အိုင်အက်စ်ရဲ့ နောက်ဆုံးခြေကုပ်နယ်မြေကို ကာ့ဒ်တပ်ဖွဲ့တွေ ထိုးစစ်ဆင်

အိုင်အက်စ်ရဲ့ နောက်ဆုံးခြေကုပ်နယ်မြေကို ကာ့ဒ်တပ်ဖွဲ့တွေ ထိုးစစ်ဆင်

ဒမတ်စကပ်၊ ဖေဖော်ဝါရီ ၂၁ ။           ။   စိတ်ပန်းလူပန်း ဖြစ်နေကြတဲ့ ဆီးရီးယားမိသားစုတွေဟာ နိုင်ငံရဲ့ အရှေ့ပိုင်းက အိုင်အက်စ်နောက်ဆုံး ခံတပ်မြေကနေ အင်္ဂါနေ့မှာ ထွက်ပြေးလာကြပါတယ်။

ကာ့ဒ်တပ်ဖွဲ့တွေ ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေဟာ ပိုင်နက်နယ်မြေ တစ်စစ ကျုံ့လာတဲ့ အိုင်အက်စ်တွေရဲ့ နောက်ဆုံးခြေကုပ်နယ်မြေကို ထိုးစစ်တွေ ဖွင့်လာတာကြောင့် အရပ်သားပြည်သူ ရာပေါင်းများစွာဟာ ခုလို ထွက်ပြေးလာကြတာပါပဲ။

ပြည်သူရာပေါင်းများစွာက ညအချိန်တွေမှာ ထွက်ပြေးလာကြတာဖြစ််ပေမယ့် အစွန်းရောက် အိုင််အက်စ်တွေရဲ့ နောက်ဆုံးနယ်မြေ ဘတ်ဂ်ဟို့ဇ်မှာ တိုက်ပွဲတွေကြောင့် ကောင်းကင်ထဲ မီးခိုးလုံးတွေ လွင့်တက်နေတဲ့ကြားမှာပဲ ထွက်ပြေးလာကြသူ ရာပေါင်းများစွာလည်း ရှိနေပါတယ်။

၂၀၁၄ ခုနှစ်မှာ အိုင်အက်စ်အုပ်စု ဆီးရီးယားနဲ့ အီရတ် နယ်မြေတွေကို သိမ်းပိုက်ပြီး အစ္စလာမ္မစ်နိုင်ငံတော် ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘက်ပေါင်းစုံက စစ်ရေးထိုးစစ်တွေက အိုင်အက်စ်တွေကို တစ်စစ ချွေလာခဲ့တာကြောင့် တပ်ပြိုကွဲပြီး အီရတ်နယ်စပ်မှာ နောက်ဆုံးခြေကုပ်ယူထားတာပဲ ဖြစ်ပါတယ်။

အရပ်သားတွေကို အဲဒီ နောက်ဆုံးနယ်မြေကနေ ထွက်ခွာခွင့် ရပ်တန့်ခံရပြီးနောက်မှာတော့ ဆီးရီးယားဒီမိုကရက်တစ်အင်အားစု SDF တပ်ဖွဲ့ဟာ အစွန်းရောက်အိုင်အက်စ်တွေကို နောက်ဆုံးထိုးစစ်ဖွင့်မယ်လို့ တနင်္ဂနွေနေ့မှာ ကြေညာပြီး ထိုးစစ််ဆင်နေတော့တာပါ။

တစ်စတုန်းရန်းမိုင်လောက်ပဲ ရှိတော့တဲ့ အိုင်အက်စ်တွေရဲ့ နောက်ဆုံးနယ်မြေကို ကာ့ဒ်ဦးဆောင်တဲ့ မဟာမိတ်တပ်တွေ ဖိတိုက်နေချိန်မှာ အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်တွေကလည်း စစ်လေယာဉ်တွေနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးနေတော့တာပဲ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly