ရှော်လ်ကေးနဲ့ပွဲကနေ သင်ခန်းစာမယူရင် ချန်ပီယံလိဂ်ဖလားအတွက် စိန်ခေါ်နိုင်မှာ မဟုတ်ပါဘူး - ဂွာဒီယိုလာ

ရှော်လ်ကေးနဲ့ပွဲကနေ သင်ခန်းစာမယူရင် ချန်ပီယံလိဂ်ဖလားအတွက် စိန်ခေါ်နိုင်မှာ မဟုတ်ပါဘူး - ဂွာဒီယိုလာ
Photos: EPA

ဂွာဒီယိုလာက ဗုဒ္ဓဟူးနေ့က မန်ချက်စတာစီးတီးအသင်းဟာ တစ်ယောက်လျော့အနေအထားနဲ့  ရှော်လ်ကေးအသင်းကို ၃-၂ ဂိုးနဲ့ အနိုင်ယူပြီး ပြန်လာနိုင်တဲ့ပွဲကနေ သင်ခန်းစာမယူရင် သူတို့အသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ဖို့အတွက် စိန်ခေါ်သွားနိုင်မှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

"ကျနော်တို့ ပထမဂိုးပေးခဲ့ရတယ်။ နောက် ဒုတိယမြောက်ဂိုးပေးခဲ့ရပြီး အနီကတ်လည်း ထိခဲ့ပါတယ်။ ဆိုတော့ ဒီလိုအဆင့်အတန်းမျိုးနဲ့ ကျနော်တို့ အခွင့်အရေးမရှိပါဘူး။ ကျနော်တို့ဟာ ချန်ပီယံလိဂ်ဆုဖလားအတတွက် တိုက်ပွဲဝင်သွားဖို့ အဆင်သင့်မဖြစ်သေးပါဘူး။"လို့ စီးတီးနည်းပြ ဂွာဒီယိုလာက ပြောပါတယ်။

"ကျနော်က VAR ကို ထောက်ခံသူဖြစ်တာကြောင့် ဒါဟာ ပင်နယ်တီပါ။ ဒုတိယဂိုးလည်း ဒီလိုပါပဲ၊ လူကျွံခဲ့တယ်။ ဒီနေရာမှာ VAR စနစ်အကြောင်း နည်းနည်းလေး စောဒကတက်တာတွေ ရှိပါတယ်။ ဒါဟာ လူကျွံဘောဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒါက ပင်နယ်တီဖြစ်ပြီး အနီကတ်ကလည်း အနီကတ်ဖြစ်နိုင်တယ်လေ။

"ကျနော်တို့ဟာ တိုးတက်ကောင်းမွန်အောင် မလုပ်ဘူးဆိုရင် ဒီပြိုင်ပွဲကနေ နောက်အဆင့်တွေဆီ သွားနိုင်မှာမဟုတ်ပါဘူး။

"နောက်ဆုံးမှာတော့ လီရွိုင်း ဆာနေးရဲ့ အရည်အသွေး၊ အီဒါဆင်ရဲ့ ဖန်းတီးမှုကို စတာလင်က ဂိုးသွားပြီး ခြားနားအောင် ပြုလုပ်နိုင်တယ်။ 

"ပွဲရလဒ်က မယုံနိုင်လောက်အောင် ကောင်းမွန်ပါတယ်။ ဒါပေမယ့် ကျနော်တို့ ပထမ ပင်နယ်တီ နှစ်လုံးပေးခဲ့ရပြီး အနီကတ်ထိခဲ့တာကြောင့် ကျနော်တို့ဟာ ချန်ပီယံလိဂ်ဖလားအတွက် တိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်မနေသေးပါဘူး။

အဂူရိုရဲ့ အဖွင့်ဂိုးနဲ့ စီးတီးက ဦးဆောင်ခဲ့ပေမယ့် ရှော်လ်ကေးအသင်းဟာ ပထမပိုင်းမပြီးခင်မှာပဲ နာဘေး ဘန်တာလက်ရဲ့ ပင်နယ်တီဂိုး ၂ ဂိုးနဲ့ မန်စီးတီးကို ပြန်လည် ဦးဆောင်သွားခဲ့ပါတယ်။ ဒီပင်နယ်တီ ၂ ဂိုးစလုံးဟာ ကွင်းလယ်ဒိုင်ဟာ VAR ရဲ့ အကူအညီ ရယူပြီး ဆုံးဖြတ်ခဲ့တဖြစ်ပါတယ်။

စီးတီးအသင်းဟာ ပွဲချိန်နောက်ဆုံး ၅ မိနစ်အတွင်းမှာ လီရွိုင်းဆာနေးနဲ့ စတာလင်တို့ဆီက ဂိုးတွေ မရခင် နောက်ခံလူ အော်တာမန်ဒီဟာ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံရပါတယ်။ အဲဒီအချိန် ၂-၁ ဂိုးနဲ့ ရှုံးနိမ့်နေရာ ပွဲကစားချိန်ကလည်း ၂၂ မိနစ်သာ ကျန်ချိန်တာကြောင့် စီးတီးတို့ အခက်အခဲ တွေ့ခဲ့ပါတယ်။

မန်စီးတီးဟာ ၁၀ ယောက်ကျန်နဲ့ ကစားခဲ့ရပေမယ့်လည်း လူစားဝင်လာတဲ့ ဆာနေးက ပွဲပြီးဖို့ ၅ မိနစ်အလိုမှာ ဖရီးကစ်ပြစ်ဒဏ်ဘောကနေတစ်ဆင့် အသင်းဟောင်းကို ချေပဂိုး သွားခဲ့ပြီးနောက်မှာ မိနစ် ၉၀ မှာ စတာလင်က အနိုင်ဂိုးယူခဲ့တာကြောင့် ၃-၂ ဂိုးနဲ့ အဝေးကွင်းနိုင်ပွဲရရှိသွားခဲ့ပါတယ်။

“ကျနော်တို့ ပွဲအစပိုင်း မကောင်းခဲ့ပေမယ့် နိုင်ပွဲအတွက် ကျနော် ပျော်ရွှင်ပါတယ်။ အဝေးဂိုး ၃ ဂိးရတာဟာ ကောင်းမွန်ပါတယ်။”လို့ စီးတီးနည်းပြက ပြောပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly