ကမောဒီးယားကွင်း အနေအထားမှာ ကစားရခက်ဟု မြန်မာ ယူ ၂၂ အသင်း လက်ထောက်နည်းပြ ပြော

ကမောဒီးယားကွင်း အနေအထားမှာ ကစားရခက်ဟု မြန်မာ ယူ ၂၂ အသင်း လက်ထောက်နည်းပြ ပြော

ဖေဖော်ဝါရီလ ၂၀ ။      ။   AFF U-22 Championship 2019 ပြိုင်ပွဲ အုပ်စု (ခ)၏ ဒုတိယပွဲစဉ်အဖြစ် အိမ်ရှင် ကမေ႓ာဒီယား ယူ ၂၂ အသင်းနှင့် ယှဉ်ပြိုင်ခဲ့ရာ မြန်မာ့လက်ရွေးစင် ယူ ၂၂ အသင်းသည်  ပေးဂိုး ၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

ဖေဖော်ဝါရီလ ၂၀ ရက်၊ ကမေ႓ာဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ရှိ The National Olympic Stadium ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ခြင်း ဖြစ်သည်။

" ပထမဦးစွာ အနိုင်ရသွားတဲ့ ကမ္ဘောဒီးယားအသင်းကို ချီးကျူးပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီနေ့ပွဲ ဒိုင်ဆုံးဖြတ်ချက်တွေကိုတော့ ပြောစရာ ရှိပါတယ်။ ကွင်းနေအထားကလည်း နှစ်သင်းစလုံးအတွက် ကစားရခက်ပါတယ်။ အုပ်စုနောက်ဆုံး ပွဲဖြစ်တဲ့ မလေးရှားနဲ့ပွဲကိုလည်း အစွမ်းကုန် ယှဉ်ပြိုင် ကစားသွားမှာပါ " ဟု ပွဲအပြီးတွင် မြန်မာ ယူ ၂၂ အသင်း၏ လက်ထောက်နည်းပြ ဦးစိုးမြတ်မင်းက မီဒီယာများကို ပြောသည်။အဆိုပါ ပွဲစဉ်တွင်

မြန်မာအသင်းအနေဖြင့် ကစားကွက်ချိတ်ဆက်မှုရှိအောင် ပထမပိုင်းတစ်ပိုင်းလုံး လုပ်ဆောင်နေရသည်ကို တွေ့မြင်ရသည်။ အိမ်ရှင် ကမေ႓ာဒီးယားအသင်း၏ ကွင်းလယ်ထိန်းချုပ်မှုဖြင့် ကစားနေရကာ ပထမပိုင်းတွင် မြန်မာကစားသမား  ၂ ဦး အဝါကတ် ထိကာ ပထမပိုင်းပြီးဆုံးကာနီးအချိန်တွင် အိမ်ရှင် ကမေ႓ာဒီးယားအသင်းက ဦးဆောင်ဂိုး စတင်သွင်းယူနိုင်ခဲ့သည်။

မြန်မာလက်ရွေးစင် ယူ ၂၂ အသင်းက ဒုတိယပိုင်း ပွဲကစားစဉ်တစ်လျှောက်တွင် ကမ္ဘောဒီယားအသင်း ဘက်သို့ တိုက်စစ်ဆင်မှုများ လုပ်နိုင်ခဲ့သော်လည်း ကစားကွက် ချိတ်ဆက်မှုမရှိခြင်း၊ နောက်တန်းကစားမားများ အမှားများ ပြုလုပ်ခြင်း၊ ကစားသမား အချင်းချင်း နားလည်မှုလွဲမှားခြင်းများကြောင့် ဒုတိယပိုင်းအရောက်၌ ကမေ႓ာဒီးယားအသင်း၏ အနိုင်ဂိုးကို ထပ်မံခွင့်ပြုခဲ့ရခြင်း ဖြစ်သည်။

မြန်မာအသင်းအနေဖြင့် ဒုတိယပိုင်းတွင် ကွင်းလယ် ထိန်းချုပ်မှု ရအောင် ကစားခဲ့သော်လည်း  အဆုံးသတ် မသေချာမှုများနှင့် ကစားကွက် ချိတ်ဆက်မှု ကောင်းမွန်မှု မရှိသောကြောင့် ကမေ႓ာဒီးယားအသင်းဘက်ကို  ဂိုးသွင်းနိုင်ခြင်း မရှိဘဲ ၂ ဂိုး ၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

အဆိုပါပွဲတွင် ကွင်းလယ်ဒိုင်က အိမ်ရှင် ကမ္ဘောဒီးယားအသင်းကို အငြင်းပွားဖွယ်မျက်နှာသာပေးမှုများနှင့်အတူ ကစားရသည့် ကွင်းအနေအထားကြောင့် ယခုလိုုရလဒ်များ ထွက်ပေါ်လာသည်ဟု ပရိသတ်အချို့က လူမူကွန်ယက်တွင် ဝေဖန်ပြောဆိုနေကြသည်။

လက်ရှိတွင် အင်ဒိုနီးရှားကို သရေကစားထားပြီး ကမေ႓ာဒီးယားကို ရှုံးနိမ့်ထားသော မြန်မာ ယူ ၂၂ အသင်းအနေဖြင့် လာမည့်  ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ခြေစွမ်းကောင်းမွန်သည့် မလေးရှားအသင်းနှင့် ဆက်လက်ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။

ဖေဖော်ဝါရီလ ၁၇ ရက်မှ၂၆ ရက်နေ့အထိ ကျင်းပမည့် အာဆီယံယူချန်ပီယံရှစ်ပြိုင်ပွဲမှာ အိမ်ရှင် ကမ္ဘာဒီးယား၊ မလေးရှား၊ အင်ဒိုနီးရှားအသင်းများဖြင့်  အုပ်စု B မှာ မြန်မာအသင်း ကျရောက်နေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly