မြန်မာနိုင်ငံကို ယူကေအစိုးရမှ ကန်ဒေါ်လာ သန်း ၂၃ဝခန့် ကူညီမည်

မြန်မာနိုင်ငံကို ယူကေအစိုးရမှ ကန်ဒေါ်လာ သန်း ၂၃ဝခန့် ကူညီမည်
photo-thura

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀။             ။ ယူကေအစိုးရသည် ၂၀၁၉ခုနှစ်တွင် မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ သန်း ၂၃ဝခန့် ကူညီ သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ DFID အကြီးအကဲ Dr. Gail Marzetti က ပြောသည်။

 "လာမယ့်နှစ်တွေမှာ တိုးနိုင်မယ့် အခြေအနေလည်းရှိပါတယ်။ နှစ်အလိုက်ဆိုရင်လည်း တိုးတက်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ၂၀၁၉အနေနဲ့ မှန်းထားတာက သန်း ၂၃၀ လောက်မှန်းထားပါတယ်။ ဒါကယူကေအစိုးရ တစ်ခုလုံးရဲ့ အထောက်အပံ့အနေနဲ့ဖြစ်ပါတယ်" ဟု Dr. Gail Marzetti က ပြောသည်။

 ယူကေ နိုင်ငံတကာဖွ့ံဖြိုးရေးဌာနမှ မီဒီယာများနှင့် တွေ့ဆုံခြင်းကို ဖေဖော်ဝါရီ ၂ဝရက်တွင် UK Aid အကြီးအကဲ နေအိမ်၌ ပြုလုပ်ခဲ့ပြီး အဆိုပါပွဲတွင် ယင်းကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။

 လူမှုဖွ့ံဖြိုးရေးအတွက် ကျန်မာရေးကဏ္ဍတွင် အဓိက ပံ့ပိုးကူညီသွားမည်ဖြစ်ပြီး ပညာရေး၊ အသက်မွေးကြောင်း နှင့် လူသားချင်းစာနာထောက်ထားမှုများတွင် ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည် နယ်စသော ဒေသများသည် အထောက်အပံ့ရရှိမှု နည်းပါးနေပြီး စစ်တမ်းများအရ အဆင်းရဲဆုံးသူများသည် ယင်းဒေသများတွင် ရှိသောကြောင့် ဦးစားပေး ကူညီသွားရန်ရှိကြောင်း သိရသည်။

 မြန်မာနိုင်ငံရှိ UK aid သည် စီမံအုပ်ချုပ်မှု၊ ငြိမ်းချမ်းရေးနှင့် လူမှုအဖွဲ့အစည်း၊ အားလုံးပါဝင်သော စီးပွားရေးဖွ့ံဖြိုး တိုးတက်ရေးအဖွဲ့၊ လူစွမ်းအားအရင်းအမြစ်ဖွ့ံဖြိုးတိုးတက်မှု၊ ငတ်မွတ်မှုနှင့် ကြံ့ကြံာခံနိုင်စွမ်း စသော ကဏ္ဍ ၄ခု ကို အဓိကထားဆောင်ရွက်နေကြောင်း သိရသည်။

 ကူညီထောက်ပံ့မှုများသည် တစ်နိုင်ငံလုံးအတိုင်းအတာအရ ၇၅ရာခိုင်နှုန်း လွှမ်းခြုံမှုရှိကြောင်း အဆိုပါတွေ့ဆုံပွဲ တွင် မြန်မာနိုင်ငံဆိုင်ရာ DFID အကြီးအကဲ ကပြောသည်။

 ပြီးခဲ့သည့်နှစ်က UK သည် စီးပွားရေးနှင့် လူမှုရေးဖွ့ံဖြိုးတိုးတက်ရေးတွင် အချိန်ကြာမြင့်စွာ ဖယ်ကျဉ်ခံထားရ သော အကျိုးခံစားခွင့်မရှိသူများကို ဦးစားပေးလုပ်ငန်းများ လုပ်ဆောင်ရန် အမေရိကန်ဒေါ်လာ သန်း ၂၀၀ အ သုံးပြုခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly