက် စိုးရိမ်မှုများရှိနေ

ငရုပ်ကောင်းမြို့နယ်တွင် မြေယာလျှောက်ထားမှုအတွက် စိုးရိမ်မှုများရှိနေ

ပုသိမ်၊ဖေဖော်ဝါရီ ၂၁ ။        ။ ငရုပ်ကောင်းမြို့နယ်တွင် ကျေးရွာများမှ ဒေသခံများမြေယာများ လျှောက်ထားမှုနှင့်ပတ်သက်၍ စိုးရိမ်းမှုများရှိနေကြောင်း တိုင်းအစိုးရနှင့်တွေ႕ဆုံပွဲတွင် ဒေသခံများက ပြောဆိုခဲ့ကြသည်။

“အဓိက မြေယာ၊ ကျွန်မတို႔ ကမ်းခြေအားလုံးမှာဖြစ်နေတယ်။မြေယာ ပြဿနာပေါ့။မြေလွတ်မြေရိုင်းနဲ ့ လျှောက်မယ်ဆိုရင် အဲဒီသတင်းအချက်အလက်အားလုံးကို ရပ်ရွာလူထုကမသိနေဘူးပေါ့နော့။ မြေယာကို ဘယ်လိုတင်ရမလည်းပေါ့နော်။ ရွာပေါ်မှာဆိုရင်လည်း မြေလွတ်မြေရိုင်းနဲ႔ တင်ရလား မသိနေဘူးပေါ့နော့။ လာတဲ့ ဌာနဆိုင်ရာတွေက ပြောပေးစေချင်တယ် ”ဟု နံသာပုကျေးရွာမှ ဒေသခံ ဒေါ်နန်းချိုပြုံးက ပြောသည်။

ကြွေချိုင့်ကျေးရွာတွင် မြေယာလျှောက်ထားမှုနှင့်ပတ်သက်၍ ဖေဖော်ဝါရီလအတွင်း တိုင်းအစိုးရနှင့် လူထုတွေ႔ ဆုံပွဲပြုလုပ်ခဲ့ပြီး ဒေသခံများက မြေယာလျှောက်ထားမှုများအတွက် အစိုးရအဖွဲ့ဝင်များကို မေးမြန်းခဲ့ကြသည်။

“မိရိုးဖလာစိုက်ပျိုးခဲ့တယ်။ ဥယျာဉ်ခြံမြေတွေကို မြေယာဥပဒေနဲ႔အညီခိုင်ခိုင်မာမာလျှောက်ထား လိုတယ်။ ရပ်ကျေးမှာရှိနေတဲ့ အုပ်ချုပ်ရေးမှူးတွေနဲ ့မြို့နယ်မှာရှိနေတဲ့ မြေယာနဲ ့ပတ်သက်တဲ့တာဝန်ရှိပုဂ္ဂိုလ်တွေ ဒီဟာနဲ႔ ပတ်သက်ပြီး အချိန်မီ ဒေသခံတွေလိုအပ်ချက်ကို အချိန်မီ ဖြည့်တင်းပေးဖို့တော့ လိုအပ်တယ်။ ဒါကိုမရဘူးဆိုရင် နောက်ကွယ်မှာ ဆုံးရှုံးမလားဆိုတာ စိုးရိမ်မှုတွေရှိနေတယ်”ဟု ငပုတောမြို့နယ်၊ စပါးကြီးကျေးရွာမှ ဒေသခံ ဦးစန်းမြင့်က ပြောသည်။

မြေလွတ်မြေရိုင်းများကို ယခုအခါ တိုင်းအစိုးရက ဧက၃ဝဝအထိ ခွင့်ပြုပေးနိုင်ကြောင်း မြေလွတ်မြေရိုင်း လျှောက်ထားရာတွင်  စိုက်ပျိုးရေးလုပ်ငန်း၊မွေးမြူးရေးလုပ်ငန်း၊ဓါတ်သတ္တုတူးဖော်ရေးလုပ်ငန်းနှင့် အစိုးရက ခွင့်ပြုထားသည့် တခြားလုပ်ငန်းများအတွက် လျှောက်ထားနိုင်ကြောင်း သိရှိရသည်။ငရုပ်ကောင်းမြို့နယ်ခွဲတွင် မြေလွတ်မြေရိုင်းဧက တစ်သိန်းကျော်ရှိကြောင်းသိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly