နိုင်ငံတွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ ရုရှားသမ္မတပူတင် ချမှတ်

နိုင်ငံတွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ ရုရှားသမ္မတပူတင် ချမှတ်

ဖေဖော်ဝါရီ ၂၀ ။        ။    ယနေ့ဖေဖော်ဝါရီလ ၂၀ ရက်၊ ရုရှားနိုင်ငံ၊ မော်စကိုမြို့၊ ရုရှားလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ရှေ့မှောက်မှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ ရုရှားနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုလုပ်ဆောင်ရွက်သွားမယ့် လုပ်ငန်းစဉ်တွေကို ပြောကြားခဲ့ပါတယ်။

နိုင်ငံတွင်းစီးပွားရေးနဲ့ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ အထူးသဖြင့် ပညာရေးကဏ္ဍ၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍနဲ့ ကျန်းမာရေးကဏ္ဍတွေကို အလေးပေးဆောင်ရွက်သွားမှာဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြောပါတယ်။

၎င်း၏ ပထမဦးစားပေးလုပ်ငန်းစဉ်မှာ ပြည်သူလူထုအား ကာကွယ်ပေးရန်ဖြစ်ပြီး မိသားစုတွေကို ထောက်ပံ့ပေးရန်ဖြစ်ကြောင်း ရုရှားသမ္မတက ဆက်ပြောပါတယ်။

ကလေးနှစ်ယောက်နဲ့ အထက်ရှိတဲ့ မိခင်တွေအတွက် ခံစားခွင့်များလည်း ပေးအပ်သွားမယ်လို့ သိရပါတယ်။

အငြိမ်းစားဝန်ထမ်းတွေ၊ ကလေးအများကြီးရှိတဲ့ မိသားစုတွေ၊ နာမကျန်းတဲ့ အိမ်သားရှိတဲ့ မိသားစုတွေအတွက်လည်း ပင်စင်ပမာဏပိုမိုပေးအပ်သွားဖို့ ရည်ရွယ်ထားကြောင်း ၎င်းက ဆက်ပြောပါတယ်။

ရုရှားနိုင်ငံတစ်ဝန်းလုံးက မြို့နယ်တောရွာတွေအတွက် ကျန်းမာရေးဝန်ဆောင်မှုတွေကို ၂၀၂၀ နှစ်ကုန်ပိုင်းမှာ အပြီးတိုးချဲ့လုပ်ဆောင်ပေးသွားဖို့ရှိတယ်လို့ သိရပါတယ်။

ဒါအပြင် သိပ္ပံနည်းကျ နည်းပညာရပ်တွေကို အသုံးပြုကာ ရင်းနှီးမြုပ်နှံမှုတွေကို ဖိတ်ခေါ်ပြီး နိုင်ငံ့စီးပွားရေးမြှင့်တင်ရန် ရည်ရွယ်ထားကြောင်း ပူတင်က ပြောပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly