တန်ဖိုးကြီး ခေါက်ချိုး စမတ်ဖုန်းတစ်မျိုးကို Samsung ထုတ်ဖော်

တန်ဖိုးကြီး ခေါက်ချိုး စမတ်ဖုန်းတစ်မျိုးကို Samsung ထုတ်ဖော်

ဖေဖော်ဝါရီ ၂၁  ။      ။   ကျဆင်းနေတဲ့ စမတ်ဖုန်းစျေးကွက်ထဲမှာ ဝယ်လိုအားပြန်တက်အောင် ကြိုးပမ်းတဲ့အနေနဲ့ ခေါက်ချိုးလို့ရတဲ့ စမတ်ဖုန်းတစ်မျိုးကို Samsung က ထုတ်ဖော်သွားခဲ့ပါတယ်။

San Francisco မှာ ပြုလုပ်တဲ့ အခမ်းအနားတစ်ခုမှာ တောင်ကိုရီးယားကုမ္ပဏီက ထုတ်ဖော်ခဲ့တဲ့ Galaxy Fold ဆိုတဲ့ ယင်း device မှာတော့ ၄ ဒသမ ၆ လက်မ display ပါ စမတ်ဖုန်းတစ်လုံးလိုမျိုး သုံးနိုင်ပြီး ယင်းကို ဖြန့်ထုတ်လိုက်မယ်ဆိုရင်တော့ ၇ ဒသမ ၃ လက်မရှိ တက်ဘလက်တစ်ခု ဖြစ်သွားမှာ ဖြစ်ပါတယ်။

ယခုလို စမတ်ဖုန်းသစ် ထုတ်ဖော်ခြင်းကတော့ Apple Inc နဲ့ အခြား တရုတ်ပြိုင်ဘက်တွေအပေါ် ပိုမို ယှဉ်ပြိုင်အသာရနိုင်ဖို့ တောင်ကိုရီးယားကုမ္ပဏီဘက်က နောက်ထပ် ကြိုးပမ်းမှုတစ်ရပ်လည်း ဖြစ်ပါတယ်။

ယခု ထုတ်ဖော်လိုက်တဲ့ Galaxy Fold ဖုန်းကတော့ လာမယ့် ဧပြီလ ၂၆ မှာ စတင်ရောင်းချပေးမှာဖြစ်ပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ၁,၉၈၀ ထိ ကျသင့်မယ်လို့ သိရပါတယ်။

ဒါ့အပြင် ယင်းဖုန်းမှာတော့ နည်းပညာအသစ်၊ ပိုမိုမြန်ဆန်မယ့် 5G မိုဘိုင်း networks လည်း ပါဝင်မယ်လို့ ဆိုပါတယ်။

ဒီ ပစ္စည်းက ကျွန်တော်တို့အပေါ် သံသယနဲ့ ကြည့်နေသူတွေကို ပေးလိုက်တဲ့ အဖြေတစ်ခုပါပဲ၊ သူတို့ရဲ့ အမြင်တွေမှားတယ်ဆိုတာကို သက်သေပြဖို့ ကျွန်တော်တို့ ဒီမှာ ရှိနေတာပါ" ဆိုပြီး Samsung Electronics ရဲ့ အမှုဆောင်အရာရှိချုပ် DJ Koh က ယင်းအခမ်းအနားမှာ ပြောကြားသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly