နိုင်ငံနှင့် တပ်မတော်အပေါ်သစ္စာ၊ တာဝန်သိ စစ်သည်များ ရ၇၈၈ ဦးကို ရာထူးတိုးမြှင့်

နိုင်ငံနှင့် တပ်မတော်အပေါ်သစ္စာ၊ တာဝန်သိ စစ်သည်များ ရ၇၈၈ ဦးကို ရာထူးတိုးမြှင့်
Photo Myawady

အောက်တိုဘာ ၂ ရက် ။           ။ နိုင်ငံနှင့် တပ်မတော်အပေါ် သစ္စာရှိပြီး တာဝန်သိသိ ထမ်းဆောင်ခဲ့သည့် စစ်သည် ၇၇၈၈ ဦးအား ရာထူးတိုးမြှင့် ပေးခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၁ ရက်နေ့တွင် ရာထူးတိုးမြှင့်ပေးခဲ့ရာ တပ်သားအဆင့်မှ ဒုတိယတပ်ကြပ်အဆင့်သို့ ၁၉၂၀ ဦး၊ ဒုတိယတပ်ကြပ်အဆင့်မှ တပ်ကြပ်အဆင့်သို့ ၃၇၂၀ ဦး၊ တပ်ကြပ်အဆင့်မှ တပ်ကြပ်ကြီးအဆင့် ၂၀၃၀ ဦးနှင့် ဗိုလ်ကြီးအဆင့်မှ ယာယီတပ်ခွဲမှူး (ဗိုလ်မှူး) အဆင့် ၁၁၈ ဦး အသီးသီးဖြစ်သည်။

ရာထူးအဆင့် တိုးမြှင့်သွားသည့်စစ်သည်များအား သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အလိုက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆင့်တံဆိပ်များကို ဂုဏ်ပြုတပ်ဆင်ပေခဲ့သည်ဟုဆိုသည်။

Ref; Myawady

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly