မျိုးသုဉ်းသွားပြီဟု ယူဆခဲ့ကြသည့် ဧရာမလိပ်ကြီးတစ်ကောင်အား အီကွေဒေါကျွန်းတွင် ပြန်လည်တွေ့ရှိ

မျိုးသုဉ်းသွားပြီဟု ယူဆခဲ့ကြသည့် ဧရာမလိပ်ကြီးတစ်ကောင်အား အီကွေဒေါကျွန်းတွင် ပြန်လည်တွေ့ရှိ

ဖေဖော်ဝါရီ ၂၁ ။       ။  လွန်ခဲ့တဲ့ ရာစုနှစ်တစ်စုခန့်ကတည်းက မီးတောင်ပေါက်ကွဲမှုတွေကြားမှာ မျိုးသုဉ်းပျောက်ကွယ်သွားပြီလို့ ယူဆခဲ့ကြတဲ့ ဧရာမလိပ်ကြီးတစ်ကောင်ကို အီကွေဒေါနိုင်ငံ၊ Galapagos ကျွန်းစု၊ Fernandina ကျွန်းပေါ်မှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

Galapagos အမျိုးသားဥယျာဉ်တွင်းမှာ သက်ရှိဖွဲ့စည်းတည်ဆောက်မှုစနစ်ကို လေ့လာခဲ့ကြတဲ့ ပညာရှင်တစ်စုက အဆိုပါလိပ်ကြီးကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အဆိုပါဧရာမလိပ်ကြီးဟာ လွန်ခဲ့တဲ့ ရာစုနှစ်တစ်စုမှာ မီးတောင်ပေါက်ကွဲမှုတွေကြောင့် မျိုးသုဉ်းပျောက်ကွယ်သွားခဲ့တဲ့ Chelonoidis phantasticus လိပ်ဖြစ်နိုင်ကြောင်း ပညာရှင်တွေက ထင်မြင်ယူဆနေကြပါတယ်။

“Fernandina ကျွန်းကို ပြန်သွားကြည့်ရမယ်။ ဒီလိပ်နဲ့ မျိုးစိတ်တူတဲ့ တခြားလိပ်တွေလည်း ရှိကောင်းရှိနိုင်တယ်။”လို့ Galapagos ကျွန်းစုရဲ့ သက်ရှိဖွဲ့စည်းတည်ဆောက်မှုစနစ်အထူးပြု ဒါရိုက်တာ ဒန်နီရူတာက ပြောပါတယ်။

Giant tortoise thought to be extinct discovered in Galapagos

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly